မိခင်က ၂၄ နှစ် ကလေးက ၃နှစ်ပဲရှိသေး ဘယ်လိုအကြောင်းတွေကြောင့် ခုန်ချရတာလဲကွယ်
ပြည်မြို့၊နဝဒေးတံတားပေါ်ကနေ အသက်၃နှစ်ကလေးနဲ့အမေဖြစ်သူ ခုန်ချမှုဖြစ်ပွား
ဩဂုတ် ၂၈-၂၀၂၂
VOM (GG)
ပြည်မြို့၊ နဝဒေးတံတားပေါ် ကနေ သားအမိနှစ်ဦး ခုန်ချမှု ဒီနေ့ဩဂုတ်၂၈ ရက် ညနေ ၃ နာရီလောက်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ကလေးကိုချီနေတာ မြင်တဲ့သူတွေလည်းရှိတယ်၊ဒါပေမယ့် အဲ့ဒီလိုခုန်ချမယ်လို့တော့ မထင်ကြဘူး။ပြီးမှ ခုန်ချမှန်းသိကြတာ၊ ပထမကလေးအလောင်းပေါ်လာသေးတယ်။ မခုတော့ ရေစီးနဲ့မျှောသွားတယ် မတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

မြစ်ထဲခုန်ချတဲ့ သားအမိဟာ မိခင်ဖြစ်သူကအသက် ၂၄ ဖြစ်ပြီး ကလေးက အသက် ၃ နှစ်အရွယ်ဖြစ်ကြောင်း၊ ပြည်မြို့၊ မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့သိရပါတယ်။
လက်ရှိမှာ သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေမှုတွေလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
voiceofmyanmar VOM ပြည် နဝဒေးတံတား သားအမိနှစ်ဦးခုန်ချမှုဖြစ်ပွား
မိခင္က ၂၄ ႏွစ္ ကေလးက ၃ႏွစ္ပဲရွိေသး ဘယ္လိုအေၾကာင္းေတြေၾကာင့္ ခုန္ခ်ရတာလဲကြယ္
ျပည္ၿမိဳ႕၊နဝေဒးတံတားေပၚကေန အသက္၃ႏွစ္ကေလးနဲ႔အေမျဖစ္သူ ခုန္ခ်မႈျဖစ္ပြား

ဩဂုတ္ ၂၈-၂၀၂၂
VOM (GG)
ျပည္ၿမိဳ႕၊ နဝေဒးတံတားေပၚ ကေန သားအမိႏွစ္ဦး ခုန္ခ်မႈ ဒီေန႔ဩဂုတ္၂၈ ရက္ ညေန ၃ နာရီေလာက္မွာျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
“ကေလးကိုခ်ီေနတာ ျမင္တဲ့သူေတြလည္းရွိတယ္၊ဒါေပမယ့္ အဲ့ဒီလိုခုန္ခ်မယ္လို႔ေတာ့ မထင္ၾကဘူး။ၿပီးမွ ခုန္ခ်မွန္းသိၾကတာ၊ ပထမကေလးအေလာင္းေပၚလာေသးတယ္။ မခုေတာ့ ေရစီးနဲ႔ေမွ်ာသြားတယ္ မေတြ႕ေသးဘူး”လို႔ ကယ္ဆယ္ေရးလုပ္ေနတဲ့ ျပည္လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္တဦးကေျပာပါတယ္။
ျမစ္ထဲခုန္ခ်တဲ့ သားအမိဟာ မိခင္ျဖစ္သူကအသက္ ၂၄ ျဖစ္ၿပီး ကေလးက အသက္ ၃ ႏွစ္အ႐ြယ္ျဖစ္ေၾကာင္း၊ ျပည္ၿမိဳ႕၊ ၿမိဳ႕သစ္ ၁၂ လမ္းမွာ ေနထိုင္တယ္လို႔သိရပါတယ္။
လက္ရွိမွာ သားအမိႏွစ္ေယာက္ကို သက္ဆိုင္ရာ ကယ္ဆယ္ေရးအဖြဲ႕ေတြပူးေပါင္းၿပီး ရွာေဖြမႈေတြလုပ္ေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။
voiceofmyanmar VOM ျပည္ နဝေဒးတံတား သားအမိႏွစ္ဦးခုန္ခ်မႈျဖစ္ပြား



