ၾကားသိရသမွ်

ယနေ့မှာ ချစ်သူကောင်မလေးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့ န်ိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုးနှင့် မသဲစုမြတ်ရွှေတို့ ယနေ့ မင်္ဂလာလက်မှတ်ရေးထိုး

အေးမြတ်ခိုင်
နိရ ဉ္စရာ၊ ဖေဖော်ဝါရီ ၅ / ၂ဝ၂၂

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုး(ခ)ကိုနေလင်းအောင်နှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့နံနက်တွင် မင်္ဂလာလက်မှတ် ရေးထိုးလိုက်ကြပြီဟု သိရသည်။

နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မြခွာညိုအိမ်ရာရှိ နေတိုး၏နေအိမ်တွင် ရခိုင်ရိုးရာအပြင်အဆင်များဖြင့် မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြခြင်းဖြစ်ပြီး မင်္ဂလာဦးဆွမ်းကျွေးပွဲကိုလည်း တပြိုင်တည်းပြုလုပ်ခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…
W3Schools

အဆိုပါပွဲသို့ သရုပ်ဆောင်နေထက်လင်း၊ အဆိုတော်ဝင်းကိုခိုင်အပါအဝင် အခြားအနုပညာရှင်အချို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုတော်ဝင်းကိုခိုင်က “ကိုယ့်ရခိုင်အချင်းချင်းဆိုတော့ ဝမ်းသာတယ်အားလုံး။ သူ့ကံတရားကလည်း အခုလိုမျိုး ရခိုင်နဲ့တည့်တည့်ကျတယ်ပေါ့လေ”ဟု နိရ ဉ္စရာကို ပြောသည်။

နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်ကြပြီး မသဲစုမြတ်ရွှေသည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

Zawgyi –

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုးနှင့် မသဲစုမြတ်ရွှေတို့ ယနေ့ မင်္ဂလာလက်မှတ်ရေးထိုး

အေးမြတ်ခိုင်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၅ / ၂ဝ၂၂

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုး(ခ)ကိုနေလင်းအောင်နှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့နံနက်တွင် မင်္ဂလာလက်မှတ် ရေးထိုးလိုက်ကြပြီဟု သိရသည်။

နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မြခွာညိုအိမ်ရာရှိ နေတိုး၏နေအိမ်တွင် ရခိုင်ရိုးရာအပြင်အဆင်များဖြင့် မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြခြင်းဖြစ်ပြီး မင်္ဂလာဦးဆွမ်းကျွေးပွဲကိုလည်း တပြိုင်တည်းပြုလုပ်ခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။

အဆိုပါပွဲသို့ သရုပ်ဆောင်နေထက်လင်း၊ အဆိုတော်ဝင်းကိုခိုင်အပါအဝင် အခြားအနုပညာရှင်အချို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုတော်ဝင်းကိုခိုင်က “ကိုယ့်ရခိုင်အချင်းချင်းဆိုတော့ ဝမ်းသာတယ်အားလုံး။ သူ့ကံတရားကလည်း အခုလိုမျိုး ရခိုင်နဲ့တည့်တည့်ကျတယ်ပေါ့လေ”ဟု နိရဉ္စရာကို ပြောသည်။

နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်ကြပြီး မသဲစုမြတ်ရွှေသည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

Photos – Mg Mg Gyi