MMA Fighter မဖြစ်ခင်တုန်းက ပျားလုပ်သားလုပ်ခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ အောင်လအန်ဆန်း
မြန်မာနိုင်ငံက ပရိသတ်တွေ အားပေးမှုကို အပြည့်အဝ ရထားတဲ့ အပြင် တကမ္ဘာလုံးက ပရိသတ်တွေ အခိုင်အမာရှိတဲ့ MMA Fighter တယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကိုတော့ တော်တော်များများလည်း သတိထားမိကြမယ် ထင်ပါတယ်။
အောင်လအန်ဆန်ကတော့ ယခုနောက်ပိုင်းမှာတော့ သူထိုးခဲ့တဲ့ ပွဲတိုင်းကို အနိုင်ယူထားပြီး သူ့ရဲ့ Champion ဆိုတဲ့ ဂုဏ်ကို ကာကွယ်ထားနိုင်တဲ့ Fighter လည်း ဖြစ်ပါတယ်။အောင်လအန်ဆန်ကတော့ သူ့ရဲ့ လှုပ်ရှားမှုနဲ့ သူ့ရဲ့အကြောင်းလေးတွေကိုလည်း ဖေ့ဘုတ်ပေါ်မှာ အမြဲတမ်းလိုလို သူ့ပရိသတ်တွေအတွက် ပြောပြပေးနေကြ ဖြစ်ပါတယ်။
အောင်လအန်ဆန်ကတော့ လက်ရှိမှာလည်း သူ Fighter တယောက် မဖြစ်ခင် အချိန်တုန်းက သူလုပ်ခဲ့ရတဲ့ အလုပ်အကြောင်း ပြောပြသွားခဲ့ပြီး သူဘယ်လိုတွေ လုပ်ခဲ့ရလည်းဆိုတဲ့ အကြောင်းကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ကတော့ သူ့ရဲ့ဖေ့ဘုတ်ပေါ်မှာတော့ “2008 ခုနှစ်မှာ ကောလိပ်တက်ပြီးတဲ့နောက် ကျွန်တော် Eisele Honey and Bee Pollination ကုမ္ပဏီ မှာအလုပ်ဝင်လုပ်နေ ခဲ့ပါတယ်။ကျွန်တော် ဖလော်ရီဒါ ပြည်နယ်၊ ဖဲလ်ဒါမှာရှိတဲ့ ပန်းခြံငယ်လေးထဲက နောက်တွဲ ယာဉ်ငယ်လေးထဲမှာ နေထိုင်ပြီး ပျားမွေးမြူရေး အလုပ်သမားအနေနဲ့ လုပ်ကိုင် ခဲ့ပါတယ်။
ကျွန်တော် နေ့တိုင်းနီးပါး ပျားတုပ် ခံရပေမယ့် ကျွန်တော့်အလုပ်ကို ကျွန်တော် နှစ်သက်ပါတယ်။ အိမ်ပြင်ထွက် အလုပ်လုပ်ရတာတွေ၊ ပျားရည်ထုတ်ရတာတွေ၊ ကယ်လီဖိုးနီးယားက ဗာဒံတွေ၊ ဝစ်ကွန်ဆင် က အချဉ်ရည်လုပ်တဲ့ ဘယ်ရီသီး အနီရောင်တွေ၊ မီချီဂန်က ဘလူးဘယ်ရီနဲ့ ဖလော်ရီဒါ လိမ္မော်သီးတွေကို ဝတ်မှုံကူးပြီး အသီးသီးအောင ်လုပ်ရတာတွေကို အရမ်းပျော်ရွှင် ခဲ့ရပါတယ်။
လွပ်လပ်ပေါ့ပါးမှုကို ခံစားရပြီး ဒီလို ဘဝနေထိုင်မှုက ရိုးရှင်းပါတယ်။ ဒါပေမယ့် ပျားလုပ်သား အဖြစ်လုပ်ကိုင်နေတဲ့ အချိန်မှာ MMA အားကစားကို နှစ်သက်တဲ့ ကျွန်တော့် အတွက်ကတော့ ဒီအားကစားနည်းနဲ့ ပတ်သက်တဲ့ အိပ်မက်တွေက ရှေ့မဆက်နိုင်ပဲ နောက်ပြန်ဆုတ်နေပါတယ်။
ဒါကြောင့် ကျွန်တော့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လက်ရှိလုပ်ကိုင်နေတဲ့ ပျားလုပ်သား အလုပ်ကို နားလိုက်ပါတယ်။ အဲဒီနောက် ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ခရီးရှည်ကြီးအတွက် ကျွန်တော် ကျေနပ်ပြီး အရမ်းပျော်ရွှင ်ခဲ့ရပါတယ်
ကျွန်တော့်ကို အလုပ်အကိုင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ အလုပ်ရှင်ဟောင်း SteveEisele ကို ကျွန်တော့်ကို ဒီဓာတ်ပုံတွေပို့ပေး၊ အလုပ်ပေးခဲ့တဲ့ အတွက် အရမ်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။အောင်လအဆန်ဆန်ကတော့ တချိန်က ပျားလုပ်သားလုပ်ခဲ့ပေမယ့်လည်း သူ့ရဲ့ Fighter အိမ်မက်အတွက် အဲ့အလုပ်ကို စွန့်လွတ်ခဲ့တယ်ဆိုတဲ့ အကြောင်းလေးကို ရေးသားထားတာ ဖြစ်ပါတယ်။
Credit
MMA Fighter မျဖစ္ခင္တုန္းက ပ်ားလုပ္သားလုပ္ခဲ့တဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ေအာင္လအန္ဆန္း
ျမန္မာႏိုင္ငံက ပရိသတ္ေတြ အားေပးမႈကို အျပည့္အဝ ရထားတဲ့ အျပင္ တကမာၻလုံးက ပရိသတ္ေတြ အခိုင္အမာရွိတဲ့ MMA Fighter တေယာက္ျဖစ္တဲ့ ေအာင္လအန္ဆန္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သတိထားမိၾကမယ္ ထင္ပါတယ္။
ေအာင္လအန္ဆန္ကေတာ့ ယခုေနာက္ပိုင္းမွာေတာ့ သူထိုးခဲ့တဲ့ ပြဲတိုင္းကို အႏိုင္ယူထားၿပီး သူ႔ရဲ႕ Champion ဆိုတဲ့ ဂုဏ္ကို ကာကြယ္ထားႏိုင္တဲ့ Fighter လည္း ျဖစ္ပါတယ္။ေအာင္လအန္ဆန္ကေတာ့ သူ႔ရဲ႕ လႈပ္ရွားမႈနဲ႔ သူ႔ရဲ႕အေၾကာင္းေလးေတြကိုလည္း ေဖ့ဘုတ္ေပၚမွာ အၿမဲတမ္းလိုလို သူ႔ပရိသတ္ေတြအတြက္ ေျပာျပေပးေနၾက ျဖစ္ပါတယ္။
ေအာင္လအန္ဆန္ကေတာ့ လက္ရွိမွာလည္း သူ Fighter တေယာက္ မျဖစ္ခင္ အခ်ိန္တုန္းက သူလုပ္ခဲ့ရတဲ့ အလုပ္အေၾကာင္း ေျပာျပသြားခဲ့ၿပီး သူဘယ္လိုေတြ လုပ္ခဲ့ရလည္းဆိုတဲ့ အေၾကာင္းကို ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။
ေအာင္လအန္ဆန္ကေတာ့ သူ႔ရဲ႕ေဖ့ဘုတ္ေပၚမွာေတာ့ “2008 ခုႏွစ္မွာ ေကာလိပ္တက္ၿပီးတဲ့ေနာက္ ကြၽန္ေတာ္ Eisele Honey and Bee Pollination ကုမၸဏီ မွာအလုပ္ဝင္လုပ္ေန ခဲ့ပါတယ္။ကြၽန္ေတာ္ ဖေလာ္ရီဒါ ျပည္နယ္၊ ဖဲလ္ဒါမွာရွိတဲ့ ပန္းၿခံငယ္ေလးထဲက ေနာက္တြဲ ယာဥ္ငယ္ေလးထဲမွာ ေနထိုင္ၿပီး ပ်ားေမြးျမဴေရး အလုပ္သမားအေနနဲ႔ လုပ္ကိုင္ ခဲ့ပါတယ္။
ကြၽန္ေတာ္ ေန႔တိုင္းနီးပါး ပ်ားတုပ္ ခံရေပမယ့္ ကြၽန္ေတာ့္အလုပ္ကို ကြၽန္ေတာ္ ႏွစ္သက္ပါတယ္။ အိမ္ျပင္ထြက္ အလုပ္လုပ္ရတာေတြ၊ ပ်ားရည္ထုတ္ရတာေတြ၊ ကယ္လီဖိုးနီးယားက ဗာဒံေတြ၊ ဝစ္ကြန္ဆင္ က အခ်ဥ္ရည္လုပ္တဲ့ ဘယ္ရီသီး အနီေရာင္ေတြ၊ မီခ်ီဂန္က ဘလူးဘယ္ရီနဲ႔ ဖေလာ္ရီဒါ လိေမၼာ္သီးေတြကို ဝတ္မႈံကူးၿပီး အသီးသီးေအာင ္လုပ္ရတာေတြကို အရမ္းေပ်ာ္႐ႊင္ ခဲ့ရပါတယ္။
လြပ္လပ္ေပါ့ပါးမႈကို ခံစားရၿပီး ဒီလို ဘဝေနထိုင္မႈက ႐ိုးရွင္းပါတယ္။ ဒါေပမယ့္ ပ်ားလုပ္သား အျဖစ္လုပ္ကိုင္ေနတဲ့ အခ်ိန္မွာ MMA အားကစားကို ႏွစ္သက္တဲ့ ကြၽန္ေတာ့္ အတြက္ကေတာ့ ဒီအားကစားနည္းနဲ႔ ပတ္သက္တဲ့ အိပ္မက္ေတြက ေရွ႕မဆက္ႏိုင္ပဲ ေနာက္ျပန္ဆုတ္ေနပါတယ္။
ဒါေၾကာင့္ ကြၽန္ေတာ့္ အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ လက္ရွိလုပ္ကိုင္ေနတဲ့ ပ်ားလုပ္သား အလုပ္ကို နားလိုက္ပါတယ္။ အဲဒီေနာက္ ကြၽန္ေတာ္ ျဖတ္သန္းခဲ့ရတဲ့ ခရီးရွည္ႀကီးအတြက္ ကြၽန္ေတာ္ ေက်နပ္ၿပီး အရမ္းေပ်ာ္႐ႊင ္ခဲ့ရပါတယ္
ကြၽန္ေတာ့္ကို အလုပ္အကိုင္ေပးခဲ့တဲ့ ကြၽန္ေတာ္ရဲ႕ အလုပ္ရွင္ေဟာင္း SteveEisele ကို ကြၽန္ေတာ့္ကို ဒီဓာတ္ပုံေတြပို႔ေပး၊ အလုပ္ေပးခဲ့တဲ့ အတြက္ အရမ္း ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ေအာင္လအဆန္ဆန္ကေတာ့ တခ်ိန္က ပ်ားလုပ္သားလုပ္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ Fighter အိမ္မက္အတြက္ အဲ့အလုပ္ကို စြန႔္လြတ္ခဲ့တယ္ဆိုတဲ့ အေၾကာင္းေလးကို ေရးသားထားတာ ျဖစ္ပါတယ္။
Credit