အသက်( ၅ )နဲ့ အရွယ်နှင့်မမျှတအောင် အပျိုဖော်ဝင်နေတဲ့ သမီးငယ်လေးကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတဲ့မိခင်
တရုတ်ပြည် သာမန်မိသားစုဝင် အသက်(၅)နှစ်ကျော် ဟုန်ဟုန်အမည်ရ မိန်းခလေးသည် အမေဖြစ်သူနှင့် ရေချိုးကြရာ သမီးလေးဟုန်ဟုန်၏ ရင်ဘတ်နေရာ၌ အကြိတ်လုံးသဏ္ဍာရှိနေကြောင်း မထင်မှတ်ဘဲသူမအမေသိရပြီးနောက်
ဟုန်ဟုန်အား ဆေးရုံသို့ခေါ်ဆောင်၍ စစ်ဆေးရာ အရွယ်နှင့်မမျှတသော အပျိုဖော်ဝင်ဖွံ့ဖြိုးနေကြောင်း ဆရာဝန်ကပြောခဲ့သည်။ B Ray ဓါတ်မှန်နှင့်လက်ကောက်ဝတ်အရိုး တိုင်းထွာရာအသက် (၂) ဆခန့်အပျိုဖော်ဝင်ရောက်နေပြီး
လက်ကောက်ဝတ်အရိုးမှ အသက်ထက် ၂ နှစ်စောနေကြောင်း ဆရာဝန်မှ ဟုန်ဟုန်၏အဖြေအား စိတ်မကောင်းစွာဖြင့် ထိုခလေးငယ်၏ မိခင်အားပြောကြားခဲ့သည်။ မိမိခလေးအရပ်ပု၍ ကယ်လ်ဆီယံနှင့် အရိုးဟင်ရည်အား ဟုန်ဟုန်းကိုအမြဲကျွေးသည်ဟု
ဟုန်ဟုန်း၏ မိခင်မှပြောသည်။ မဆိုင်ပါ။ ယနေ့တရုတ်ပြည် လူနေမှုအဆင့်တန်းမြှင့်လာသည့် နည်းတူ မုန့်ပဲသွားရေစာများလည်း ပေါများလာသည်။ တရုတ်ပြည် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တရုတ်ပြည်ရှိ ခလေးမပေါင်း (၅) သိန်းခွဲခန့်မှာ
လူပျို/အပျိုဖော် အချိန်မတိုင်ဘဲ ရောက်ရှိနေကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။နှစ်စဉ်နှစ်တိုင်း လူဦးရေ၏ 0.43% အထိရှိကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၀စစ်တမ်းအရ သမီးငယ်များသည် သားငယ်များထက်ပို၍ အပျိုဖော်ဝင်တတ်ကြပြီး အဓိကအကြောင်းအရင်းမှာ
“junk food” ခေါ်သရေစာများ အစားများခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည်။ အမြန်စားခေါက်ဆွဲပြုတ်၊ မုန့်အပွကြော်၊ ဆီကြော်မှုန့်နှင့် ကြက်ကြော်များကြောင့် ဖြစ်ရကြောင်း ပညာရှင်များက ဖော်ပြခဲ့ကြသည်။
ထို့အပြင် အမြန်ကြီးထွားစေရန် ဟော်မုန်းဓါတ်ကြွင်းများက အသားအစားအစာမှတဆင့် လူ့ခန္ဓာထဲရောက်ကြသည်ဟု ဆိုကြသည်။ ထို့အပြင် ဒုတိယအချက်သည် လူနေထိုင်မှုစရိုက်များ ပြောင်းလဲလာခြင်းဟု ဆိုသည်။
ညနက်သည်အထိ နေထိုင်ကြသောမိဘများမှ တဆင့်ကလေးငယ်များ ထိုအကျင့်ပါလာသကဲ့သို့ မိဘအုပ်ထိန်းမှုကင်းလွတ်ချိန်၌ ကလေးငယ်များက ဖုန်းမှတဆင့် မမြင်အပ်သည့် ရုပ်ရှင်၊ ဓါတ်ပုံများ မြင်လာရသည်ဟုဆိုသည်။ ထို့အပြင်ဟုန်ဟုန်ကဲ့သို့
မိဘများမှ မိမိရင်သွေးများအား ဖွံ့ဖြိုးထွားကျိုင်းမှုအစိုးရိမ်လွန်ကဲစွာ အားဆေးများ ပံ့ပိုးခဲ့ခြင်းကလည်း တတိယအချက်ဖြစ်သည်ဟု ဆိုကြသည်။အသားမှဟော်မုန်းဓါတ်ကြွင်းများသည် ခလေးငယ်များအား လူပျို/အပျိုဖော်ဝင်စေရန် တွန်းပို့တတ်ကြသေးသည်။
အသက် (၈) နှစ်မတိုင်ခင် ခန္ဓာကိုယ်ပုံစံပြောင်းလဲလာသည့် အဆိုပါခလေးမူမမှန်ဖွံ့ဖြိုးမှုရောဂါအား သတိပြုကြရန် ကလေးအထူးကုပါရဂူ ဒေါက်တာမြောင်မှ သတိပေးခဲ့သည်။ဒေါက်တာ မြောင်သည် တရုတ်ပြည်ဆေးရုံတခုမှ ကလေးပြန်လည်သန်စွမ်းရေး ပါရဂူပညာရှင်ဖြစ်သည်။
အခုဖော်ပြပါ ဆောင်းပါးသည် တရုတ်ပြည်၌ အုပ်အော်သောင်းနင်းဖြစ်နေသည့် ကိစ္စရပ်လည်းဖြစ်ခဲ့သည်။Credit
Zawgyi
အသက္( ၅ )နဲ႔ အ႐ြယ္ႏွင့္မမွ်တေအာင္ အပ်ိဳေဖာ္ဝင္ေနတဲ့ သမီးငယ္ေလးေၾကာင့္ အထိတ္တလန႔္ျဖစ္ခဲ့ရတဲ့မိခင္
တ႐ုတ္ျပည္ သာမန္မိသားစုဝင္ အသက္(၅)ႏွစ္ေက်ာ္ ဟုန္ဟုန္အမည္ရ မိန္းခေလးသည္ အေမျဖစ္သူႏွင့္ ေရခ်ိဳးၾကရာ သမီးေလးဟုန္ဟုန္၏ ရင္ဘတ္ေနရာ၌ အႀကိတ္လုံးသ႑ာရွိေနေၾကာင္း မထင္မွတ္ဘဲသူမအေမသိရၿပီးေနာက္
ဟုန္ဟုန္အား ေဆး႐ုံသို႔ေခၚေဆာင္၍ စစ္ေဆးရာ အ႐ြယ္ႏွင့္မမွ်တေသာ အပ်ိဳေဖာ္ဝင္ဖြံ႕ၿဖိဳးေနေၾကာင္း ဆရာဝန္ကေျပာခဲ့သည္။ B Ray ဓါတ္မွန္ႏွင့္လက္ေကာက္ဝတ္အ႐ိုး တိုင္းထြာရာအသက္ (၂) ဆခန႔္အပ်ိဳေဖာ္ဝင္ေရာက္ေနၿပီး
လက္ေကာက္ဝတ္အ႐ိုးမွ အသက္ထက္ ၂ ႏွစ္ေစာေနေၾကာင္း ဆရာဝန္မွ ဟုန္ဟုန္၏အေျဖအား စိတ္မေကာင္းစြာျဖင့္ ထိုခေလးငယ္၏ မိခင္အားေျပာၾကားခဲ့သည္။ မိမိခေလးအရပ္ပု၍ ကယ္လ္ဆီယံႏွင့္ အ႐ိုးဟင္ရည္အား ဟုန္ဟုန္းကိုအၿမဲေကြၽးသည္ဟု
ဟုန္ဟုန္း၏ မိခင္မွေျပာသည္။ မဆိုင္ပါ။ ယေန႔တ႐ုတ္ျပည္ လူေနမႈအဆင့္တန္းျမႇင့္လာသည့္ နည္းတူ မုန႔္ပဲသြားေရစာမ်ားလည္း ေပါမ်ားလာသည္။ တ႐ုတ္ျပည္ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ တ႐ုတ္ျပည္ရွိ ခေလးမေပါင္း (၅) သိန္းခြဲခန႔္မွာ
လူပ်ိဳ/အပ်ိဳေဖာ္ အခ်ိန္မတိုင္ဘဲ ေရာက္ရွိေနေၾကာင္း တရားဝင္ထုတ္ျပန္ခဲ့သည္။ႏွစ္စဥ္ႏွစ္တိုင္း လူဦးေရ၏ 0.43% အထိရွိေၾကာင္း ေဖာ္ျပခဲ့သည္။ ၂၀၂၀စစ္တမ္းအရ သမီးငယ္မ်ားသည္ သားငယ္မ်ားထက္ပို၍ အပ်ိဳေဖာ္ဝင္တတ္ၾကၿပီး အဓိကအေၾကာင္းအရင္းမွာ
“junk food” ေခၚသေရစာမ်ား အစားမ်ားျခင္းေၾကာင့္ျဖစ္ေၾကာင္း ပညာရွင္မ်ားက ေထာက္ျပခဲ့ၾကသည္။ အျမန္စားေခါက္ဆြဲျပဳတ္၊ မုန႔္အပြေၾကာ္၊ ဆီေၾကာ္မႈန႔္ႏွင့္ ၾကက္ေၾကာ္မ်ားေၾကာင့္ ျဖစ္ရေၾကာင္း ပညာရွင္မ်ားက ေဖာ္ျပခဲ့ၾကသည္။
ထို႔အျပင္ အျမန္ႀကီးထြားေစရန္ ေဟာ္မုန္းဓါတ္ႂကြင္းမ်ားက အသားအစားအစာမွတဆင့္ လူ႔ခႏၶာထဲေရာက္ၾကသည္ဟု ဆိုၾကသည္။ ထို႔အျပင္ ဒုတိယအခ်က္သည္ လူေနထိုင္မႈစ႐ိုက္မ်ား ေျပာင္းလဲလာျခင္းဟု ဆိုသည္။
ညနက္သည္အထိ ေနထိုင္ၾကေသာမိဘမ်ားမွ တဆင့္ကေလးငယ္မ်ား ထိုအက်င့္ပါလာသကဲ့သို႔ မိဘအုပ္ထိန္းမႈကင္းလြတ္ခ်ိန္၌ ကေလးငယ္မ်ားက ဖုန္းမွတဆင့္ မျမင္အပ္သည့္ ႐ုပ္ရွင္၊ ဓါတ္ပုံမ်ား ျမင္လာရသည္ဟုဆိုသည္။ ထို႔အျပင္ဟုန္ဟုန္ကဲ့သို႔
မိဘမ်ားမွ မိမိရင္ေသြးမ်ားအား ဖြံ႕ၿဖိဳးထြားက်ိဳင္းမႈအစိုးရိမ္လြန္ကဲစြာ အားေဆးမ်ား ပံ့ပိုးခဲ့ျခင္းကလည္း တတိယအခ်က္ျဖစ္သည္ဟု ဆိုၾကသည္။အသားမွေဟာ္မုန္းဓါတ္ႂကြင္းမ်ားသည္ ခေလးငယ္မ်ားအား လူပ်ိဳ/အပ်ိဳေဖာ္ဝင္ေစရန္ တြန္းပို႔တတ္ၾကေသးသည္။
အသက္ (၈) ႏွစ္မတိုင္ခင္ ခႏၶာကိုယ္ပုံစံေျပာင္းလဲလာသည့္ အဆိုပါခေလးမူမမွန္ဖြံ႕ၿဖိဳးမႈေရာဂါအား သတိျပဳၾကရန္ ကေလးအထူးကုပါရဂူ ေဒါက္တာေျမာင္မွ သတိေပးခဲ့သည္။ေဒါက္တာ ေျမာင္သည္ တ႐ုတ္ျပည္ေဆး႐ုံတခုမွ ကေလးျပန္လည္သန္စြမ္းေရး ပါရဂူပညာရွင္ျဖစ္သည္။
အခုေဖာ္ျပပါ ေဆာင္းပါးသည္ တ႐ုတ္ျပည္၌ အုပ္ေအာ္ေသာင္းနင္းျဖစ္ေနသည့္ ကိစၥရပ္လည္းျဖစ္ခဲ့သည္။Credit