ၾကားသိရသမွ်

VPN မလိုပဲ Facebook Messenger စတဲ့ (စကစ)ပိတ်ထားတဲ့Appတွေသုံးနည်း..

Vpn မလိုပဲ facebook messenger စတဲ့စကစပိတ်ထားတဲ့appတွေဘယ်လိုသုံးမလဲ ဒီနေ့မှာစကစ က VPNတေွသုံးတာတွေ့ရင် ထောင်ဒဏ်၃နှစ်သို့မဟုတ်ဒဏ်ငွေဆောင်ရမယ်လို့အမိန့်ထုတ်ခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ကိုယ့်အိမ်ထဲမှာပဲနေပြီးvpnသုံးပြီးကြည့်ရင်တော့အဆင်ပြေပေမဲ့ အပြင်သွားရင်ဖုန်းထဲvpnထည့်သွားတယ် အန္တရာယ်ရှိပါတယ်။

အဲ့တော့အပြင်သွားရင်သုံးဖို့အတွက် vpnမလိုပဲfb messenger စတဲ့ပိတ်ထားတဲ့appတွေသုံးနည်း​ပြောပြချင်ပါတယ်။

သူကဘာappမှလဲထည့်စရာမလိုပါဘူး အဲ့ဟာကတော့ proxy ပဲဖြစ်ပါတယ်။proxyဆိုတာကတော့vpnလိုပဲကိုယ့်ရဲ့ip addressတွေကိုhideပေးပြီးတော့ နိုင်ငံတစ်နိုင်ငံမှာပိတ်ထားတဲ့ wedsite တွေ appတွေကိုသုံးလို့ရအောင်လုပ်ပေးပါတယ်။

အသေးစိတ်တော့ဆက်မရှင်းပြတော့ပါဘူး။ အဲ့တော့ကျွန်တော်တို့deviceတွေမှာ proxyကိုဘယ်လိုချိန်ရလဲဆိုတာပြောပြချင်ပါတယ်။

Wifi သမားတွေအတွက်proxy ချိန်နည်း

ကိုယ်သုံးနေတဲ့wifiမှာproxy ချိန်ချင်တယ်ဆိုရင်ပထမဆုံး wifi setting ထဲကိုသွားပါ။ကိုယ်ချိတ်ဆက်အသုံးပြုနေတဲ့ wifi ကိုနိုပ်ပြီး proxy ရှာပြီးနိုပ်လိုက်ပါ။

အဲ့ဟာကတော့setting ကdeviceတစ်ခုနဲ့တခုမတူတော့ ကျွန်အတိအကျပြောပြလို့မရပါဘူး ရှာမတွေ့ရင်လာမေးလို့ရပါတယိ။

အဲ့လိုproxyကိုရွေးပြီးသွားရင် auto manual auto-config ဆိုပြီး options 3ခုပေါ်လာပါလိမ့်မယ်။Manualကိုရွေးပါ အဲ့ကျရင် host ရယ် portရယ်ဆိုပြီးဖြည့်လို့ရတဲ့နေရာမှာ host နဲ့ portကို ရိုက်ထည့်လိုက်ပါ။ ဖြည့်ပြီးသွားရင်wifiကိုပိတ်ပြီးပြန်ချိတ်လိုက်ပါအဲ့တာဆိုရပါပြီ။

Simအသုံးပြုသူတွေအတွက်proxyချိန်နည်း

simနဲ့သုံးတဲ့လူတွေproxyချိန်မယ်ဆိုရင် ပထမဆုံး settingထဲကိုသွားပါ။ နောက်ပြီးရင် sim and internetဆိုတဲ့ဟာကိုဝင်လိုက်ပါ။

နောက်ပြီးရင် simဆိုတာကိုနိုပ်ပါ။အဲ့ကျရင်sim 2ခုရှိတဲ့လူတွေကsim 1 ,sim 2ဆိုပြီး2ခုပေါ်လာပါလိမ့်မယ်။ကိုယ်internetသုံးမဲ့simကိုနိုပ်ပါ။

နိုပ်ပြီးရင်အောက်ဘက်ကိုဆွဲလိုက်ပါ APN ( Access PointName )ကိုရွေးလိုက်ပါ။အဲ့ကျရင်internetဆိုတဲ့ဟာလေးပေါ်လာပါလိမ့်မယ်။သူ့ဘေးက! လေးကိုနိုပ်လိုက်ပါ အဲ့ကျရင် host ရယ် portရယ်ထည့်လို့ရတဲ့နေရာလေးပေါ်လာပါလိမ့်မယ်။

အဲ့မှာhostနဲ့portကိုထည့်ပြီးsaveပြီးပြန်ထွက်လိုက်ပါ။နောက်ပြီးinternetပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ အဲ့တာဆိုသုံးလို့ရပါတယ်။

Host နဲ့ portကိုတော့ google မှာ proxynovaလို့ရိုက်ပြီးရှာလို့ရပါတယ်။ poxy serverတွေကို လိုင်းပိုကောင်းအောင် asia serverတွေရွေးပြီးသုံးစေချင်ပါတယ်။

မောင်သာကျော်
သိချင်တာတွေရှိရင်လာမေးလို့ရပါတယ်
Edit_ Host နဲ့portကမရတာတွေရှိတတ်ပါတယ်စိတ်ရှည်ရှည်ရှာပေးဖို့လိုပါတယ်။
Serverမရှာတတ်တဲ့လူတွေအတွက် asia server host နဲ့ portတွေကို commentမှာချပေးထားပါတယ်။

Credit