ကြားသိရသမျှ

နှစ် ၁၀၀ ပြည့်မွေးနေ့မှာ သူမရဲ့ ခွန်အားဗလကိုပြသပြီး ကမ္ဘာ့အသက်အကြီးဆုံးစွမ်းအားရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ အဘွား

တိုကျိုမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းရှိ လူများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အသက် ၉၉ နှစ်အရွယ် Edith Murway-Traina အမည်ရှိ ဖလော်ရီဒါအမျိုးသမီးတစ်ဦးဟာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်း (GRW) ကို အသက်အကြီးဆုံးစွမ်းအားရှင် (အမျိုးသမီး) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။

အခု သူမရဲ့တရားဝင်ဗီဒီယိုအတွက် ကြိုးစားမှုကြောင့် အင်တာနက်သုံးစွဲသူတွေ အထင်ကြီးလေးစားမှုကိုရရှိခဲ့ပါတယ် ။ သြဂုတ်လ ၈ ရက်နေ့မှာ သူမရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ကို ကျင်းပရန် Edith Murway-Traina ဟာ ၂၀၂၂ ခုနှစ် Guinness World Records အတွက် သူမရဲ့ ခွန်အားကို ပြသခဲ့ပြီး ဒိုင်လူကြီးများနဲ့ အင်တာနက်သုံးစွဲသူများကို အထင်ကြီးစေခဲ့ပါတယ် ။

“ သူမဟာ အသက်အကြီးဆုံးတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ ငါတို့သိတယ်၊ ဒါပေမဲ့ သူမကမ္ဘာ့အကောင်းဆုံးစံချိန်ကို ရလိုက်တယ်လို့ပြောလိုက်တဲ့အချိန်မှာ အံ့သြတုန်လှုပ်သွားခဲ့တယ် ။ ငါတို့အမေက Guinness World Records က သူ့ကိုဒီဆုကိုရရှိခဲ့တဲ့အတွက် ငါတို့မိသားစုတစ်စုလုံးက သူမကိုဂုဏ်ပြုနေကြတယ် ” လို့ သမီးဖြစ်သူ Honey Cottrell က GWR သို့ပြောကြားခဲ့ပါတယ် ။ Murway ဟာ သူမအားကစားရုံကို ပုံမှန်သွားပြီး နေ့တိုင်းနည်းနည်းပိုကောင်းလာအောင် သူမကိုယ်တိုင် စိန်ခေါ်တာကို ကြိုက်နှစ်သက်ကြောင်း ပြောပါတယ် ။

.

.

.

JRose (Mckzone Daily)

Source : indianexpress

Unicode

တိုကျိုမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းရှိ လူများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အသက် ၉၉ နှစ်အရွယ် Edith Murway-Traina အမည်ရှိ ဖလော်ရီဒါအမျိုးသမီးတစ်ဦးဟာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်း (GRW) ကို အသက်အကြီးဆုံးစွမ်းအားရှင် (အမျိုးသမီး) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ အခု သူမရဲ့တရားဝင်ဗီဒီယိုအတွက် ကြိုးစားမှုကြောင့် အင်တာနက်သုံးစွဲသူတွေ အထင်ကြီးလေးစားမှုကိုရရှိခဲ့ပါတယ် ။ သြဂုတ်လ ၈ ရက်နေ့မှာ သူမရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ကို ကျင်းပရန် Edith Murway-Traina ဟာ ၂၀၂၂ ခုနှစ် Guinness World Records အတွက် သူမရဲ့ ခွန်အားကို ပြသခဲ့ပြီး ဒိုင်လူကြီးများနဲ့ အင်တာနက်သုံးစွဲသူများကို အထင်ကြီးစေခဲ့ပါတယ် ။