ပထမဆုံးအနမ်းဟာ ချစ်သူဘဝမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဘဝတစ်ခုလုံးစာ အမှတ်တရ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်သွားဖို့ သင့်တဲ့ ကိစ္စရပ်တစ်ခုပါ။ ဒီတော့ Shwemom ပရိသတ်ကြီးအနေနဲ့ ချစ်သူ ကောင်လေးကို ပထမဆုံးအနမ်းပေး မယ်ဆိုတဲ့ စိတ်ကူးရှိရင် အောက်ဖော်ပြချက်လေးတွေကို ဖတ်ထားသင့်ပါတယ်။
(၁) ခံတွင်းအနံ့ သန့်ရှင်းပါစေ
အရေးကြီးဆုံးအချက်ကတော့ ခံတွင်းအနံ့ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့ လိုပါတယ်။ လူတိုင်းနီးပါးမှာ ခံတွင်းအနံ့ဆိုးဝါးကြပါတယ်။ သာမန်အချိန်ဆို မိမိဘာသာ မသိသာပေမယ့်၊ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ အတော်လေး ဆိုးဝါးပါ တယ်။ အထူးသဖြင့် ချစ်သူနဲ့ နမ်းချိန်မှာ ခံတွင်းအနံ့ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ဒီတော့ သွားတိုက်ပါ၊ ယင်းနောက် ခံတွင်းအနံ့ပျောက်ဆေး ငုံပါ၊ ယင်းနောက် ပူရှိန်းပီကေကဲ့သို့ အနံ့လုံစေတဲ့အရာတစ်ခုခုကို ငုံသွားပါ။
(၂) ညင်သာစွာ တို့ထိပွတ်သပ်ပါ
သူ့ကို အနမ်းပေးမယ်စိတ်ကူးကတည်းက လူက ဒီအတိုင်း ထိုင်နေလို့ မရပါဘူး။ သေချာပေါက် သူ နမ်းချင်စိတ်ပေါ် လာအောင် ပြုမူရမှာပါ။ ဒီတော့ လူချင်းယှဉ်ရက်အနေအထားမှာ သူ့ကို သိုင်းဖက်ခြင်း၊ လက်ချောင်းများဖြင့် ကျော၊ လည်ပင်း စသည်တို့ကို ပွတ်သပ်ခြင်း၊ ခန္ဓာကိုယ်ယှဉ်လျှက်အနေအထားမှာ ကနွဲ့ကလျ မှီထားခြင်းတို့ဟာ ထိရောက်ပါတယ်။
(၃) မှန်ကန်သော နေရာယူမှု
အနမ်းပေးဖို့ အကောင်းဆုံး နေရာယူမှုကတော့ မျက်နှာချင်းဆိုင်အနေအထားပါဘဲ။ ဒါပေမယ့် အခြေအနေအရ ထိုင်လျှက်ဆိုရင်တော့ မိမိခန္ဓာကိုယ်က အထိုက်အလျှောက် လူးသာလွန့်သာ အခြေအနေမျိုး ထိုင်နေသင့်ပါတယ်။
(၄) မျက်လုံးချင်း အထာနပ်နေပါစေ
ချစ်သူတွေကြားမှာ မျက်လုံးနဲ့တစ်ဆင့် ပြောလို့ပြီးသွားတဲ့ စကားလုံးတွေ အများကြီးပါ။ ဒီတော့ ကျွန်မကို နမ်းပါလို့ ပါးစပ်ကနေ ထုတ်ပြောနေဖို့ မလိုပါဘူး။ မျက်လုံးချင်းသာ အရိပ်အမြွက်ပြလိုက်တာနဲ့ ချစ်သူက သင့်ရဲ့ဆန္ဒကို သိပြီးသား ဖြစ်သွားမှာပါ။
(၅) ဘေးကို အနည်းငယ် ယိမ်းလိုက်ပါ
သူလည်း အထာနပ်သွားပြီဆို သင့်ကို သူ နမ်းဖို့ ပြင်ဆင်ပါလိမ့်မယ်။ ဒီတော့ ခန္ဓာကိုယ်ကြီးကို ဒီအတိုင်း မလှုပ်မရှက်ကြီး ဖြစ်နေလို့ မရပါဘူး။ များသောအားဖြင့်တော့90%သော အနမ်းတွေဟာ ညာဘက်ကိုစောင်းပြီး နမ်းကြတာ များတယ်လို့ ဆိုပါတယ်။ ဒီတော့ ညာဘက်ကို မသိမသာလေး လည်ပင်းကို ယိမ်းပေးလိုက်ပါ။
(၆) ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ဟ တုန့်ပြန်ပါ
နမ်းတဲ့အခါမှာလည်း အငမ်းမရ ဖြစ်မနေဖို့ လိုပါတယ်။ မဟုတ်ရင် ချစ်သူက တစ်လွဲအတွေးတွေ တွေးသွားနိုင်ပါတယ်။ ဒီတော့ စက္ကန့်ပိုင်းလောက် နှုတ်ခမ်းကို မပွင့်သေးပဲ၊ သူ့လှုပ်ရှားမှုပေါ်မူတည်ပြီးမှာ နှုတ်ခမ်းတွေကို ဖွင့်ပြီးတုန့်ပြန်တာ မျိုး လုပ်သင့်ပါတယ်။
(၇) လည်ပင်းကို သိုင်းဖက်ပါ
အနမ်းအရှိန်ရလာရင်တော့ သူ့လည်ပင်းကို သိုင်းဖက်လိုက်ပါ။ သင်ဟာ နောက်ထပ် အနမ်းအတွက်လည်း အဆင်သင့်ဆိုတာ သူ့ကို သိစေချင်တဲ့သဘောပါ။
source : herinterest.com
Credit:မဒီလေး (Shwemom)
ပထမဆုံးအနမ္းဟာ ခ်စ္သူဘဝမွာ အလြန္အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ပါတယ္။ ဘဝတစ္ခုလုံးစာ အမွတ္တရ ျဖစ္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္သြားဖို႔ သင့္တဲ့ ကိစၥရပ္တစ္ခုပါ။ ဒီေတာ့ Shwemom ပရိသတ္ႀကီးအေနနဲ႔ ခ်စ္သူ ေကာင္ေလးကို ပထမဆုံးအနမ္းေပး မယ္ဆိုတဲ့ စိတ္ကူးရွိရင္ ေအာက္ေဖာ္ျပခ်က္ေလးေတြကို ဖတ္ထားသင့္ပါတယ္။
(၁) ခံတြင္းအနံ႔ သန္႔ရွင္းပါေစ
အေရးႀကီးဆုံးအခ်က္ကေတာ့ ခံတြင္းအနံ႔ ဆိုးဆိုးဝါးဝါး မျဖစ္ဖို႔ လိုပါတယ္။ လူတိုင္းနီးပါးမွာ ခံတြင္းအနံ႔ဆိုးဝါးၾကပါတယ္။ သာမန္အခ်ိန္ဆို မိမိဘာသာ မသိသာေပမယ့္၊ တစ္စုံတစ္ေယာက္နဲ႔ စကားေျပာတဲ့အခါ အေတာ္ေလး ဆိုးဝါးပါ တယ္။ အထူးသျဖင့္ ခ်စ္သူနဲ႔ နမ္းခ်ိန္မွာ ခံတြင္းအနံ႔ သန္႔ရွင္းေနဖို႔ လိုအပ္ပါတယ္။ ဒီေတာ့ သြားတိုက္ပါ၊ ယင္းေနာက္ ခံတြင္းအနံ႔ေပ်ာက္ေဆး ငုံပါ၊ ယင္းေနာက္ ပူရွိန္းပီေကကဲ့သို႔ အနံ႔လုံေစတဲ့အရာတစ္ခုခုကို ငုံသြားပါ။
(၂) ညင္သာစြာ တို႔ထိပြတ္သပ္ပါ
သူ႔ကို အနမ္းေပးမယ္စိတ္ကူးကတည္းက လူက ဒီအတိုင္း ထိုင္ေနလို႔ မရပါဘူး။ ေသခ်ာေပါက္ သူ နမ္းခ်င္စိတ္ေပၚ လာေအာင္ ျပဳမူရမွာပါ။ ဒီေတာ့ လူခ်င္းယွဥ္ရက္အေနအထားမွာ သူ႔ကို သိုင္းဖက္ျခင္း၊ လက္ေခ်ာင္းမ်ားျဖင့္ ေက်ာ၊ လည္ပင္း စသည္တို႔ကို ပြတ္သပ္ျခင္း၊ ခႏၶာကိုယ္ယွဥ္လွ်က္အေနအထားမွာ ကႏြဲ႕ကလ် မွီထားျခင္းတို႔ဟာ ထိေရာက္ပါတယ္။
(၃) မွန္ကန္ေသာ ေနရာယူမႈ
အနမ္းေပးဖို႔ အေကာင္းဆုံး ေနရာယူမႈကေတာ့ မ်က္ႏွာခ်င္းဆိုင္အေနအထားပါဘဲ။ ဒါေပမယ့္ အေျခအေနအရ ထိုင္လွ်က္ဆိုရင္ေတာ့ မိမိခႏၶာကိုယ္က အထိုက္အေလွ်ာက္ လူးသာလြန္႔သာ အေျခအေနမ်ိဳး ထိုင္ေနသင့္ပါတယ္။
(၄) မ်က္လုံးခ်င္း အထာနပ္ေနပါေစ
ခ်စ္သူေတြၾကားမွာ မ်က္လုံးနဲ႔တစ္ဆင့္ ေျပာလို႔ၿပီးသြားတဲ့ စကားလုံးေတြ အမ်ားႀကီးပါ။ ဒီေတာ့ ကြၽန္မကို နမ္းပါလို႔ ပါးစပ္ကေန ထုတ္ေျပာေနဖို႔ မလိုပါဘူး။ မ်က္လုံးခ်င္းသာ အရိပ္အႁမြက္ျပလိုက္တာနဲ႔ ခ်စ္သူက သင့္ရဲ႕ဆႏၵကို သိၿပီးသား ျဖစ္သြားမွာပါ။
(၅) ေဘးကို အနည္းငယ္ ယိမ္းလိုက္ပါ
သူလည္း အထာနပ္သြားၿပီဆို သင့္ကို သူ နမ္းဖို႔ ျပင္ဆင္ပါလိမ့္မယ္။ ဒီေတာ့ ခႏၶာကိုယ္ႀကီးကို ဒီအတိုင္း မလႈပ္မရွက္ႀကီး ျဖစ္ေနလို႔ မရပါဘူး။ မ်ားေသာအားျဖင့္ေတာ့90%ေသာ အနမ္းေတြဟာ ညာဘက္ကိုေစာင္းၿပီး နမ္းၾကတာ မ်ားတယ္လို႔ ဆိုပါတယ္။ ဒီေတာ့ ညာဘက္ကို မသိမသာေလး လည္ပင္းကို ယိမ္းေပးလိုက္ပါ။
(၆) ပါးစပ္ကို ျဖည္းညႇင္းစြာဖြင့္ဟ တုန္႔ျပန္ပါ
နမ္းတဲ့အခါမွာလည္း အငမ္းမရ ျဖစ္မေနဖို႔ လိုပါတယ္။ မဟုတ္ရင္ ခ်စ္သူက တစ္လြဲအေတြးေတြ ေတြးသြားႏိုင္ပါတယ္။ ဒီေတာ့ စကၠန္႔ပိုင္းေလာက္ ႏႈတ္ခမ္းကို မပြင့္ေသးပဲ၊ သူ႔လႈပ္ရွားမႈေပၚမူတည္ၿပီးမွာ ႏႈတ္ခမ္းေတြကို ဖြင့္ၿပီးတုန္႔ျပန္တာ မ်ိဳး လုပ္သင့္ပါတယ္။
(၇) လည္ပင္းကို သိုင္းဖက္ပါ
အနမ္းအရွိန္ရလာရင္ေတာ့ သူ႔လည္ပင္းကို သိုင္းဖက္လိုက္ပါ။ သင္ဟာ ေနာက္ထပ္ အနမ္းအတြက္လည္း အဆင္သင့္ဆိုတာ သူ႔ကို သိေစခ်င္တဲ့သေဘာပါ။
source : herinterest.com
Credit:မဒီေလး (Shwemom)