ၾကားသိရသမွ်

ကလေးမလေးအား ဝိုင်းဆဲနေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို…

၄၄လမ်းက အရှင်ဖမ်းမိသွားတဲ့ ကလေးမလေးအား ဝိုင်းဆဲနေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို

၄၄ လမ်း လူငယ်တွေက သူရဲကောင်းတွေဆို အယ်ကိုတို့ အယ်မတို့ရေ။ ၄၄လမ်းမှာ ခုန်ချနောက်ကျလို့ အရှင်ဖမ်းမိသွားတဲ့ ကလေးမလေးကို ဝိုင်းဆဲနေတာ အံ့ကြီးတောင် ဩမိပါရဲ့။

MWD, MRTV က လွှင့်တယ်။ သူတို့ပြောခိုင်းသမျှ ပြောရရှာတယ်ဆိုတာ အသိသာကြီး။ သူတို့လို အသက်၂၀ ဝန်းကျင် လူငယ်တွေ မပြောနဲ့ တော်လှန်ရေးကို ဖင်ဂျွတ်တက်အောင်လုပ်လာတဲ့ ခေါင်းဆောင်ပိုင်းတွေတောင် ဖမ်းမိသွားရင် ပြောခိုင်းတာ ပြောရတာပဲမလား။

မပြောရင် ဘယ်လိုလူမဆန်အောင် နှိပ်စက်လဲ မသိကြလို့လား။ ဒီကောင်တွေရဲ့ လူမဆန်မှုကို စာဖွဲ့ပြောပြနေစရာ လိုသေးလား။

အခု ခုန်ချသွားတဲ့ လူငယ်တွေက အဲ့လိုပြောရမှာစိုးလို့၊ အဲ့လို ပြောရရင် သစ္စာဖောက်လို့ ဝိုင်းအပြစ်တင် စွတ်စွဲကြတဲ့ စွတ်စွဲချက်တွေကို မခံယူနိုင်လို့ အသက်ကို စွန့်ခဲ့ကြတာရော မဖြစ်နိုင်ဘူးလား။

အခု ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ရဲဘော်ရဲဘက် ဒီလူငယ်မိန်းကလေးကို အပြစ်တင် ဘလိန်းနေတာ တမလွန်က သူတို့ ပျော်ရွှင်နေမယ် ထင်လို့လား အေတို့ရေ။

မိသွားရင် ခိုင်းတာပြောအောင် နှိပ်စက်၊ ခိုင်းတာ ပြောရပြီဆို သီဟတင်စိုးထက် တစ်ထွာပိုတဲ့ တော်လှန်သူကြီးများ ဝိုင်းလက်ညှိုးထိုးတာ မြင်ပြီး နောက်ထပ်လူငယ်တွေ ဖြစ်လာရင် ခုန်ချဖို့ပဲ ရွေးချယ်ကြပြီဆို လူသတ်သမားထဲ ခင်ဗျားတို့ ပါနေပြီဆိုတာလေး မမေ့ပါနဲ့။

သူတို့ တော်လှန်ခဲ့ကြတယ်။ အသက်တွေပေးရသူက ပေးလိုက်ရပြီ။ ထောင်ထဲမှာ ဘဝကို ပေးရမယ့်သူက ပေးနေရပြီ။ လိုအပ်တာထက် ပိုတာဝန်ကျေလွန်းခဲ့ကြပါပြီ။

သူတို့ဆီက ဒီ့ထက် မမျှော်လင့်ကြပါနဲ့တော့။ ကျုပ်တို့ တာဝန်က MWD, MRTV ကပြောနေသမျှကို ဘာမှလိုက်မခံစားနေဖို့ပဲ မဟုတ်ဘူးလား။ ဒီလောက်လေးတောင် စိတ်မခိုင်ဘူးလား။

ဒီမိန်းကလေးဟာလည်း ခင်ဗျားတို့ ပါးစပ်ဖျားက ကြယ်လေးဖြစ်ဖို့ ခြေတစ်လှမ်းစာပဲ နောက်ကျခဲ့သူပါ။

RIP တွေ မလိုဘူး။ အာဇာနည်တွေ လိုတာထက် ပိုလွန်းနေပြီ။ တော်လှန်လူငယ်တွေရဲ့ စိတ်ဓါတ်ကို တော်လှန်သော ပါးစပ်တွေနဲ့ မသတ်မိကြဖို့ပါပဲ။

ကိုယ်ချင်းစာကြပါကွာ။

ပန်ဆယ်လို

Zawgyi

၄၄လမ္းက အရွင္ဖမ္းမိသြားတဲ့ ကေလးမေလးအား ဝိုင္းဆဲေနတဲ့သူေတြကို ဒဲ့ေျပာလိုက္တဲ့ ပန္ဆယ္လို

၄၄ လမ္း လူငယ္ေတြက သူရဲေကာင္းေတြဆို အယ္ကိုတို႔ အယ္မတို႔ေရ။ ၄၄လမ္းမွာ ခုန္ခ်ေနာက္က်လို႔ အရွင္ဖမ္းမိသြားတဲ့ ကေလးမေလးကို ဝိုင္းဆဲေနတာ အံ့ႀကီးေတာင္ ဩမိပါရဲ႕။

MWD, MRTV က လႊင့္တယ္။ သူတို႔ေျပာခိုင္းသမွ် ေျပာရရွာတယ္ဆိုတာ အသိသာႀကီး။ သူတို႔လို အသက္၂၀ ဝန္းက်င္ လူငယ္ေတြ မေျပာနဲ႔ ေတာ္လွန္ေရးကို ဖင္ဂြၽတ္တက္ေအာင္လုပ္လာတဲ့ ေခါင္းေဆာင္ပိုင္းေတြေတာင္ ဖမ္းမိသြားရင္ ေျပာခိုင္းတာ ေျပာရတာပဲမလား။

မေျပာရင္ ဘယ္လိုလူမဆန္ေအာင္ ႏွိပ္စက္လဲ မသိၾကလို႔လား။ ဒီေကာင္ေတြရဲ႕ လူမဆန္မႈကို စာဖြဲ႕ေျပာျပေနစရာ လိုေသးလား။

အခု ခုန္ခ်သြားတဲ့ လူငယ္ေတြက အဲ့လိုေျပာရမွာစိုးလို႔၊ အဲ့လို ေျပာရရင္ သစၥာေဖာက္လို႔ ဝိုင္းအျပစ္တင္ စြတ္စြဲၾကတဲ့ စြတ္စြဲခ်က္ေတြကို မခံယူႏိုင္လို႔ အသက္ကို စြန္႔ခဲ့ၾကတာေရာ မျဖစ္ႏိုင္ဘူးလား။

အခု က်န္ရစ္ခဲ့တဲ့ သူတို႔ရဲ႕ ရဲေဘာ္ရဲဘက္ ဒီလူငယ္မိန္းကေလးကို အျပစ္တင္ ဘလိန္းေနတာ တမလြန္က သူတို႔ ေပ်ာ္႐ႊင္ေနမယ္ ထင္လို႔လား ေအတို႔ေရ။

မိသြားရင္ ခိုင္းတာေျပာေအာင္ ႏွိပ္စက္၊ ခိုင္းတာ ေျပာရၿပီဆို သီဟတင္စိုးထက္ တစ္ထြာပိုတဲ့ ေတာ္လွန္သူႀကီးမ်ား ဝိုင္းလက္ညႇိဳးထိုးတာ ျမင္ၿပီး ေနာက္ထပ္လူငယ္ေတြ ျဖစ္လာရင္ ခုန္ခ်ဖို႔ပဲ ေ႐ြးခ်ယ္ၾကၿပီဆို လူသတ္သမားထဲ ခင္ဗ်ားတို႔ ပါေနၿပီဆိုတာေလး မေမ့ပါနဲ႔။

သူတို႔ ေတာ္လွန္ခဲ့ၾကတယ္။ အသက္ေတြေပးရသူက ေပးလိုက္ရၿပီ။ ေထာင္ထဲမွာ ဘဝကို ေပးရမယ့္သူက ေပးေနရၿပီ။ လိုအပ္တာထက္ ပိုတာဝန္ေက်လြန္းခဲ့ၾကပါၿပီ။

သူတို႔ဆီက ဒီ့ထက္ မေမွ်ာ္လင့္ၾကပါနဲ႔ေတာ့။ က်ဳပ္တို႔ တာဝန္က MWD, MRTV ကေျပာေနသမွ်ကို ဘာမွလိုက္မခံစားေနဖို႔ပဲ မဟုတ္ဘူးလား။ ဒီေလာက္ေလးေတာင္ စိတ္မခိုင္ဘူးလား။

ဒီမိန္းကေလးဟာလည္း ခင္ဗ်ားတို႔ ပါးစပ္ဖ်ားက ၾကယ္ေလးျဖစ္ဖို႔ ေျခတစ္လွမ္းစာပဲ ေနာက္က်ခဲ့သူပါ။

RIP ေတြ မလိုဘူး။ အာဇာနည္ေတြ လိုတာထက္ ပိုလြန္းေနၿပီ။ ေတာ္လွန္လူငယ္ေတြရဲ႕ စိတ္ဓါတ္ကို ေတာ္လွန္ေသာ ပါးစပ္ေတြနဲ႔ မသတ္မိၾကဖို႔ပါပဲ။

ကိုယ္ခ်င္းစာၾကပါကြာ။

ပန္ဆယ္လို