အနုပညာ

သိန္းေထာင္ခ်ီတန္တဲ့ လင္ခ႐ူဆာကားႀကီးကို ဝယ္ယူလိုက္တဲ့ ျဖဴျဖဴေထြး

သိန္းေထာင္ခ်ီတန္တဲ့ လင္ခရူဆာကားၾကီးကို ဝယ္ယူလိုက္တဲ့ ျဖဴျဖဴေထြး

ျဖဴျဖဴေထြးဆိုလိုက္တာနဲ႔ ခ်စ္စရာအျပဳအမူ ျဖဴစင္ရိုးသားတဲ့အမူအရာ၊ အလႉအတန္းရက္ေရာလြန္းတဲ့ ေကာင္မေလးကို မသိသူမရွိေလာက္ပါဘူးေနာ္။

ဝါရင့္ လူရႊင္ေတာ္ သ႐ုပ္ေဆာင္ တိမ္ညြန႔္ကလည္း” ဒီကေလး ေလၽွာက္တဲ့လမ္းက ျဖဴစင္တယ္။ သူ႔အခ်ိန္အခါ ေရာက္လာရင္ တားမရဘူး။ သူကိုင္သမၽွက ေရႊျဖစ္တယ္ေပ့ါ။ ပညာက သင္လို႔ရတယ္။

စမ္း(ဇာတာ) ၿပိဳင္လို႔မရဘူး။ သူ႔ၾကည့္ေတာ့ ကုသိုလ္ခ်င္းေရာ စမ္း ခ်င္းပါ မယွဥ္နဲ႔ ျဖစ္လာတယ္ ” လို႔ ျဖဴျဖဴေထြးကို ၾကည့္ၿပီး တြဲအလုပ္လုပ္မိၿပီးတဲ့ေနာက္ ေျပာပါတယ္။

အခုလည္းသူမက သိန္းေထာင္ေပါင္းမ်ားစြာတန္တဲ့ လင္ခရူဆာကားသစ္ၾကီးကို ဂမုန္းပြင့္ ကားShowroom ကေန ဝယ္ယူစီးလိုက္ျပီဘဲျဖစ္ပါတယ္။

တစ္ခ်ိန္က သတင္းေထာက္အလုပ္ကေန အလုပ္ထုတ္ခံရတဲ့ေကာင္မေလးတစ္ေယာက္က အခုခ်ိန္မွာ တိုင္းသိျပည္သိေအာင္ျမင္တဲ့ အႏုပညာရွင္ျဖစ္ေအာင္ ၾကိဳးစားခဲ့တဲ့သူမဟာ လူငယ္ေတြအတြက္ေတာ့ အတုယူစရာေကာင္းပါတယ္။

Toyota Landcruiser ႀကီးကိုေရြးခ်ယ္ အားေပးသြားပါေသာ cele ျဖဴျဖဴေထြးအား GMP Motors မွေက်းဇူးအထူးတင္ရွိပါသည္ ဆိုၿပီး ကားshowroomရဲ့ facebook page မွာ တင္ထားပါတယ္။

ဆက္လက္ပီးလည္း ေအာင္ျမင္မႈေတြကို ၾကာရွည္စြာထိန္းသိမ္းထားႏိုင္ပါေစ။ အလွဴအတန္းေတြလည္း ဆတက္တစ္ပိုး လွဴဒါန္းေပးကမ္းႏိုင္ပါေစေၾကာင္းဆုေတာင္းေပးလိုက္ပါတယ္။

ထန္းညက္ခဲ

ျဖဴျဖဴေထြးဘာေၾကာင့္ေအာင္ျမင္တာလဲ

သေဘာမေနာေကာင္းတဲ့စိတ္ ျဖဴစင္ရိုးသားပြင့္လင္းတဲ့အျပဳအမူေလးေတြနဲ႔ ပရိတ္သတ္ရင္ထဲထိထိုးေဖာက္ဝင္ေရာက္ခဲ့တဲ့ မင္းသမီးေခ်ာေလးတစ္ဦးျဖစ္တဲ့ ျဖဴျဖဴေထြးဟာ ဘာလို႔ ေအာင္ျမင္လဲ စဥ္းစားၾကည့္တဲ့အခါ သူမကသိပ္ရိုးသားပြင့္လင္းၿပီး ဟန္ေဆာင္မႈကင္းတယ္။

ဘာေလး လုပ္လုပ္ ရိုးသားမႈ ရွိရမယ္ ဆိုတာေလးကို ျဖဴျဖဴေထြးက အလုပ္နဲ႔သက္ေၾသ ပေနတယ္။ ဒါေၾကာင့္လည္း သူ႔ကို စီးပြါးေရးကုမၸဏီေတြက ျဖဴျဖဴေထြး ဘက္ကို လွည့္လာကုန္တယ္။ ျဖဴျဖဴေထြး ရိုက္ခ်င္သလို ရိုက္၊ လုပ္ခ်င္သလို လုပ္ ဆိုတဲ့သေဘာမ်ိဳးနဲ႔သူ႔အိမ္ကို ေန႔တိုင္း ပစၥည္းေတြ လာခ်ေနၾကတယ္။

ဟိုကလည္း လႉတယ္။ ေဝတယ္။ မနားတမ္းပဲ။ ကုသိုလ္ ေပးျခင္း ရဲ့ အက်ိဳးေရာ၊ ရယူလိုမႈ ေလာဘ ကို ထိန္းထားနိုင္သလို၊ ေအာင္ျမင္မႈကို သာယာမေန ဘဲ ရိုးရိုးရွင္းရွင္းေလးပဲ ျဖတ္သန္းေနတာ သိပ္ခ်စ္စရာေကာင္းတယ္။

ဒါကိုၾကည့္ရင္ ေလာကမွာ ဘာေတြ ဘယ္လို ေအာင္ျမင္ျမင္၊ ကိုယ္တက္လာခဲ့တဲ့ ဘဝ ေလး အတိုင္း ျပန္ေနတတ္ဖို႔လိုတယ္။ ကမၻာ့သူေဌးႀကီးေတြျဖစ္တဲ့ ဘီလ္ဂိတ္ (Bill Gates, မိုက္ခရိုေဆာဖ့္) တို႔ မာ့ခ္ဇတ္ခဘတ္ Mark Zuckerberg, ေဖ့ဘုတ္) တို႔ ဟာ ရိုးရိုးရွင္းရွင္းေလးပဲ ဘဝကို ျဖတ္သန္းေနၾကတယ္။

သူတို႔ ေအာင္ျမင္မႈကလည္း ကမၻာပ်က္ရင္ေတာင္ က်န္ေနခဲ့မယ့္ ေအာင္ျမင္မႈမ်ိဳး။ တကယ္ေတာ့ ေအာင္ျမင္မႈအစစ္ ဆိုတာ အမ်ားအတြက္ တစ္ခုခု ရိုးရိုး သားသားနဲ႔ အက်ိဳးျဖစ္ေနတဲ့ အလုပ္ပါပဲ။

crd soenaingscibn

Unicode

သိန်းထောင်ချီတန်တဲ့ လင်ခရူဆာကားကြီးကို ဝယ်ယူလိုက်တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးဆိုလိုက်တာနဲ့ ချစ်စရာအပြုအမူ ဖြူစင်ရိုးသားတဲ့အမူအရာ၊ အလှူအတန်းရက်ရောလွန်းတဲ့ ကောင်မလေးကို မသိသူမရှိလောက်ပါဘူးနော်။

ဝါရင့် လူရွှင်တော် သရုပ်ဆောင် တိမ်ညွန့်ကလည်း” ဒီကလေး လျှောက်တဲ့လမ်းက ဖြူစင်တယ်။ သူ့အချိန်အခါ ရောက်လာရင် တားမရဘူး။ သူကိုင်သမျှက ရွှေဖြစ်တယ်ပေ့ါ။ ပညာက သင်လို့ရတယ်။

စမ်း(ဇာတာ) ပြိုင်လို့မရဘူး။ သူ့ကြည့်တော့ ကုသိုလ်ချင်းရော စမ်း ချင်းပါ မယှဉ်နဲ့ ဖြစ်လာတယ် ” လို့ ဖြူဖြူထွေးကို ကြည့်ပြီး တွဲအလုပ်လုပ်မိပြီးတဲ့နောက် ပြောပါတယ်။

အခုလည်းသူမက သိန်းထောင်ပေါင်းများစွာတန်တဲ့ လင်ခရူဆာကားသစ်ကြီးကို ဂမုန်းပွင့် ကားShowroom ကနေ ဝယ်ယူစီးလိုက်ပြီဘဲဖြစ်ပါတယ်။

တစ်ချိန်က သတင်းထောက်အလုပ်ကနေ အလုပ်ထုတ်ခံရတဲ့ကောင်မလေးတစ်ယောက်က အခုချိန်မှာ တိုင်းသိပြည်သိအောင်မြင်တဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားခဲ့တဲ့သူမဟာ လူငယ်တွေအတွက်တော့ အတုယူစရာကောင်းပါတယ်။

Toyota Landcruiser ကြီးကိုရွေးချယ် အားပေးသွားပါသော cele ဖြူဖြူထွေးအား GMP Motors မှကျေးဇူးအထူးတင်ရှိပါသည် ဆိုပြီး ကားshowroomရဲ့ facebook page မှာ တင်ထားပါတယ်။

ဆက်လက်ပီးလည်း အောင်မြင်မှုတွေကို ကြာရှည်စွာထိန်းသိမ်းထားနိုင်ပါစေ။ အလှူအတန်းတွေလည်း ဆတက်တစ်ပိုး လှူဒါန်းပေးကမ်းနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။

ထန်းညက်ခဲ

ဖြူဖြူထွေးဘာကြောင့်အောင်မြင်တာလဲ

သဘောမနောကောင်းတဲ့စိတ် ဖြူစင်ရိုးသားပွင့်လင်းတဲ့အပြုအမူလေးတွေနဲ့ ပရိတ်သတ်ရင်ထဲထိထိုးဖောက်ဝင်ရောက်ခဲ့တဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးဟာ ဘာလို့ အောင်မြင်လဲ စဉ်းစားကြည့်တဲ့အခါ သူမကသိပ်ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတယ်။

ဘာလေး လုပ်လုပ် ရိုးသားမှု ရှိရမယ် ဆိုတာလေးကို ဖြူဖြူထွေးက အလုပ်နဲ့သက်သြေ ပနေတယ်။ ဒါကြောင့်လည်း သူ့ကို စီးပွါးရေးကုမ္ပဏီတွေက ဖြူဖြူထွေး ဘက်ကို လှည့်လာကုန်တယ်။ ဖြူဖြူထွေး ရိုက်ချင်သလို ရိုက်၊ လုပ်ချင်သလို လုပ် ဆိုတဲ့သဘောမျိုးနဲ့သူ့အိမ်ကို နေ့တိုင်း ပစ္စည်းတွေ လာချနေကြတယ်။

ဟိုကလည်း လှူတယ်။ ဝေတယ်။ မနားတမ်းပဲ။ ကုသိုလ် ပေးခြင်း ရဲ့ အကျိုးရော၊ ရယူလိုမှု လောဘ ကို ထိန်းထားနိုင်သလို၊ အောင်မြင်မှုကို သာယာမနေ ဘဲ ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းနေတာ သိပ်ချစ်စရာကောင်းတယ်။

ဒါကိုကြည့်ရင် လောကမှာ ဘာတွေ ဘယ်လို အောင်မြင်မြင်၊ ကိုယ်တက်လာခဲ့တဲ့ ဘဝ လေး အတိုင်း ပြန်နေတတ်ဖို့လိုတယ်။ ကမ္ဘာ့သူဌေးကြီးတွေဖြစ်တဲ့ ဘီလ်ဂိတ် (Bill Gates, မိုက်ခရိုဆောဖ့်) တို့ မာ့ခ်ဇတ်ခဘတ် Mark Zuckerberg, ဖေ့ဘုတ်) တို့ ဟာ ရိုးရိုးရှင်းရှင်းလေးပဲ ဘဝကို ဖြတ်သန်းနေကြတယ်။

သူတို့ အောင်မြင်မှုကလည်း ကမ္ဘာပျက်ရင်တောင် ကျန်နေခဲ့မယ့် အောင်မြင်မှုမျိုး။ တကယ်တော့ အောင်မြင်မှုအစစ် ဆိုတာ အများအတွက် တစ်ခုခု ရိုးရိုး သားသားနဲ့ အကျိုးဖြစ်နေတဲ့ အလုပ်ပါပဲ။

crd soenaingscibn