ၾကားသိရသမွ်

ပွဲတစ်ခုမှာဖျော်ဖြေဖို့ရှိတာကြောင့် ပရိသတ်တွေ အထင်အမြင်မလွဲစေဖို့ ကြိုတင်ပြီး ရှင်းပြလာတဲ့ အေးမြဖြူ

Myanmar Idol Season (4) မှာ Top 3 list ထဲထိ တက်လှမ်းနိုင်ခဲ့တဲ့ အေးမြဖြူဟာ လူငယ်ပေမယ့် အဆိုပညာမှာ ထူးချွန်သူတစ်ယောက်ပါ။ ပညာလည်းတော်တာကြောင့် မိဘဂုဏ်ယူရတဲ့ သမီးလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့သလို သီချင်းဆိုပြိုင်ပွဲတွေမှာလည်း သူမကိုတွေ့ရတာမို့ ပရိသတ်တွေက မိုးသိုငယ်ငယ်လေး ကတည်းက ချစ်ခင်ပြီးအားပေးခဲ့ကြပါတယ်။

ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အချိန်မှာတော့ Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့အရည်အချင်းကြောင့် အားပေးတဲ့ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာလည်း တတ်စွမ်းသလောက်ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးအစပိုင်းမှာ မိုးသိုနဲ့ပတ်သက်တဲ့ အထင်လွဲမှုအနည်းငယ်ရှိခဲ့တာကြောင့် သူမက ပရိသတ်တွေကို ပြန်လည် ရှင်းပြပြီး တောင်းပန်ခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ သွားရောက်ဖျော်ဖြေဖို့ ရှိတာကြောင့် ပရိသတ်တွေအထင်မှား အမြင်မှား မဖြစ်ရအောင် သူမရဲ့ Facebook Myday ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ အထိခိုက်မခံတဲ့ အခြေအနေတွေမှာ သူမအနေနဲ့လည်း ပရိသတ်အထင်အမြင် လွဲမှားမှာမျိုးတွေ ထပ်မဖြစ်စေချင်ပုံပါပဲ။

ဖျော်ဖြေပွဲသွားရမယ့်အကြောင်းကို ” မနက်ဖြန် အမျိုးမင်္ဂလာဆောင်သွားဆိုပေးဖို့ရှိလို့ပါ စကစပွဲလည်း မဟုတ်သလို ဘာမှလည်းမသက်ဆိုင်ပါဘူး အဲ့တာကြောင့်ကြိုပြီးပြောပြထားရ တာပါ ” ဆိုပြီး ပြောလာခဲ့ ပါတယ်။

သူမရဲ့ပရိသတ်တွေကတော့ သူမရဲ့သဘောထားကို အပြည့်အဝနားလည်ကြမှာပါ။ အေးချမ်းသွားတဲ့နေ့ရက်တွေရောက်လာခဲ့ရင် မိုးသိုလေးရဲ့ အသံချိုချိုလေးနဲ့ သီချင်းအသစ်တွေကို နားဆင်ဖို့ သူမရဲ့ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။