ၾကားသိရသမွ်

ထမင်းကိုလုံးဝမစားဘဲ စက္ကူများကိုသာအရသာရှိစွာဖြင့် မြိန်ရည်လျှက်ရည်စားသုံးလေ့ရှိသည့် အသက်၂နှစ်အရွယ်ကလေးလေး

သာမန်အားဖြင့်လူသားတို့အတွက် ခွန်အားဖြစ်စေဖို့စားသုံးရသောအစားအစာ၏အဓိကရင်းမြစ်မှာထမင်းများသာဖြစ်ပါတယ်။လူအချို့ဆိုလျှင်မုန့်များကိုမည်မျှပင်စားသုံးနေပါစေ ဗိုက်ပြည့်ခြင်းမရှိဘဲ ထမင်းအနည်းငယ်စားလိုက်ရမှသာအဟာရပြည့်သွားသကဲ့သို့ခံစားရတာဖြစ်ပါတယ်။

ယခုတွင်တော့ အင်ဒိုနီးရှားနိုင်ငံ Bekasi Regencyတွင်နေထိုင်သော အသက်၂နှစ်အရွယ်သာရှိသေးသည့်ကလေးဟာထမင်းများကိုလုံးဝစားသုံးခြင်းမရှိတာဖြစ်ပါတယ်။ကလေးငယ်ဟာ စက္ကူနှင့်စာရွက်များကိုစားသုံးရတာကိုသဘောကျနှစ်သက်နေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်ကလေးငယ်၏ထူးဆန်းမှုကြောင့်လူအများတို့လာ ကလေးငယ်ထံလာရောက်လည်ပတ်ကြပြီး ကလေး၏စက္ကူစာရွက်များစားသုံးနေပုံကိုကြည့်ရှု့ပြီးဗီဒီယိုများလာရောက်ရိုက်ကူးတတ်ကြတယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Credit


