အသံချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့ဝိုင်းစုဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမ Covid ရောဂါ ကူးစက်ခံထားရပြီဖြစ်ကြောင်း အားလုံးကိုအသိပေးလာခဲ့ပါတယ်။
ဒီမတိုင်ခင်မှာလည်း သူမရဲ့ ခင်ပွန်းဖြစ်သူ အောင်လဟာ Covid ရဲ့ တိုက်ခိုက်မှုကိုခံနေရပြီး အောက်စီဂျင် တက်လိုက်ကျလိုက် ဖြစ်နေတာကြောင့် ပရိသတ်တွေကဝိုင်းဝန်းစိတ်ပူပေးခဲ့ကြပါသေးတယ်။
သူမကိုယ်တိုင် Positive ဖြစ်ကြောင်းပြောပြပြီးနောက်မှာတော့ သူမတို့ကို ချစ်ခင်ကြသူတွေဟာ နှစ်ယောက်သား အာဟာရရှိရှိ စားနိုင်အောင် အားရှိမယ့်အစားအစာတွေ ပို့ပေးခဲ့ပါတယ်။
Photo Credit – Wine Su’s FB Acc
Photo Credit – Wine Su’s FB Acc
ဝိုင်းစုကိုယ်တိုင်က အနံ့ရော အရသာရော မရပေမယ့် ချစ်ခင်ရသူတွေက စေတနာနဲ့ပို့ပေးတာကြောင့် ဒီအစားအသောက်တွေကို အားတင်းပြီးစားမယ့်အကြောင်းနဲ့ ဒီရောဂါကြီးကိုလည်း အနိုင်တိုက်မယ်လို့ ပြောပြလာခဲ့ပါတယ်။
နှစ်ယောက်လုံးဟာ အရည်အချင်းရှိတဲ့ အဆိုရှင်တွေဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရထားကြသူတွေပါ။ အခုလိုရောဂါတွေ ဖြစ်ပွားနေချိန်မှာ နှစ်ယောက်အတူတူဝေဒနာကိုရခဲ့ပြီး နှစ်ယောက်အတူတူပဲ ဒီရောဂါကြီးကို တွန်းလှန်နိုင်ကြစေဖို့ ပရိသတ်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။
Photo Credit – Wine Su’s FB Acc
Photo Credit – Wine Su’s FB Acc
ချစ်ခင်ရသူတွေရဲ့စေတနာနဲ့ပို့ပေးတဲ့ မေတ္တာအာဟာရပုံရိပ်တွေကို ” ဘယ်သူတွေ ပို့ပေးလိုက်မှန်းမသိပေမဲ့ ချစ်လို့ပို့ပေးလိုက်တာမို့လို့ ဒီနေ့ အနံ့အရသာပျောက်သွားလည်း အားရှိအောင်စားပါ့မယ်။
ဝိုင်းစုကို ချစ်ပေး ဂရုစိုက်ပေးကြတဲ့ ချစ်တဲ့သူတွေအားလုံးကြောင့် အားတွေရှိနေပါပြီ ငဗစ်ကိုလည်းနိုင်အောင် တိုက်ပါ့မယ်လို့ ” ဆိုပြီး သူမကကျေးဇူးတင်စကားနဲ့တကွ လူမှုကွန်ယက်မှာ ဝေမျှလာခဲ့ပါတယ်။ နှစ်ယောက်လုံး အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။
Photo Credit – Wine Su’s FB Acc
Photo Credit – Wine Su’s FB Acc
သတင်းအရင်းမြစ်: Wine Su’s FB Acc
Crd-myanmarload