တစ်ခါမှလည်းမမြင်ဖူးမသိကျွမ်းဖူးတဲ့သူတစ်ယောက်ရဲ့ခြံထဲဝင်ထိုင်ပြီးငိုနေရမယ်လို့တစ်ခါမှမထင်မှတ်ဖူးဘူးသင်ခန်းစာယူရအောင်တင်ပေးလိုက်တာပါ
ဖုန်းဆက်လာလို့သွားကြည့်ပေးတာခြံတံခါးမကြီးကပွင့်နေလို့တွန်းဝင်သွားလိုက်တယ်ကြောက်ပေမဲ့လို့ ကယ်လို့ရရင်ကယ်ကောင်းပါတယ်ဆိုပြီး
ယောင်းတို့သူငယ်ချင်းတွေအိမ်ထဲဝင်သွားပြီးအော်ခေါ်တာဘာအသံမှမကြားရဘူးခဏကြာမှယိုင်တိုင်ယိုင်တိုင်နဲ့ဦးလေးကြီးတစ်ယောက်အိမ်တံခါးလာဖွင့်တယ်
မိသားစုဝင်တွေရှိပေမဲ့ခုချိန်မှာတော့ဦးလေးကြီးကအိမ်ကြီးထဲမှာတစ်ယောက်ထဲဖျားနေတယ်ယောင်းကိုတွေ့တော့ဦးလေးကြီးကဆရာမကျွန်တော်ဆေးရုံတက်ချင်တယ်
ဆေးရုံတက်ချင်တယ်ခဏခဏပြောတယ်ရင်ဘတ်ထဲစူးစူးပြီးအောင့်တယ်အစာအိမ်နာတယ်မောတယ်ကျွန်တော်စစ်မှူ့ထမ်းဟောင်းပါစစ်ဆေးရုံသွားလို့ရမလား
ဆရာဝန်ခေါ်ဆေးထိုးရင်ကောင်းမလား စဖြင့် အများကြီးပြောခဲ့တယ်အစွမ်းကုန်ဟိုရှာဒီရှာဟိုဆက်ဒီဆက်လုပ်ပေးခဲ့တယ်ဘာမှမရခဲ့ဘူး
ကိုယ်ကခြံထဲထိုင်ပြီးရလိုရငြားကြီုးစားပေးခဲ့တယ်ထိုင်ငိုနေရုံကလွဲပြီးဘာမှမဖြစ်လာခဲ့ဘူးဘယ်သူ့ကိုမှအပြစ်မပြောလိုတော့ပါဘူးဦးလေးကြီးရဲ့ ကံ ပေါ့😢
ဒီညနေသာဆေးကုသမူ့ခံယူရင်အောက်ဆီဂျင်ပေနိုင်ရင်အနားမှာပြုစုပေးမည့်သူရှိရင်ဦးလေးကြီးအသက်သေချာပေါက်ရှင်တယ် 😢
ဖျားတာ3ရက်မောတော့မောနေတယ်ထိုင်နိုင်တယ် ဒါပေမဲ့ဦးလေးကြီးကစိတ်အားငယ်နေတာအနားမှာဘယ်သူမှမရှိတော့
စိတ်ဓာတ်ကျနေတာရေနွေးလေးတောင်ကြိုတိုက်မည့်သူမရှိတဲ့ဘဝကူကယ်ရာမဲ့နေတာဆေးရွက်တွေလည်းဘေးအိမ်အကူညီတောင်းပြုပ်ပေးခဲ့တယ်
အစာအိမ်ဆေးပေးခဲ့တယ်ရေနွေးတစ်ဗူးချထားပေးခဲ့တယ်ဒီတစ်ညတော့အားတင်းထားပါမနက်ဖြန်သမီးကားရအောင်ရှာခဲ့မယ်ဆေးရုံတင်ပေးမယ်
ဆေးသောက်ပြီးဆေးရွက်ပြုပ်ရည်လေးရှူထားစိတ်ဓာတ်မကျဖို့မှာခဲ့တယ်ဦးလေးကြီးတံခါးဘေးနား ဖင်ထိုင်ရက်လဲကျသွားတယ်
သွားထူလို့ကမရမကြည့်ရက်တော့လို့ထွက်လာခဲ့တယ်သူအရမ်းအားငယ်သွားလောက်တယ်လဲကျနေတာတောင် ထူပေးမဲ့သူမရှိတဲ့ဘဝ😢
ကိုယ်ရှေ့မှာဝေဒနာခံစားနေရတာကိုကြည့်ပြီးဘာမှမလုပ်ပေးနိုင်ဘူးသနားလွန်းလို့ငိုလိုက်ရတာညမိုးချုပ်အိမ်ပြန်ရောက်တဲ့အထိပဲ
တစ်လမ်းလုံးဦးလေးကြီးအကြောင်းစဉ်းစားပြီးငိုခဲ့ရတယ်နောက်မနက်သွားတော့လမ်းထိပ်ပဲရောက်သေးတယ်
ဦးလေးကြီးအိမ်ရှေ့မှာPPEတွေဝတ်ထားတဲ့လူတွေအိမ်ကိုဆေးဖြန်းနေကျတယ်ဒါဆိုဦးလေးကြီး ဆုံးသွားပြီပေါ့နော် 😭😭
ဦးလေးကြီးနဲ့နောက်ဆုံးတွေ့ခဲ့တဲ့သူကကိုယ်ဖြစ်နေပြီးဝေဒနာခံစားနေရတာကိုဒီတိုင်းရပ်ကြည့်နေခဲ့ရတယ်
မကယ်လိုက်နိုင်တာစိတ်မကောင်းအဖြစ်ဆုံးပဲဦးလေးကြီးကမသေသင့်ပဲသေသွားရသူပါခုလိုအဖြစ်ဆီုးမျိုးနောင်ဘဝမှာမကြုံပါစေနဲ့
ဦးလေးကြီးကောင်းရာမွန်ရာရောက်ပါစေဒီလိုအဖြစ်မျိုးတစ်နိုင်ငံလုံးနေရာအနှံဘယ်လောက်တောင် များနေမလဲ ရှင်။
Credit:Nanphyuyichit
Zawgyi
Credit:Nanphyuyichit