ၾကားသိရသမွ်

“Accept NUG ၊ Reject Military” ပရိုဖိုင် ချိန်းသူများအား စာရင်းပြုစုထားရန် စစ်ကောင်စီညွန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံပါ၊ စစ်တပ်ကို ငြင်းပယ်ပါဟု အဓိပ္ပာယ်ရသည့် “Accept NUG ၊ Reject Military” ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်က ပရိုဖိုင် ကမ်ပိန်း

လှုပ်ရှားမှုတွင် ပါဝင်သူများအားစာရင်းပြုစုထားရန် စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရပ်ကွက်အားလုံးကို ညွှန်ကြားထားသည့် ကြေးနန်းစာတစ်စောင် ပျံ့နှံ့နေသည်။

လူမှုကွန်ရက်ပေါ်ရှိ ပရိုဖိုင်ကမ်ပိန်း ပြုလုပ်သူများသည် NUG ကို ထောက်ခံနေသူများ ဖြစ်သည့်အပြင် အကြမ်းဖက်လုပ်ရပ်များအား

ပြုလုပ်ရန် တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူများ ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် အစိုးရမဟုတ်သည့်အပြင် အာဏာသိမ်း အကြမ်းဖက်သမားတွေသာ ဖြစ်ကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရကိုသာ

လူထုတစ်ရပ်လုံးက ထောက်ခံ အသိအမှတ်ပြုကြောင်း ပြသသည့်အနေဖြင့် “Accept NUG ၊ Reject Military” လှုပ်ရှားမှုကို ယမန်နေ့က စတင်ပြုလုပ်နေကြခြင်း ဖြစ်သည်။

Source : Mizzima

Zawgyi

Accept NUG ၊ Reject Military ပ႐ိုဖိုင္ ခ်ိန္းသူမ်ားအား စာရင္းျပဳစုထားရန္ စစ္ေကာင္စီၫြန္ၾကား

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို ေထာက္ခံပါ၊ စစၱပၠို ျငင္းပယ္ပါဟု အဓိပၸာယ္ရသည့္ Accept NUG ၊ Reject Military ေဖ့စ္ဘြတ္လူမႈကြန္ရက္ေပၚက ပ႐ိုဖိုင္ ကမ္ပိန္း

လႈပ္ရွားမႈတြင္ ပါဝင္သူမ်ားအားစာရင္းျပဳစုထားရန္ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕က ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ရပ္ကြက္အားလုံးကို ၫႊန္ၾကားထားသည့္ ေၾကးနန္းစာတစ္ေစာင္ ပ်ံ႕ႏွံ႔ေနသည္။

လူမႈကြန္ရက္ေပၚရွိ ပ႐ိုဖိုင္ကမ္ပိန္း ျပဳလုပ္သူမ်ားသည္ NUG ကို ေထာက္ခံေနသူမ်ား ျဖစ္သည့္အျပင္ အၾကမ္းဖက္လုပ္ရပ္မ်ားအား

ျပဳလုပ္ရန္ တိုက္တြန္းသူ၊ အားေပးအားေျမႇာက္ျပဳသူ၊ ဝါဒျဖန႔္ေနသူမ်ား ျဖစ္သည္ဟု စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕က ဆိုထားသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ျပည္သူလူထုကို ကိုယ္စားျပဳသည့္ အစိုးရမဟုတ္သည့္အျပင္ အာဏာသိမ္း အၾကမ္းဖက္သမားေတြသာ ျဖစ္ေၾကာင္းႏွင့္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရကိုသာ

လူထုတစ္ရပ္လုံးက ေထာက္ခံ အသိအမွတ္ျပဳေၾကာင္း ျပသသည့္အေနျဖင့္ Accept NUG ၊ Reject Military လႈပ္ရွားမႈကို ယမန္ေန႔က စတင္ျပဳလုပ္ေနၾကျခင္း ျဖစ္သည္။

Source : Mizzima