တာ႐ိုးက်ိဳးလို႔ စိုက္ခင္းေတြ ေရျမဳတ္တာ အစိုးရက ေလ်ာ္ေၾကးေပးမယ္တဲ့
ၫႊန္ၾကားခ်က္ထြက္ပါက ေရျမဳပ္ပ်က္စီးေတာင္သူမ်ားအတြက္သီးႏွံေလ်ာ္ေၾကးခ်က္ခ်င္းထုတ္ေပးမည္..
ေ႐ႊဂဲ ေရထိန္းတံခါးက်ိဳးေပါက္ကာ ျမစ္ေရဝင္ေရာက္မႈၾကာင့္ စိုက္ခင္းဧက တစ္ရာေက်ာ္ပ်က္စီး ၊ တိုင္းအစိုးရၫႊန္ၾကားပါက ေလ်ာ္ေၾကးေပးမည္
မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ေ႐ႊဂဲေရထိန္းတံခါးတာ႐ိုးက်ိဳးေပါက္ကာ ျမစ္ေရဝင္ေရာက္မႈေၾကာင့္ စိုက္ခင္းဧက တစ္ရာေက်ာ္ ပ်က္စီးခဲ့ၿပီး တိုင္းအစိုးရမွ ၫႊန္ၾကားပါက ေလ်ာ္ေၾကးေငြေပးသြားမည္ျဖစ္ေၾကာင္းမႏၲေလးတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနက သိရသည္။
ေ႐ႊဂဲေရထိန္းတံခါးတာ႐ိုး က်ိဳးေပါက္မႈသည္ ဇူလိုင္ (၁၉)ရက္ ညေနပိုင္းမွ စတင္ကာျဖစ္ေပၚခဲ့ၿပီး ဇူလိုင္၂၀ ရက္ေန႔ ည(၇)နာရီခြဲဝန္းက်င္တြင္ ပိတ္ဆို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္ ။
“သီးႏွံစိုက္ခင္း တစ္ရာေက်ာ္ ေရႏွစ္ျမဳပ္ပ်က္စီးခဲ့တယ္ ၊ ဟင္းသီးဟင္း႐ြက္စိုက္ခင္းေတြပါ ၊ တိုင္းအစိုးရက ဘာမွၫႊန္ၾကားတာမရွိေသးေတာ့ ဘာမွမလုပ္ရေသးဘူး ၊ ၫႊန္ၾကားရင္ေတာ့ ခ်က္ခ်င္းေလ််ာ္ေၾကးေငြေပးသြားမွာပါ
“ဟုမႏၲေလးတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနမွ ဦးစီးမႉး ဦးတိုးမင္းကေျပာသည္ ။
တာ႐ိုးက်ိဳးေပါက္မႈေၾကာင့္ အမရပူရၿမိဳ႕နယ္အတြင္ရွိရပ္ကြက္ ၇ ရပ္ကြက္မွ အိမ္ေထာင္စုေပါင္း ၃၃၀၀ ေက်ာ္၊ လူဦးေရ ၁၃၀၀၀ ေက်ာ္ေရေဘးသင့္ခဲ့ၿပီး ကယ္ဆယ္ေရးစခန္း ၂၂ ခုဖြင့္လွစ္ထားေၾကာင္းသိရသည္။
“ပ်က္စီးသြားတာေတာ့ ေျမပဲတို႔ သခြားတို႔ ပ်က္စီးသြားတာေပါ့ ၊ အရင္းအႏွီးကေတာ့ ဆယ္သိန္းနီးပါးေလာက္ရွိတယ္ ” ဟု ေ႐ႊဂဲ ေက်း႐ြာမွ ဦးထြန္းလႈိင္ကေျပာသည္ ။
လက္ရွိအခ်ိန္တြင္ေရဝင္သည့္ ရပ္ကြက္မ်ားမွ ေရမ်ားအျမန္ဆုံး ေလ်ာ့နည္းသြားေစရန္အတြက္ ေရစုတ္စက္ႀကီးမ်ားျဖင့္ေရစုတ္ထုတ္ေနကာ က်ိဳးေပါက္သြားသည့္ေနရာကိုလည္းေက်ာက္မ်ား ထပ္မံပိတ္ဆို႔ေနသည္ ။
ေနသူရိန္လင္း
TheFifthWave
Unicode
ရွှေဂဲ ရေထိန်းတံခါးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြာင့် စိုက်ခင်းဧက တစ်ရာကျော်ပျက်စီး ၊ တိုင်းအစိုးရညွှန်ကြားပါက လျော်ကြေးပေးမည်
မန္တလေးမြို့ အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးတာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းဧက တစ်ရာကျော် ပျက်စီးခဲ့ပြီး တိုင်းအစိုးရမှ ညွှန်ကြားပါက လျော်ကြေးငွေပေးသွားမည်ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ရွှေဂဲရေထိန်းတံခါးတာရိုး ကျိုးပေါက်မှုသည် ဇူလိုင် (၁၉)ရက် ညနေပိုင်းမှ စတင်ကာဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၂၀ ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်တွင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့သည် ။
“သီးနှံစိုက်ခင်း တစ်ရာကျော် ရေနှစ်မြုပ်ပျက်စီးခဲ့တယ် ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေပါ ၊ တိုင်းအစိုးရက ဘာမှညွှန်ကြားတာမရှိသေးတော့ ဘာမှမလုပ်ရသေးဘူး ၊ ညွှန်ကြားရင်တော့ ချက်ချင်းလျေျာ်ကြေးငွေပေးသွားမှာပါ
“ဟုမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတိုးမင်းကပြောသည် ။
တာရိုးကျိုးပေါက်မှုကြောင့် အမရပူရမြို့နယ်အတွင်ရှိရပ်ကွက် ၇ ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၃၃၀၀ ကျော်၊ လူဦးရေ ၁၃၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၂၂ ခုဖွင့်လှစ်ထားကြောင်းသိရသည်။
“ပျက်စီးသွားတာတော့ မြေပဲတို့ သခွားတို့ ပျက်စီးသွားတာပေါ့ ၊ အရင်းအနှီးကတော့ ဆယ်သိန်းနီးပါးလောက်ရှိတယ် ” ဟု ရွှေဂဲ ကျေးရွာမှ ဦးထွန်းလှိုင်ကပြောသည် ။
လက်ရှိအချိန်တွင်ရေဝင်သည့် ရပ်ကွက်များမှ ရေများအမြန်ဆုံး လျော့နည်းသွားစေရန်အတွက် ရေစုတ်စက်ကြီးများဖြင့်ရေစုတ်ထုတ်နေကာ ကျိုးပေါက်သွားသည့်နေရာကိုလည်းကျောက်များ ထပ်မံပိတ်ဆို့နေသည် ။
နေသူရိန်လင်း
TheFifthWave