ၾကားသိရသမွ်

နွေဦးထီ ရောင်းချ၊ အားပေးသူကို ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

နွေဦးထီ ရောင်းချ၊ အားပေးသူကို ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်မယ့် ထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအား

မြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက် ကြေညာ

လိုက်ပါတယ်။

NUG ၊ CRPH အဖွဲ့က ဆောင်ရွက်မယ့် ထီဖွင့်လှစ်ဆောင်ရွက်မှုအပေါ်မှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်တာ၊ အားပေး

အားမြှောက်ပြုတာ ဒါမှမဟုတ် တနည်းနည်းနဲ့ ပါဝင်အောင်လှုံဆော်တာတွေကို စစ်ဆေးတွေ့ရှိရင်လောင်းကစားဥပဒေ၊

ရာဇသတ်ကြီးဥပဒေအရ တရားစွဲဆို ဖမ်းဆီးထောင်ချသွားမယ်လို့ စစ်ကောင်စီခန့် အမြဲတမ်းအတွင်းဝန်က သြဂုတ် ၈

ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်း ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲအမှုတွေနဲ့ ပတ်သက်ပြီးလည်း လုံးဝ

တာဝန်ယူမှာ မဟုတ်‌ကြောင်းအကြမ်းဖက်စစ်ကောင်စီက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က “အောင်လံလွှင့်ချီနွေဦးထီ” ဆိုတဲ့အမည်နဲ့ ထီရောင်းချ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေ

တာဖြစ်ပါတယ်။

ဒီအတွက် NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ပြင်ဆင်ပေးပို့လာတဲ့ လောင်းကစားဥပဒေကို

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အတည်ပြု ပြဋ္ဌာန်းတယ်လို့ ဩဂုတ် ၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ

ပါ။

ပြီးတော့ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းပျောက်ကွယ်သွားစေရေး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပီပီပြင်ပြင်

ဖြစ်ထွန်းလာစေရေးအတွက် မဆုတ်မနစ် တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို ထိထိရောက်ရောက် ထောက်ပံ့

ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ထီလက်မှတ် ဝယ်ယူတဲ့ စနစ်၊ ဆုငွေထုတ်ပေးမဲ့ စနစ်တို့ကိုလည်း မသိရသေးပေမဲ့ အွန်လိုင်းကို အခြေခံတဲ့ စနစ်မျိုးပဲ

ဖြစ်မယ်လို့ ပြည်သူတွေက ခန့်မှန်းနေကြပါတယ်။

ထီဘယ်တော့ စတင်မယ်ဆိုတာကိုတော့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မထုတ်ပြန်

သေးဘဲ ဥပဒေပြင်ဆင်တဲ့ ရည်ရွယ်ချက်မှာ ဖော်ပြထားတာကတော့ ပြည်သူတွေ တခဲနက် ဆန့်ကျင် သပိတ်မှောက်

တာကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အောင်ဘာလေထီချုပ်ငြိမ်းသွားချိန်လို့ ဆိုပါတယ်။

စစ်ကောင်စီက လက်ရှိ ဖွင့်လှစ်ရောင်းချနေတဲ့ အောင်ဘာလေထီကို ထိုးသူနည်းသွားတာကြောင့် အရင်လို ကျပ်သိန်း

၁၅၀၀၀ ဆုကြီးနဲ့ ကျပ်သိန်း ၁၀၀၀၀ ဆုတို့ကို မပေးနိုင်တော့ဘဲ ကျပ် သိန်း ၅၀၀၀ နဲ့ပဲ အများဆုံးဖွင့်လှစ်နေရတာပါ။

Ref: DVB