Day 20 နောက်ပိုင်း ဘာလို့ ဒုတိယအကြိမ် ပြန်ဖြစ်ကြတာလဲ ? ?
ကျနော် ကိုယ်တိုင်နဲ့ တမိသားစုလုံးလဲ day 20 ဝန်းကျင်မှာ ပြန်ဖျားကြပါတယ် (ကျနော်က တော့ ကောင်းနေပီဆိုပီး ဆင်ဆင်ခြင်ခြင် မနေမိလို့ O2 ကျတဲ့အထိ ပြန်ဖြစ်တာပါ)
ခုဆို ၂ ခါပြန်ဖြစ်တဲ့ သူတွေလဲ တော်တော်များလာပါပီ။ ဒုတိယအကြိမ် မှ O2ကျတဲ့သူတွေလဲ အတော်များများ တွေ့လာရပါတယ်အခုကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ကိုဗစ်ဒေတာ က တော်တော်ပြင်းပါတယ် ။ 1st wave 2nd wave တွေထက်ကို အများကြီးပိုပြင်းထန်ပါတယ် ။ ဒီ ကိုဗစ်ဒေတာ ဟာ ကျနော်တို့ဆီမှာ ခုမှစဖြစ်ကြတာဆိုတော့ ဘာပီးရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှသေသေချာချာ တိတိကျကျ မသိသေးပါဘူး။
အားလုံးအတွက်က ဒီရောဂါက အသစ်ဖြစ်နေပါတယ်။အကုန်လုံးက စမ်းတဝါးဝါးနဲ့ ကုနေကြရတာပါ။ကောင်းသွားတဲ့ သူတွေရှိသလို လက်လွှတ်ဆုံးရှူံးလိုက်ရတဲ့သူတွေလဲရှိပါတယ်။ ကောင်းသွားတဲ့ သူတွေဟာလည်း လုံးဝအလျှင်း နေကောင်းသွားတာ မျိုးမဟုတ်ပဲ နောက်ဆက်တွဲ ပြသနာ တွေကျန်နေပါသေးတယ်။ အဲ့ဒီနောက်ဆက်တွဲ ပြသနာတွေကြောင့်ပဲ ဆုံးရှူံးသွားတဲ့ သူတွေလဲရှိပါတယ်။
ဒါဆိုရင် ဒုတိယအကြိမ် မဖြစ်အောင် ဘယ်လို နေရမလဲ ? ? ဖြစ်ခဲ့ရင်ရော ဘာတွေကို ဂရုစိုက်ရမလဲ ? ?ဖြစ်ပီးပြန်ကောင်းသွားတဲ့အချိန်မှာ ရောဘာတွေကိုသတိထားစောင့်ကြည့်ရမလဲ ? ? ဒုတိယအကြိမ်ပီးတော့ တတိယအကြိမ် ရော လာဦးမှာလား ? ? စသဖြင့် မေးခွန်းပေါင်းများစွာ ကိုစဉ်းစားနေမိပါတယ်။ကျနော့်အမေဆို day 40 ကျော်ပါပီ ။ လုံးဝနီးပါးကောင်းနေပါပြီ။ဒါပေမယ့် မနေ့ကစပီး လက်ဆစ်ခြေဆစ်တွေ စ နာပါတယ်။ လေးဖက်နာလဲ မရှိပါ။
အရမ်းနာလွန်းလို့ အိပ်ယာထဲပါလဲသွားပါတယ်။ နောက်ဆုံး Analgesic suppo (ဒုံးကျည်)ပေးလိုက်မှ သက်သာသွားပါတယ်။ကျန်တဲ့အိမ်သားတွေ ကလဲ Day 20 30 ဝန်းကျင်ရောက်နေကြပါပီ။ အားလုံးပြန်ကောင်းနေကြပီဆိုပေမယ့် နောက်ဆက်တွဲ လက္ခဏာတွေ ကျန်နေပါတယ်။
ပြန်ကောင်းလာပီးနောက်ပိုင်းကျနော်တို့ကြုံရတဲ့လက္ခဏာတွေက
၁။ လက်ဖဝါးတွေ ပုံမှန်ထက်ပို ပူနေပါတယ်..
၂။ ခန္ဓာကိုယ်က ချမ်းချင်တဲ့အချိန်ထချမ်းပါတယ်.. တခါတလေကျ တော့လည်းချွေးတွေအများကြီးထွက်ပီး အိုက်လာပါတယ် ..
၃။ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ မောပီးဟိုက်လာပါတယ် တခါတလေ ကျတော့ လှုပ်လှုပ်ရှားရှား မလုပ်ပဲ ထိုင်နေ အိပ်နေရင်း နဲ့ကို နည်းနည်းမောပီး အသက်ရှူကြပ်လာတတ်ပါတယ် Spo2 တိုင်းကြည့်တော့မကျပါဘူး.
၄။ ချောင်းနည်းနည်းဆိုးပါတယ်..
၅။ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ပါဘူး ခနခန လန့်နိုးပါတယ် တခါတလေ မနက်အစောကြီးနိုးနေပီး ပြန်အိပ်မရတော့ပါဘူး
၆။ ခြေဆစ် လက်ဆစ်တွေ နာတာ ကိုက်တာတွေ ဖြစ်ပါတယ်
၇။ လည်ချောင်းထဲမှာ ချွဲနဲနဲကပ်ပီး စကားများများ ပြောရင် အသံကတချက်တချက် ညှောင်နာနာဖြစ်ပီး တိမ်ဝင်သွားပါတယ်..
၈။ ဗိုက်ခနခနဆာပီး အများကြီးစားလိုက်ရင် တခါတလေ လေတွေပွနေပီးအစာမကျေတာမျိုးလဲ ဖြစ်ပါတယ်။
၉။စိတ်ဓါတ်က တက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ စိတ်ပူပင်စရာ အလုပ်ကိစ္စတွေ စိတ်ဖိစီးစရာ ဒေါသဖြစ်စရာကိစ္စ ဟာ မစဉ်းစားပဲ သူ့အလိုလို ခေါင်းထဲ ဝင်လာတတ်ပါတယ်။
၁၀။ ရင်ဘတ်နဲ့ ကျောကုန်းကို ထိရင် ဖိလိုက်ရင် နာပါတယ်
၁၁။ လက် ရင်ဘတ်နဲ့ ကျောကုန်းမှာ အနီဖုတွေ အနီပြင် အနီစက်တွေ ထွက်လာပါတယ်
၁၂။ ခြေသလုံးကြောတွေ ပေါင်ကြောတွေ တင်းပီး တောင့်နေတတ်ပါတယ်။
၁၃။ တခါတလေ ခေါင်းနည်းနည်းကိုက်ပီး ခေါင်းလေး ခေါင်းအုံနေတတ်ပါတယ်
၁၄။တခါတလေ ရင်တုန်ပီး လူကတုန်ကယင်ဖြစ်တတ်ပါတယ
၁၅။ရေထိလိုက်တာနဲ့ ခဏလေးအတွင်း လက်ဖဝါးကအရေပြားတွေ တွန့်ကုန်ပါတယ်.
အခုကဘယ်လိုဖြစ်နေလဲဆိုတော့ နေမကောင်းဘူးလားဆိုတော့ လဲမဟုတ်ဖူးကောင်းနေပြီလားဆိုတော့လဲ မဟုတ်ပြန်ဘူး ကောင်းပြီလား မကောင်းဘူးလားကိုယ့်ဟာကိုလဲ မသိ အဲ့လိုဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် day 20 ကျော်လာတဲ့သူတွေဟာ အဆိုးဆုံး အခြေအနေကို ဖြတ်ကျော် ပီးသွားပါပီ ။ ရှေ့ဆက်ပိုပီးကောင်းဖို့ပဲ ရှိပါတယ်။ တခုတော့ရှိပါတယ်။ မနေ့က ကျနော်ပြောထားသလို ဂရုမစိုက် ပေါ့ပေါ့ဆဆ နေတာမျိုး တော့ လုံးဝမလုပ်ပါနဲ့ ။
နောက်ထပ် ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ဉပမာ နောက်ဆက်တွဲ သွေးခဲပိတ်တဲ့ ပြသနာ လို မျိုးတွေ ဖြစ်လာရင် အကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ် ။ ကျနော်တို့ဟာ အသက်နဲ့ရင်းပီး ဒီရောဂါကို တိုက်နေရတာပါ။ ရန်သူကို မျက်ခြေပြတ်မခံသလို ကျနော်တို့ ခန္ဓာကိုယ်ကိုလဲ အမြဲဂရုစိုက်ပီး သတိနဲ့ စောင့်ကြည့်နေရပါမယ်။
Day 20 နောက်ပိုင်း သတိထားသင့်တဲ့ အချက်တွေက
၁။ရေချိုးခေါင်းလျှော်သတိထားပါ ရေနွေးနဲ့ချိုးပါ အအေးခံတာမျိုးမလုပ်ပါနဲ့
၂။သွေးမခဲအောင် ခြေထောက်လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးပါ
၃။အလေးအပင်တွေ မ မပါနဲ့.. ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့
၄။အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ
၅။Spo2 နဲ့ Heart rate ကို တနေ့ ၃ ကြိမ်လောက် တိုင်းပေးပါ
၆။အစားအသောက်ကို မလျော့ပါနဲ့ အဟာရပြည့်အောင်စား များများစားပေးပါ (weight တက်လာလဲနောက်မှ ပြန်ချလို့ရပါတယ်)
၇။စောစောအိပ်ပါ ညည့်နက်တဲ့အထိမနေပါနဲ့
၈။ရေများများသောက်ပါ
၉။အမြဲတမ်းစောင်းပီး အိပ်ပါ ပက်လက်လုံးဝမအိပ်ပါနဲ့
၁၀။ရေနွေးသောက်ပါအရေးကြီးတဲ့ သတိထားရမယ့် အချက်တွေက
၁။O2 ကျလာရင်
၂။နားနေပေမယ့်လဲ Heart Rate အရမ်းတက်နေရင်
၃။ခြေတွေ လက်တွေ ထုံလာရင်
၄။ရင်ဘတ် အောင့်လာရင်
၅။ခြေသလုံး တွေ ယောင်နေ နာနေတာမျိုး ဖြစ်လာရင်
၆။ချောင်းအဆက်မပြတ် ဆိုးတာမျိုးဖြစ် နေပီဆိုရင် ဆရာဝန်နဲ့ ချက်ခြင်းပြပီး လိုအပ်တဲ့ စစ်ဆေးမှုတွေ သွေးစစ်တာတွေ ရင်ဘတ်ဓါတ်မှန်ရိုက်တာတွေကို လုပ်သင့်ပါတယ်…
ကောင်းနေပြီဆိုပီး လူကောင်းတယောက်လို အလုပ်တွေကို မလုပ်ပါနဲ့။ ပြန်ဖျားတတ်ပါတယ်။ အရမ်းကြောက်ပီး ဘာမှ မလုပ်ပဲ တချိန်ကုန် အိပ်ယာထဲ မှာနေတာမျိုးလဲ မလုပ်ပါနဲ့။ သွေးခဲတတ်ပါတယ်။
အသက်ကို ဉာဏ်စောင့် ဆိုသလို ပေါ့ပေါ့ဆဆ မနေပဲ ဉာဏ်နဲ့ ယှဉ်တဲ့ သတိအမြဲရှိနေရပါမယ်။ အများကြီးလဲ စိတ်ပူပန် စိတ်အားငယ်တာမျိုး မဖြစ်ပါနဲ့ ။ ကိုယ့်ဘက်က လုပ်စရာ ရှိတာ အားလုံး ကို သေချာ လုပ်ထားပီးရင် ရပါပီ ။ ကျန်တာက ကံတရားပါ။ တတ်နိုင်သလောက်စိတ်ကို ပျော်အောင်နေပါ။ ဒီအချိန်မှာ အသက်ထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ ကြွေလွင့်သွားရတဲ့သူတွေအတွက် စိတ်မကောင်းပေမယ့် ဒီအချိန်မှာ အသက်ရှင်နေသေးတာဟာ အကောင်းဆုံး Blessing ဆိုတဲ့စိတ်နဲ့ ရှင်သန်နေထိုင်ပါ။
နောက် ၂ လ ၃ လ လောက်အထိ သွားသတိ လာသတိ စားသတိ ဘာပဲလုပ်လုပ်အမြဲတမ်းသတိကပ်ထားရပါမယ်ကျနော်တို့ မြတ်စွာဘုရားဟောထားတဲ့အတိုင်း နေထိုင်ကြရပါမယ် အဲ့ဒါကတော့
“ အပ္ပမာဒေန သမ္မာဒေထ ” တဲ့..
အဓိပ္ပါယ်ကတော့
“ အမြဲတမ်းမမေ့မလျော့သတိနဲ့နေထိုင်ပါ ” တဲ့။
မိတ်ဆွေ များအားလုံး ကျန်းမာ ချမ်းသာပီး ဒီကပ်ဆိုးကြီး တွေကို အတူတကွ ကျော်ဖြတ်နိုင်ကြပါစေ။
မူရင်းရေးသားသူအား ကျေးဇူးဥပကာယ တင်အပ်ပါသည်
Digest_4_Healthy
Credit



