တရုတ်နိုင်ငံ Anhui မြို့မှ အသက် ၅၅ နှစ်အရွယ် Zhang Xinzhi အမည်ရှိဆရာဝန်တစ်ဦးဟာ လူနာတစ်ဦးအား ခွဲစိတ်မှုပြုလုပ်ရန်အတွက် ဖခင်ဖြစ်သူရဲ့နောက်ဆုံးခရီးကို သွားမတွေ့နိုင်ဘဲ သူ့ဘ၀မှာ အခက်ခဲဆုံးသောအချိန်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ထို့နေ့မှာ Zhang ဟာ သူ့အဖေဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာကို သတိထားမိ
နေခဲ့တာပါ။သူဟာ ခွဲစိတ်မှုမစတင်ခင်မှာ သူ့အဖေကို သွားတွေ့ပြီး ခွဲစိတ်မှုတစ်ခုလုပ်ပြီးတာနဲ့ အဖေဆီပြန်လာခဲ့မယ်လို့ အဖေဖြစ်သူအား မှာခဲ့ပါတယ်။ထို့နောက် အဖေဖြစ်သူကလည်း သူ့ရဲ့အလုပ်ကိုနားလည်တာကြောင့် Zhang အား ခေါင်းလေးညိတ်ပြရင်း သူ့အား ပြန်ပြုံးပြနေခဲ့ပါတယ်။ထို့နောက် Zhang ဟာ ဖခင်ဖြစ်သူအား ထားခဲ့ကာ ခွဲစိတ်ခန်းသို့ဝင်သွားခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ ခွဲစိတ်မှုမစခင်လေးမှာ Zhang ဟာ သူ့အဖေဆုံးသွားပြီဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ရပါတယ်။
Zhang က သူ့ရဲ့စိတ်ကို အတည်ငြိမ်ဆုံးဖြစ်ရန် အတတ်နိုင်ဆုံးထိန်းထားခဲ့ပြီး မျက်ရည်များကိုလည်း ထိန်းချုပ်ကာ အဖေဖြစ်သူအား ဂုဏ်ပြုတဲ့အနေဖြင့် အဆိုပါလူနာကို အတတ်နိုင်ဆုံးကယ်တင်ရမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ခွဲစိတ်မှုအတွင်း Zhang က သူ့ရဲ့ဖုန်းမှခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့ပေမဲ့လည်း ခွဲစိတ်မှုမပြီးမချင်းအထိ ၎င်းကို
လျစ်လျူရှုထားခဲ့ပါတယ်။ထို့နောက် ၂ နာရီအကြာမှာဘဲ ခွဲစိတ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။မျက်ရည်များကို မနည်းထိန်းချုပ်ထားခဲ့တဲ့ Zhang ဟာ ချက်ချင်းငိုချခဲ့ပြီး ခွဲစိတ်ခန်းမှပြေးထွက်ကာ ဖခင်ဖြစ်သူထံသို့ အမြန်ဆုံးသွားခဲ့ပါတော့တယ်။
ဆရာဝန်သက်တမ်း ၃၃ နှစ်အထိ ရှိပြီဖြစ်တဲ့ Zhang က ”အဲဒီနေ့က ကျွန်တော် အဖေ့အနားမှာမရှိနေနိုင်ခဲ့တာကို တွေးတိုင်း ကျွန်တော်အရမ်းကို ဝမ်းနည်းရတယ် ၊ အဖေ့ကိုနောက်ဆုံးအကြိမ်အဖြစ် မတွေ့လိုက်ရတာက အရမ်းကို အပြစ်ရှိနေသလိုခံစားရပေမဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျွန်တော့်လူနာရဲ့အသက်ကိုကယ်ဖို့ကလည်း
အရမ်းအရေးကြီးတယ် ”လို့ ဆိုခဲ့ပါတယ်။Zhang ရဲ့အဖြစ်အပျက်ဟာ professional ဆန်လွန်းပြီး ဆရာဝန်တစ်ယောက်အနေနဲ့ ထားရှိတဲ့သူ့ရဲ့အလုပ်ကျင့်ဝတ်အတွက် netizen များစွာက သူ့အား လေးစားချီးကျူးခဲ့ကြပါတယ်။“ သူ့ရဲ့သားက အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်ဆိုတာကို သိနေတဲ့သူ့အဖေရဲ့စိတ်ဝိညာဉ်ကလည်း ငြိမ်းချမ်းစွာ အနားယူနေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်” ဟု netizen တစ်ဦးက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ပါတယ်။
Zawgyi
တ႐ုတ္ႏိုင္ငံ Anhui ၿမိဳ႕မွ အသက္ ၅၅ ႏွစ္အ႐ြယ္ Zhang Xinzhi အမည္ရွိဆရာဝန္တစ္ဦးဟာ လူနာတစ္ဦးအား ခြဲစိတ္မႈျပဳလုပ္ရန္အတြက္ ဖခင္ျဖစ္သူရဲ႕ေနာက္ဆုံးခရီးကို သြားမေတြ႕ႏိုင္ဘဲ သူ႔ဘ၀မွာ အခက္ခဲဆုံးေသာအခ်ိန္မ်ားကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရပါတယ္။ထို႔ေန႔မွာ Zhang ဟာ သူ႔အေဖဟာ စိုးရိမ္ရတဲ့အေျခအေနမွာရွိေနတာကို သတိထားမိ
ေနခဲ့တာပါ။သူဟာ ခြဲစိတ္မႈမစတင္ခင္မွာ သူ႔အေဖကို သြားေတြ႕ၿပီး ခြဲစိတ္မႈတစ္ခုလုပ္ၿပီးတာနဲ႔ အေဖဆီျပန္လာခဲ့မယ္လို႔ အေဖျဖစ္သူအား မွာခဲ့ပါတယ္။ထို႔ေနာက္ အေဖျဖစ္သူကလည္း သူ႔ရဲ႕အလုပ္ကိုနားလည္တာေၾကာင့္ Zhang အား ေခါင္းေလးညိတ္ျပရင္း သူ႔အား ျပန္ၿပဳံးျပေနခဲ့ပါတယ္။ထို႔ေနာက္ Zhang ဟာ ဖခင္ျဖစ္သူအား ထားခဲ့ကာ ခြဲစိတ္ခန္းသို႔ဝင္သြားခဲ့ပါတယ္။ကံမေကာင္းစြာနဲ႔ပဲ ခြဲစိတ္မႈမစခင္ေလးမွာ Zhang ဟာ သူ႔အေဖဆုံးသြားၿပီဆိုတဲ့သတင္းကို လက္ခံရရွိခဲ့ရပါတယ္။
Zhang က သူ႔ရဲ႕စိတ္ကို အတည္ၿငိမ္ဆုံးျဖစ္ရန္ အတတ္ႏိုင္ဆုံးထိန္းထားခဲ့ၿပီး မ်က္ရည္မ်ားကိုလည္း ထိန္းခ်ဳပ္ကာ အေဖျဖစ္သူအား ဂုဏ္ျပဳတဲ့အေနျဖင့္ အဆိုပါလူနာကို အတတ္ႏိုင္ဆုံးကယ္တင္ရမယ္လို႔ စိတ္ဆုံးျဖတ္လိုက္ပါတယ္။ခြဲစိတ္မႈအတြင္း Zhang က သူ႔ရဲ႕ဖုန္းမွေခၚဆိုမႈမ်ားစြာကို လက္ခံရရွိခဲ့ေပမဲ့လည္း ခြဲစိတ္မႈမၿပီးမခ်င္းအထိ ၎ကို
လ်စ္လ်ဴရႈထားခဲ့ပါတယ္။ထို႔ေနာက္ ၂ နာရီအၾကာမွာဘဲ ခြဲစိတ္မႈကို ေအာင္ျမင္စြာ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။မ်က္ရည္မ်ားကို မနည္းထိန္းခ်ဳပ္ထားခဲ့တဲ့ Zhang ဟာ ခ်က္ခ်င္းငိုခ်ခဲ့ၿပီး ခြဲစိတ္ခန္းမွေျပးထြက္ကာ ဖခင္ျဖစ္သူထံသို႔ အျမန္ဆုံးသြားခဲ့ပါေတာ့တယ္။
ဆရာဝန္သက္တမ္း ၃၃ ႏွစ္အထိ ရွိၿပီျဖစ္တဲ့ Zhang က ”အဲဒီေန႔က ကြၽန္ေတာ္ အေဖ့အနားမွာမရွိေနႏိုင္ခဲ့တာကို ေတြးတိုင္း ကြၽန္ေတာ္အရမ္းကို ဝမ္းနည္းရတယ္ ၊ အေဖ့ကိုေနာက္ဆုံးအႀကိမ္အျဖစ္ မေတြ႕လိုက္ရတာက အရမ္းကို အျပစ္ရွိေနသလိုခံစားရေပမဲ့ ကြၽန္ေတာ္က ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ့္လူနာရဲ႕အသက္ကိုကယ္ဖို႔ကလည္း
အရမ္းအေရးႀကီးတယ္ ”လို႔ ဆိုခဲ့ပါတယ္။Zhang ရဲ႕အျဖစ္အပ်က္ဟာ professional ဆန္လြန္းၿပီး ဆရာဝန္တစ္ေယာက္အေနနဲ႔ ထားရွိတဲ့သူ႔ရဲ႕အလုပ္က်င့္ဝတ္အတြက္ netizen မ်ားစြာက သူ႔အား ေလးစားခ်ီးက်ဴးခဲ့ၾကပါတယ္။“ သူ႔ရဲ႕သားက အရမ္းေတာ္တဲ့ဆရာဝန္တစ္ေယာက္ဆိုတာကို သိေနတဲ့သူ႔အေဖရဲ႕စိတ္ဝိညာဥ္ကလည္း ၿငိမ္းခ်မ္းစြာ အနားယူေနလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္မိပါတယ္” ဟု netizen တစ္ဦးက ထိုကဲ့သို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။