အေဖက အႏုပညာအလုပ္ေတြ လုပ္ဖို႔ ခြင့္ျပဳလိုက္ၿပီဆိုတဲ့ မုံနံ့သာေက်ာ္ရဲေအာင္…..

႐ုပ္သံဇာတ္လမ္းတြဲရိုက္ေတာ့မယ္လို႔ သိရပါတယ္။ မႈံနံ့သာေက်ာ္ရဲေအာင္ဟာ ဖခင္ျဖစ္သူ ေက်ာ္ရဲေအာင္ရဲ့ ခြင့္ျပဳခ်က္နဲ႔ အႏုပညာအလုပ္ေတြ လုပ္လာရၿပီျဖစ္လို႔ ဝမ္းသာေနပါတယ္။

အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္ သက္မြန္ျမင့္၊ ေကာင္းျပည့္၊ ထြန္းကိုကို တို႔နဲ႔ ဇာတ္လမ္းတြဲရိုက္ေတာ့မယ္လို႔ သိရပါတယ္။

သ႐ုပ္ေဆာင္ ေက်ာ္ရဲေအာင္ကေတာ့ သမီးျဖစ္သူ မႈံနံ့သာေက်ာ္ရဲေအာင္ကို အႏုပညာအလုပ္ေတြ လုပ္ဖို႔ ခြင့္ျပဳလိုက္ၿပီလို႔ သိရပါတယ္။ အရမ္းျဖစ္ခ်င္ေနတဲ့အရာတစ္ခု ျဖစ္ေျမာက္သြားလို႔ ဝမ္းသာေနတယ္လို႔လည္း မႈံနံ့သာေက်ာ္ရဲေအာင္က မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ေဖႀကီးကေတာ့ ဒီအလုပ္လုပ္မယ္ဆိုရင္ အဓိက ကေတာ့ စိတ္ေပါ့ေနာ္။ဘယ္ေလာက္အထိ Mood သြင္းနိုင္မလဲ၊ အိမ္မွာဆိုလည္း ေဖႀကီး သင္ျပေပးတာေတြရွိတယ္။ ညီမက အခု ၁၀ တန္းၿပီးသြားၿပီဆိုေတာ့ သ႐ုပ္ေဆာင္အလုပ္လုပ္ဖို႔ ခြင့္ျပဳသြားပါၿပီ။ အရင္တုန္းကဆို ဇာတ္ကားအရမ္းရိုက္ခ်င္တာ အခုေတာ့ ညီမရဲ့ ဆႏၵေတြ ျပည့္ဝသြားတာေပါ့” လို႔ဆိုပါတယ္။

အႏုပညာနဲ႔ ပတ္သက္လာရင္ ငယ္ငယ္ကတည္းက ေလ့လာမႈေတြရွိခဲ့တယ္ဆိုတဲ့ မႈံနံ့သာေက်ာ္ရဲေအာင္ဟာ အေဖ့ရဲ့ ဇာတ္ကားေတြမွာလည္း တစ္စြန္းတစ ပါဝင္ခဲ့ဖူးေသးတယ္လို႔ ေျပာပါတယ္။ လက္ရွိမွာေတာ့ “ရခဲ့သမၽွ အရာရာ” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ေတာ့မယ္လို႔ သိရပါတယ္။

“ငယ္ငယ္တုန္းကဆို ေဖႀကီး ဇာတ္ကားရိုက္ၿပီဆိုရင္ ျဖတ္ေလၽွာက္လိုက္၊ ဟိုနား ဒီနားဆိုလည္း ပါတာပဲ၊ အခုေတာ့ ဇာတ္လမ္းတြဲရိုက္ရေတာ့မွာျဖစ္တဲ့အတြက္ အရမ္းပီတိျဖစ္ရပါတယ္။

ဒီဇာတ္ကားရိုက္ဖို႔ အတြက္လည္း ေဖႀကီးကို လာေျပာၾကတယ္၊ ညီမကိုယ္တိုင္ကလည္း ဇာတ္လမ္းတြဲ တစ္ခါမွ မရိုက္ဖူးဘူး။

ကာရိုက္တာကေတာ့ အျပင္ပုံစံနဲ႔ ကြာတယ္ေလ” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မနက္ပိုင္းက “ရခဲ့သမၽွ အရာရာ” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဳ ကန္ေတာ့ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

မႈံနံ့သာေက်ာ္ရဲေအာင္ဟာ သူမရဲ့ အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီး ဖခင္ျဖစ္သူ ေက်ာ္ရဲေအာင္ဆီက ေလ့လာသင္ၾကားမႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

“ အရင္တုန္းက ဇာတ္ကားေတြရိုက္ၿပီဆိုရင္ ေဖႀကီးေရွ႕မွာ သ႐ုပ္ေဆာင္ျပရတယ္။ ဒီဇာတ္ကားထဲက ကာရိုက္တာကိုေတာ့ သ႐ုပ္မေဆာင္ျပရေသးဘူး။ ဒါေပမယ့္လည္း ေဖႀကီးက ေျပာျပတာ၊ သင္ျပတာေတြေတာ့ ရွိပါတယ္။

ကိုယ့္ရဲ့ အရည္အခ်င္းေတြအေပၚ သုံးသပ္တာမ်ိဳးေတြေတာ့ မရွိပါဘူး”လို႔ ဆက္လက္ ေျပာျပလာပါတယ္။

မႈံနံ့သာေက်ာ္ရဲေအာင္ (Mhone Nanthar Kyaw Ye Aung)ကိုေတာ့ ‘’ဆယ္လီ’’႐ုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။

အဲဒီေနာက္ သ႐ုပ္ေဆာင္ ေက်ာ္ရဲေအာင္ရဲ့ သမီးလို႔ သိလိုက္ရတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ့ စိတ္ဝင္စားျခင္းကို ပိုမိုရရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမဟာ ဖခင္ျဖစ္သူရဲ့ အႏုပညာအလုပ္ေတြကို ေလ့လာေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

ဆယ္လီရပ္ကြက္

Unicode

ရုပ်သံဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်လို့ ဝမ်းသာနေပါတယ်။

အခုဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို တို့နဲ့ ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။

သရုပ်ဆောင် ကျော်ရဲအောင်ကတော့ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကို အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရမ်းဖြစ်ချင်နေတဲ့အရာတစ်ခု ဖြစ်မြောက်သွားလို့ ဝမ်းသာနေတယ်လို့လည်း မှုံနံ့သာကျော်ရဲအောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ဖေကြီးကတော့ ဒီအလုပ်လုပ်မယ်ဆိုရင် အဓိက ကတော့ စိတ်ပေါ့နော်။ဘယ်လောက်အထိ Mood သွင်းနိုင်မလဲ၊ အိမ်မှာဆိုလည်း ဖေကြီး သင်ပြပေးတာတွေရှိတယ်။ ညီမက အခု ၁၀ တန်းပြီးသွားပြီဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ဖို့ ခွင့်ပြုသွားပါပြီ။ အရင်တုန်းကဆို ဇာတ်ကားအရမ်းရိုက်ချင်တာ အခုတော့ ညီမရဲ့ ဆန္ဒတွေ ပြည့်ဝသွားတာပေါ့” လို့ဆိုပါတယ်။

အနုပညာနဲ့ ပတ်သက်လာရင် ငယ်ငယ်ကတည်းက လေ့လာမှုတွေရှိခဲ့တယ်ဆိုတဲ့ မှုံနံ့သာကျော်ရဲအောင်ဟာ အဖေ့ရဲ့ ဇာတ်ကားတွေမှာလည်း တစ်စွန်းတစ ပါဝင်ခဲ့ဖူးသေးတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

“ငယ်ငယ်တုန်းကဆို ဖေကြီး ဇာတ်ကားရိုက်ပြီဆိုရင် ဖြတ်လျှောက်လိုက်၊ ဟိုနား ဒီနားဆိုလည်း ပါတာပဲ၊ အခုတော့ ဇာတ်လမ်းတွဲရိုက်ရတော့မှာဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်။

ဒီဇာတ်ကားရိုက်ဖို့ အတွက်လည်း ဖေကြီးကို လာပြောကြတယ်၊ ညီမကိုယ်တိုင်ကလည်း ဇာတ်လမ်းတွဲ တစ်ခါမှ မရိုက်ဖူးဘူး။

ကာရိုက်တာကတော့ အပြင်ပုံစံနဲ့ ကွာတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မနက်ပိုင်းက “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွု ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မှုံနံ့သာကျော်ရဲအောင်ဟာ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကျော်ရဲအောင်ဆီက လေ့လာသင်ကြားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အရင်တုန်းက ဇာတ်ကားတွေရိုက်ပြီဆိုရင် ဖေကြီးရှေ့မှာ သရုပ်ဆောင်ပြရတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုတော့ သရုပ်မဆောင်ပြရသေးဘူး။ ဒါပေမယ့်လည်း ဖေကြီးက ပြောပြတာ၊ သင်ပြတာတွေတော့ ရှိပါတယ်။

ကိုယ့်ရဲ့ အရည်အချင်းတွေအပေါ် သုံးသပ်တာမျိုးတွေတော့ မရှိပါဘူး”လို့ ဆက်လက် ပြောပြလာပါတယ်။

မှုံနံ့သာကျော်ရဲအောင် (Mhone Nanthar Kyaw Ye Aung)ကိုတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။

အဲဒီနောက် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလို့ သိလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆယ်လီရပ်ကွက်