ၾကားသိရသမွ်

ကပ်ရောဂါဆိုးကြီးနဲ့ သုံးခွမြို့နယ်က ကိုဗစ်ပျောက် ကန်ရေအကြောင်း (ယုံကြည်ချက်တွေ)

ကပ်ရောဂါဆိုးကြီးနဲ့ သုံးခွမြို့နယ်က ကိုဗစ်ပျောက် ကန်ရေ

သြဂုတ် ၅၊ ၂၀၂၁

ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့အတူ အောက်ဆီဂျင် လုံးဝ မရတော့မယ့်အချိန်မှာတမာ၊ ဂွေးတောက်နဲ့ ပင်စိမ်းဟာ လူနာနဲ့ လူနာရှင်တွေအတွက် ကောက်ရိုးတမျှင် ဖြစ်လာသလိုပါပဲ။

စစ်အာဏာရှင် အုပ်ချုပ်မှုအောက် ပျက်ယွင်းနေတဲ့ ကျန်းမာရေးယန္တရားမှာ ကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ

အင်္ဂလိပ်ဆေးဝါးတွေအပြင် ကောင်းနိုးရာရာ နည်းလမ်းတွေကိုလည်း အချင်းချင်း လက်ဆင့်ကမ်းမျှဝေရင်း ကပ်ရောဂါကို အန်တုနေကြရပါတယ်။

ဘယ်သူက အစပြုလိုက်တယ် မသိပေမယ့် လွန်ခဲ့တဲ့ ၁၅ ရက်ခန့်ကစလို့ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကျေးရွာ တခုက ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကန်ရေကို သောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီသတင်းကြောင့်ပဲ သန်လျင်ကနေ ခရမ်း-သုံးခွကို သွားတဲ့ ကားလမ်းမကြီးကနေ ခွဲထွက်ကာ လမ်းသွယ်လေးအတိုင်း ၁၀ မိနစ်ခန့် ကားမောင်းသွားရတဲ့အဲဒီနေရာကို အနယ်နယ်အရပ်ရပ်က လူတွေ ရေပုံး ကြီးငယ် အသွယ်သွယ်နဲ့ ရေလာခပ်လျက် ရှိပါတယ်။

တလမ်းမောင်းသာရှိတဲ့ အဲဒီလမ်းပိုင်းလေးမှာ ကားတွေ ရှောင်လို့မရတော့သည်အထိ ဖြစ်လာတာကြောင့်ကားနဲ့သွားလာခြင်းကိုပင် ယခုအခါ ယာယီ ရပ်နားထားလိုက်ရတယ်လို့ သိရပါတယ်။

ရေလာယူသူတွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက “ဦးတို့ မွေးကတည်းက ရှိနေတဲ့ ရေကန်ပါ။ ဘယ်က စကြားတယ် မသိပါဘူး။ ဒီကန်ရေကြောင့်ကိုဗစ် ပျောက်ကြတယ်ဆိုပြီး ပြီးခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက အပြင်က လူတွေ ရေလာသယ်ကြတာ ခုထိ လူ မပြတ်ဘူး။

ဒီမနက်တောင် လူတွေ အရမ်းများနေလို့ ထပ်ရောက်မလာအောင် ခဏ လမ်းပိတ်ထားရတယ်” လို့ ပြောပြပါတယ်။

တကယ် ရောဂါပျောက်လား၊ မပျောက်လားကိုတော့ သူ့အနေနဲ့ မျက်မြင်မဟုတ်လို့ သေချာမပြောပြတတ်ပေမယ့်ဒီရေကြောင့် ဝေဒနာခံစားနေရသူတွေ သက်သာတယ်ကြားရတာ ဝမ်းသာတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ ရေကန်ဟာ နွေရာသီရောက်တဲ့အခါ သောက်သုံးရေအတွက် ကျေးရွာနေပြည်သူတွေ မှီခိုနေရတဲ့ ကန်ဖြစ်ပြီးအခုလို လူစုလူဝေးနဲ့ အပြင်လူတွေပါ ရေဆင်းခပ်နေမှုတွေကြောင့် ရေထု ညစ်ညမ်းမှာစိုးလို့ယခုအခါ ရွာသားတွေကိုယ်တိုင် စက်နဲ့မောင်းတင်ပြီး ရေရယူလိုသူတွေကို ကူညီပေးနေတာ တွေ့ရပါတယ်။

Photo Credit

ကပ္ေရာဂါဆိုးႀကီးနဲ႔ သုံးခြၿမိဳ႕နယ္က ကိုဗစ္ေပ်ာက္ ကန္ေရ

ၾသဂုတ္ ၅၊ ၂၀၂၁

ယုံၾကည္ခ်က္ေတြ၊ ေမၽွာ္လင့္ခ်က္ေတြနဲ႔အတူ ေအာက္ဆီဂ်င္ လုံးဝ မရေတာ့မယ့္အခ်ိန္မွာတမာ၊ ေဂြးေတာက္နဲ႔ ပင္စိမ္းဟာ လူနာနဲ႔ လူနာရွင္ေတြအတြက္ ေကာက္ရိုးတမၽွင္ ျဖစ္လာသလိုပါပဲ။

စစ္အာဏာရွင္ အုပ္ခ်ဳပ္မႈေအာက္ ပ်က္ယြင္းေနတဲ့ က်န္းမာေရးယႏၲရားမွာ ကိုဗစ္တတိယလွိုင္းဒဏ္ကို ဆိုးဆိုးရြားရြား ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြဟာ

အဂၤလိပ္ေဆးဝါးေတြအျပင္ ေကာင္းနိုးရာရာ နည္းလမ္းေတြကိုလည္း အခ်င္းခ်င္း လက္ဆင့္ကမ္းမၽွေဝရင္း ကပ္ေရာဂါကို အန္တုေနၾကရပါတယ္။

ဘယ္သူက အစျပဳလိုက္တယ္ မသိေပမယ့္ လြန္ခဲ့တဲ့ ၁၅ ရက္ခန႔္ကစလို႔ ရန္ကုန္တိုင္း၊ သုံးခြၿမိဳ႕နယ္၊ ေက်းရြာ တခုက ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းရွိ ကန္ေရကို ေသာက္ရင္ ကိုဗစ္ေရာဂါ ေပ်ာက္ကင္းတယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚလာပါတယ္။

အဲဒီသတင္းေၾကာင့္ပဲ သန္လ်င္ကေန ခရမ္း-သုံးခြကို သြားတဲ့ ကားလမ္းမႀကီးကေန ခြဲထြက္ကာ လမ္းသြယ္ေလးအတိုင္း ၁၀ မိနစ္ခန႔္ ကားေမာင္းသြားရတဲ့အဲဒီေနရာကို အနယ္နယ္အရပ္ရပ္က လူေတြ ေရပုံး ႀကီးငယ္ အသြယ္သြယ္နဲ႔ ေရလာခပ္လ်က္ ရွိပါတယ္။

တလမ္းေမာင္းသာရွိတဲ့ အဲဒီလမ္းပိုင္းေလးမွာ ကားေတြ ေရွာင္လို႔မရေတာ့သည္အထိ ျဖစ္လာတာေၾကာင့္ကားနဲ႔သြားလာျခင္းကိုပင္ ယခုအခါ ယာယီ ရပ္နားထားလိုက္ရတယ္လို႔ သိရပါတယ္။

ေရလာယူသူေတြကို ကူညီေပးေနတဲ့ ေဒသခံတဦးက “ဦးတို႔ ေမြးကတည္းက ရွိေနတဲ့ ေရကန္ပါ။ ဘယ္က စၾကားတယ္ မသိပါဘူး။ ဒီကန္ေရေၾကာင့္ကိုဗစ္ ေပ်ာက္ၾကတယ္ဆိုၿပီး ၿပီးခဲ့တဲ့ ၁၅ ရက္ေလာက္ကတည္းက အျပင္က လူေတြ ေရလာသယ္ၾကတာ ခုထိ လူ မျပတ္ဘူး။

ဒီမနက္ေတာင္ လူေတြ အရမ္းမ်ားေနလို႔ ထပ္ေရာက္မလာေအာင္ ခဏ လမ္းပိတ္ထားရတယ္” လို႔ ေျပာျပပါတယ္။

တကယ္ ေရာဂါေပ်ာက္လား၊ မေပ်ာက္လားကိုေတာ့ သူ႔အေနနဲ႔ မ်က္ျမင္မဟုတ္လို႔ ေသခ်ာမေျပာျပတတ္ေပမယ့္ဒီေရေၾကာင့္ ေဝဒနာခံစားေနရသူေတြ သက္သာတယ္ၾကားရတာ ဝမ္းသာတယ္လို႔လည္း သူက ဆိုပါတယ္။

အဲဒီ ေရကန္ဟာ ေႏြရာသီေရာက္တဲ့အခါ ေသာက္သုံးေရအတြက္ ေက်းရြာေနျပည္သူေတြ မွီခိုေနရတဲ့ ကန္ျဖစ္ၿပီးအခုလို လူစုလူေဝးနဲ႔ အျပင္လူေတြပါ ေရဆင္းခပ္ေနမႈေတြေၾကာင့္ ေရထု ညစ္ညမ္းမွာစိုးလို႔ယခုအခါ ရြာသားေတြကိုယ္တိုင္ စက္နဲ႔ေမာင္းတင္ၿပီး ေရရယူလိုသူေတြကို ကူညီေပးေနတာ ေတြ႕ရပါတယ္။

Photo Credit