ကြားသိရသမျှ

ကြားဖြတ်ဈေးဝယ်သူကို closed လို့ရေးထားတဲ့ ဆိုင်းဘုတ်နဲ့ ပစ်ပေါက်ခဲ့တဲ့ အရောင်းစာရေးမ (ရုပ်သံ)

စတိုးဆိုင်မှာ ငွေရှင်းဖို့ စောင့်ရတဲ့အခါ ဒါမှမဟုတ် စားသောက်ဆိုင်မှာ အစားအသောက်တွေမှာဖို့ စောင့်ရတဲ့အခါတွေမှာ တစ်ခါတလေ စိတ်မရှည်ပြီး ဒေါသတွေ ထွက်လာတတ်ပါတယ်။ အဲဒီလို အဆင်မပြေတဲ့ အခိုက်အတန့်တွေက ဆိုးဆိုးဝါးဝါး အခြေအနေတွေဆီကို ပြောင်းလဲသွားတတ်ပါတယ်။

Twitter သုံးသူ တစ်ယောက်က video လေး တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီ video လေးဟာ အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ Johor ပြည်နယ်၊ Batu Pahat ခရိုင်မှာရှိတဲ့ စတိုးဆိုင်တစ်ဆိုင်က အရောင်းစာရေးမတစ်ယောက်က ဈေးဝယ်သူကို “ဆိုင်ပိတ်သည်” (closed) လို့ ရေးထားတဲ့ ဆိုင်းဘုတ်နဲ့ ပစ်ပေါက်လိုက်တဲ့ video ပဲ ဖြစ်ပါတယ်။

အရောင်းစာရေးမက တော်တော်ကို ဒေါသထွက်နေပုံပေါ်ပြီး ဈေးဝယ်သူကိုလည်း အော်နေခဲ့ပါတယ်။ သူမရဲ့ဒေါသတွေကို မထိန်းနိုင်ဘဲ “ဆိုင်ပိတ်သည်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ပစ်ပေါက်ခဲ့တာပါ။ ဈေးဝယ်သူက အရောင်းစာရေးမနဲ့ ပြဿနာတက်နေတာကို အစအဆုံး ဖုန်းနဲ့ မှတ်တမ်းတင်ထားခဲ့ ပါတယ်။ သူမ ပစ်ပေါက်လိုက်တဲ့အခါမှာ ဈေးဝယ်သူရဲ့ ဖုန်းလည်း အောက်ကို ပြုတ်ကျသွားပါတယ်။

Facebook သုံးသူ တစ်ယောက်ကတော့ ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို ပြောပြပေးထားပါတယ်။ အဲဒါကတော့ ဈေးဝယ်သူက အရောင်းစာရေးမရဲ့နောက်က ပစ္စည်းတစ်ခုကို ဝယ်ချင်ပါတယ်။ ဒါပေမယ့် ဈေးဝယ်သူက အရောင်းစာရေးမကို လိုချင်တဲ့ ပစ္စည်းလေး လှမ်းယူပေးဖို့ ပြောတဲ့အခါ အရောင်းစာရေးမက ဒေါသထွက်သွားခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီစတိုးဆိုင်ကို လူတွေ သိပ်မဝယ်ကြတော့ဘူးဆိုတာပါ။

တခြား Facebook သုံးသူတစ်ယောက်ကလည်း အဲဒီကိစ္စဖြစ်ရတဲ့ အကြောင်းကို ပြောပြပါသေးတယ်။ အဲဒါကတော့ အရောင်းစာရေးမက တခြားဈေးဝယ်သူတွေရဲ့ ပစ္စည်းတွေကို ငွေရှင်းပေးနေတဲ့ အချိန်မှာ ဈေးဝယ်အမျိုးသမီးကြီး တစ်ယောက်က ကြားဝင်ပြီး တန်းစီပါတယ်။ အရောင်းစာရေးမက ရှေ့က ဈေးဝယ်သူတွေရဲ့ ပစ္စည်းတွေကိုပဲ ရှင်းပေးနေခဲ့ပြီး အဲဒီဈေးဝယ်သူ အမျိးသမီးကိုတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။

ဈေးဝယ်သူ အမျိုးသမီးကြီးက အရောင်းစာရေးမကို အရင် စအော်လိုက်ပါတယ်။ ပြီးတော့ video လည်း ရိုက်ထားပါသေးတယ်။ စတိုးဆိုင်ရဲ့ ကိုယ်စားလှယ်နဲ့ အရောင်းစာရေးမရဲ့ မိသားစုတို့ဟာ ဈေးဝယ်သူအမျိုးသမီးကြီးရဲ့ မိသားစုနဲ့တွေ့ခဲ့ကြပါတယ်။ နောက်တော့ သူတို့ ပြေပြေလည်လည် ဖြစ်သွားကြောင်း တခြား facebook သုံးသူက ဖော်ပြပေးထားပါတယ်။ အရောင်းစာရေးမအလုပ် ဆိုတာကလည်း စိတ်ရှည်ဖို့လိုသလို ဈေးဝယ်သူတွေကလည်း စိတ်ရှည်ဖို့လိုပြီး ငွေရှင်းဖို့ စောင့်နေချိန်မှာ ကြားဖြတ် မဝင်သင့်ပါဘူး။

ရုပ်သံ

Zombie (Lovemedia)

Ref – Worldofbuzz

For Zawgyi