ၾကားသိရသမွ်

တရားစခန်း၉ရက် ဝင်ရင်း တရားပေါက်သွားကာ ခန္ဓာဉာဏ်ရသွားပြီလို့ထုတ်ွေပာလာတဲ့ ‌ရွှေရူပါဦး…

Dr.ကေသာဦး(ကိုယ့်စိတ်ကိုယ်စစ်)International Zoom Online ယောဂီဟောင်း သေနည်းသင်တန်း ၉ ရက် တာကာလ ဒီနေ့ပပြီးဆုံးသွားပြီမို့ပြုခဲ့သမျှကုသိုလ်လေးကို အမျှပေးချင်လိုတဲ့ဆန္ဒကြောင့် ဒီ Status လေးကို ရေးလိုက်ရပါတယ်

တရားစခန်းဝင်ဖို့ သဒ္ဓါတရားဘယ်လောက်ထက်သန်လဲဆိုရင် ယောဂီဟောင်းစာရင်း၂၀၀ နီးပါးမှာယောဂီနံပါတ် (၁)မို့ အံ့ဩရပါတယ်(တရားကို အာသာငမ်းငမ်းလိုချင်လွန်းလို့ စာရင်းပေးတာ လက်မြန်ချက်ပေါ့)

ယောဂီဟောင်းစခန်းဆိုတော့ တစ်ကြိမ်ထိုင်လျှင် ကြာမြင့်ချိန် ၃ နာရီ ကစပြီးထိုင်ရပါတယ်နောက်နေ့တွေမှာတော့ ၂ချိန်ဆက်တိုက် ကြားမှာနားချိန် ၁ နာရီပေါင်းလို့ နာရီရှည် ၇ နာရီထိ ကြိုးစားထိုင်နိုင်ခဲ့ပါတယ်

အလားတူနောက်နေ့တွေမှာလည်း ထပ်မံပြီးကြိုးစားခဲ့ပြန်ပါတယ်အမေကတော့ ယောဂီထိန်းလို အနားမှာလိုအပ်တာ စောင့်ကြည့်ပေးပြီး သတိလွတ်မှာရယ် ငိုက်မှာရယ် သည်းမခံနိုင်မှာစိုးလို့ သတိပေးနေခဲ့ပါတယ်အရေအတွက်ကို ပဓာနမထားပဲ ခန္ဓာဉာဏ်ရောက်အောင် အားထုတ်ဖို့လည်းအမြဲမှာပါတယ်။

ဒါ့အပြင် အခန်းတွင်း အပူ/အအေး မျှတအောင် နဲ့ အချိန်မီ ဆွမ်းစားဖို့ကအစ ပါရမီဖြည့်ပေးနေခဲ့ပါတယ်။ဒီတရားစခန်းဝင်ဖို့ကိုလည်း အမေ့ရဲ့တစ်ချက်လွှတ်အမိန့်လည်းပါတာပေါ့ယခုလိုမျိုး သဒ္ဓါထန်သန်စွာ အားထုတ်ဖို့ဖြစ်လာအောင် ကျေးဇူးကြီးသူကတော့ ဆရာ Dr.ကေသာဦး ပါ

ဆရာ့ရဲ့ ယောဂီတွေအပေါ်မှာ ထားရှိတဲ့မေတ္တာနဲ့သဒ္ဓါတရားဟာ အင်မတန်မှ ကြီးမားပြီး ကျေးဇူးကြီးတာမို့ဒီနေရာကနေ ကန်တော့လိုက်ရပါတယ်ရှင်🙏တော်တော်ကို ပင်ပန်းခံနိုင်တဲ့ ဆရာပါသဒ္ဓါတရားကတော့ သူမတူအောင်ပါပဲဆရာ့ကျေးဇူးတွေကိုလည်း ဘာဝနာတရားတွေပွားများပြီး ပြန်လည်ဆပ်သွားပါ့မယ်ရှင်🙏ပြုသမျှကုသိုလ် အမျှ အမျှ အမျှ ပေးဝေပါတယ်ရှင် နတ် လူ သာဓုခေါ်စေသော်🙏🙏🙏

UNICODE





