ၾကားသိရသမွ်

မျက်ရည်ခိုင်မှဖတ်ပါ ပြေတီဦးအမ ရေးတဲ့စာလေး

မျက်ရည်ခိုင်မှဖတ်ပါ ပြေတီဦးအမ ရေးတဲ့စာလေး

ပြေတီဦးရဲ့ အမဖြစ်သူ ရေးတဲ့ စာလေးဖတ်ပြီး ကိုယ်ပါ မျက်ရည်ကျရတယ်

သြဂုတ်လ၁ရက်နေ့မှာကွယ်လွန် သွားပြီ ဖြစ်တဲ့သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်ဦးတင်မောင်ဦး

ပရိသတ်တွေချစ်ခင အားပေးရတဲ့မင်းသားချောပြေတီဦးကတော့အနုပညာအရည်အချင်းပြည့်ဝပြီးအကယ်ဒမီထူးချွန် ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ

ဒါအပြင် ပြေတီဦးက မင်းသမီးချောလေး အိန္ဒြာကျော်ဇင် နဲ့ ရွှေလက် တွဲထားပြီး ချစ်စရာ သားသားမီးမီးတွေ လည်းပိုင်ဆိုင် ထားပါ သေးတယ်

မင်းသားချော ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ အနု ပညာရှင် စုံတွဲ ကတော့ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်က ရပ်တည်ခဲ့ပြီ းတိုက်ပွဲ ဝင်ပေးခဲ့တာလည်းဖြစ်ပါတယ်

ဒါကြောင့် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖမ်းခံခဲ့ရပြီးလက်ရှိ အင်းစိန်ထောင်မှာရောက် နေတာလည်းဖြစ်ပါတယ်

သရုပ်ဆောင် ပြေတီဦးရဲ့ဖခင်အောက်စီဂျင် လိုအပ်ကြောင်းကို အမ ဖြစ်သူက အခုလိုပဲပြောပြလာ ပါတယ်

ဖေဖေ ကလေ Level 12 နဲ့ပေးတာတောင် SPO2 70 ပဲရှိတော့လို့ အောက်စီဂျင် လေးများကူညီကြပါဦးနော် စက်ကလဲမနိုင်တော့လို့ပါဆိုပီး ပြောထားပါသေးတယ် နော်

ပြေတီဦးရဲ့ဖခင် ဦးတင်မောင်ဦး အသက် (၇၄) နှစ် ကိုဗစ် ရောဂါကြောင့် ကွယ်လွန်သွားပြီပဲ ဖြစ်ပါတယ်မိသားစုနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်နော်

ကောင်းရာသုကတိ လားပါစေ အန်ကယ်ရေ










