ကြားသိရသမျှ

ကောင်မလေးရဲ့ မွေးနေ့မှာ Surprise လုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူမရဲ့လှည့်စားမှုကို သိလိုက်ရလို့ ဝမ်းနည်းနေခဲ့တဲ့ အမျိုးသား

မကြာသေးမီက ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူအတွက် မွေးနေ့ Surprise ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဓာတ်ပုံများကို မျှဝေပြီးနောက် ပျံ့နှံ့သွားခဲ့ပါတယ် ။ ၎င်းဟာ သူမရဲ့ မွေးနေ့ ဖြစ်ပြီ မွေးနေ့အတွက် လက်ဆောင်ပန်းစည်းများကို ယူဆောင်လာစဉ် ကောင်လေးဟာ ဝမ်းနည်းဖွယ်ပုံရိပ်ကို မြင်တွေ့ခဲ့ရပါတယ် ။ သူ့ရဲ့ကောင်မလေးကို အခြားကောင်လေးက ကျောပိုးပြီး သူတို့နှစ်ဦးပျော်ရွှင်နေတာကို တွေ့ပြီး မျက်ရည်များကို ထိန်းထားနေတဲ့ ကောင်လေးက ပန်းစည်းကိုကိုင်လျက် သူ့ရည်းစားနဲ့ အခြားတစ်ယောက် ပျော်နေတာကို ဓာတ်ပုံရိုက်ပြီး ဝေမျှလိုက်တာပါ ။

“ ဒီနေ့က ငါ့ကောင်မလေးရဲ့မွေးနေ့မို့ သူမကို Surprise လုပ်ဖို့ စိတ်ကူးထားခဲ့တာ။ ဒီမြင်ကွင်းကိုမြင်ရလိမ့်မယ်လိုါ ငါမမျှော်လင့်ခဲ့ဘူး ။ အခုတော့ ငါဘဲ Surprise လုပ်ခံလိုက်ရတယ်” ဆိုပြီး ကောင်လေးက ဝမ်းနည်းစွာရေးသားခဲ့ပါတယ် ။ ဒီကောင်လေးက သူတို့ကိုထိပ်တိုက်ရင်ဆိုင်တာလား ဒါမှမဟုတ် သူတို့ကို တစ်ယောက်တည်းထားခဲ့တာလား ဆိုတာကို မသိရသေးပေမယ့် အင်တာနက်က လူအတော်များများက ကောင်လေးကို စိတ်နှလုံးအကြွင်းမဲ့ချစ်မယ့်သူနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ကြပါတယ် ။

JRose (KBdailynews)

Reference : rachfeed

Zawgyi

.