က်မၼာေရး ဗဟုသုတ

တညင်းသီး ကြိုက်သူများအတွက် စားပြီးပြီးချင်း အဆိပ်ဖြေပါ

တညင်းသီး ကြိုက်သူများအတွက် စားပြီးပြီးချင်း အဆိပ်ဖြေပါ

ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အဟာရမျှ မပါဝင်ဟု ဆိုသည်။

၎င်းတွင် ပါဝင်သော ဖန်ချောင်းကဲ့သို့သော ကလာပ်စည်း များသည် ကျောက်ကပ်တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။

ကျောက်ကပ် ပျက်စီးစေနိုင်သည်။ စားသင့်သည့် အသီးမဟုတ်။ အတိုင်းအတာ မရှိ။ လုံးဝ မစားသင့်သော အသီးမျိုးဖြစ်သည်ဟု တင်ပြထားသည်။

သို့သော် တညင်းသီးကို မြန်မာတို့ စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂ဝဝ ကျော်ခဲ့ပြီဟု သိရှိရသည်။

တညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာ ဆေးပညာရှု့ထောင့်များအရ စေးထန် ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။

အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်း များကို ပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစာကို စားလျှင် အာကာသပွင့်စေတတ်သော အစာနှင့်တွဲဖက်စားသင့်သည်။

တညင်းသီးပြုတ်ကို တို့စရာများအဖြစ် စားလျှင်အဖြေဓာတ်အဖြစ် ရှောက်ရွက်အနည်းငယ်ကို တို့စားပေးပါ။

ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ တညင်းသီး ပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရွက် ထည့်ပြီး ပြုတ်ပါ။

နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ်လျော့နည်း စေသည်။ တညင်းသီးကို ရင့်သည့် အသီးရှောင်ပြီးနုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီး ဆားရည်စိမ်ထားပါ။

အာကာသ ပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ် ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။ ထမင်း စားသော အခါ ကြိုက်တတ်၍ တညင်းသီး များများ စားမိလျှင်ဖြစ်စေ၊ တညင်းသီး အုန်းနို့ဆမ်းစားမိလျှင်ဖြစ်စေ၊

စားပြီးပြီးချင်း သံပုရ ာဖျော်ရည် တစ်ခွက် သောက်ပေးပါ။ အ ဆိပ် မ တက် စေ နိုင် သာ အ ဖြေ ဓာတ် ဖြစ် ကြောင်း တင် ပြ လိုက် ရ ပါ သည် ။

(လေးစားမှုဖြင့် ခရက်ဒစ်)

တညင္းသီး ႀကိဳက္သူမ်ားအတြက္ စားၿပီးၿပီးခ်င္း အဆိပ္ေျဖပါ

ေဒါက္တာ ခင္ေမာင္လြင္၏ ေဟာေျပာခ်က္တြင္ တညင္းသီးကို ဓာတ္ခြဲ သုေတသန ျပဳၾကည့္ေသာအခါ လူကို အက်ိဳးျပဳသည့္ မည္သည့္ အဟာရမွ် မပါဝင္ဟု ဆိုသည္။

၎တြင္ ပါဝင္ေသာ ဖန္ေခ်ာင္းကဲ့သို႔ေသာ ကလာပ္စည္း မ်ားသည္ ေက်ာက္ကပ္တြင္ သြားပိတ္ႏိုင္သျဖင့္ အႏၱရာယ္ရွိသည္။

ေက်ာက္ကပ္ ပ်က္စီးေစႏိုင္သည္။ စားသင့္သည့္ အသီးမဟုတ္။ အတိုင္းအတာ မရွိ။ လံုးဝ မစားသင့္ေသာ အသီးမ်ိဳးျဖစ္သည္ဟု တင္ျပထားသည္။

သုိ႔ေသာ္ တညင္းသီးကို ျမန္မာတို႔ စားသံုးခဲ့သည္မွာ ႏွစ္ေပါင္း ၂၀ဝ ေက်ာ္ခဲ့ၿပီဟု သိရွိရသည္။

တညင္းသီးကို ႀကိဳက္သူမ်ား အတြက္ တင္ျပလိုသည္မွာ ျမန္မာ့႐ိုးရာ ေဆးပညာ႐ႈ႕ေထာင့္မ်ားအရ ေစးထန္ ပ်စ္ခြ်ဲေသာ အာေပါအာဗႏၶရ အစာျဖစ္သည္။

အာကာသကို ပ်က္ေစသျဖင့္ အေပါက္အေခါင္း မ်ားကို ပိတ္ေစႏိုင္ေသာ အစာျဖစ္သည္။ ထိုအစာကို စားလွ်င္ အာကာသပြင့္ေစတတ္ေသာ အစာႏွင့္တြဲဖက္စားသင့္သည္။

တညင္းသီးျပဳတ္ကို တို႔စရာမ်ားအျဖစ္ စားလွ်င္အေျဖဓာတ္အျဖစ္ ေရွာက္ရြက္အနည္းငယ္ကို တို႔စားေပးပါ။

ပိတ္ေသာ အာကာသဓာတ္ကို ျပန္ပြင့္ေအာင္ ကူညီေပးႏိုင္သည္။ တညင္းသီး ျပဳတ္လွ်င္ သၾကား အနည္းငယ္ႏွင့္ ေရွာက္ရြက္ ထည့္ၿပီး ျပဳတ္ပါ။

ႏူးလြယ္ၿပီး အဖန္ဓာတ္၊ အေစးဓာတ္ေလ်ာ့နည္း ေစသည္။ တညင္းသီးကို ရင့္သည့္ အသီးေရွာင္ၿပီးႏုေသာ အသီးမ်ားကို ထက္ျခမ္းခြဲၿပီး ဖန္ပုလင္းတြင္ ထည့္ၿပီး ဆားရည္စိမ္ထားပါ။

အာကာသ ပိတ္ျခင္း၊ ေက်ာက္ကပ္တြင္ အေစးဓာတ္ ပိတ္ဆို႔ျခင္းမွ ကာကြယ္ႏိုင္ပါသည္။ ထမင္း စားေသာ အခါ ႀကိဳက္တတ္၍ တညင္းသီး မ်ားမ်ား စားမိလွ်င္ျဖစ္ေစ၊ တညင္းသီး အုန္းႏို႔ဆမ္းစားမိလွ်င္ျဖစ္ေစ၊

စားၿပီးၿပီးခ်င္း သံပုရ ာေဖ်ာ္ရည္ တစ္ခြက္ ေသာက္ေပးပါ။ အ ဆိပ္ မ တက္ ေစ ႏိုင္ သာ အ ေျဖ ဓာတ္ ျဖစ္ ေၾကာင္း တင္ ျပ လိုက္ ရ ပါ သည္ ။

(ေလးစားမႈျဖင့္ ခရက္ဒစ္)