ၾကားသိရသမွ်












Rain (For Ialinks)

Unicode

မွေးနေ့ကိတ်ဝယ်ရန် ငွေကြေးမတတ်နိုင်တာကြောင့် ခြံထွက်သီးနှံဖြစ်သော ဂေါ်ဖီထုပ် ခရမ်းသီးမုန်လာဥနီတို့နှင့်

မွေးနေ့ကိတ်လုပ်ခဲ့သော အဖွားအို

လူသားတိုင်းက မွေးနေ့တွင် မိသားစုသို့မဟုတ် ချစ်ကသောသူတွေဆီကနေ သတိတရနှင့် မွေးနေ့ဆုတောင်းတာပေးမျိုး

ငွေကြေးတတ်နိုင်လျှင်လည်း မွေးနေ့ကိတ်လေးလုပ်ပေးတာမျိုးကို ခံယူချင်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Thuanပြည်နယ် La Giမြို့တွင် နေထိုင်သော Tran Ngoc Thoအမည်ရှိသော အသက်

၁၀၁နှစ်ရှိပြီဖြစ်သော အဖွားအိုတစ်ဦးသည် မွေးနေ့တွင် ကိတ်ဝယ်ရန် အလုပ်လက်မဲ့ဖြစ်နေသည့်အတွက် ငွေကြေး

မတတ်နိုင်တာကြောင့် အိမ်ရှိ သီးနှံတွေနှင့်သာ ပြုလုပ်ပေးခဲ့သည်။

မွေးနေ့ကိတ်လေးအား ဂေါ်ဖီထုပ်ပေါ်တွင် မုန်လာဥနီကို ပုံဖော်ပြီး တင်ထားကာ ငရုတ်သီးလည်း ပါရှိပြီး ဘေး

ပတ်ပတ်လည်တွင် ခရမ်းသီးကို အခွံခွာကာ ပတ်ထားခြင်းဖြင့် တတ်စွမ်းသလောက်လေး ဖန်တီးပေးခဲ့သည်။

ထိုမွေးနေ့ပွဲကို လိုင်းပေါ်တွင် မျှဝေပြီးနောက် ဒေသရှိဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း

တစ်ဦးသည် တွေ့ရှိသွားပြီးနောက် စိတ်မကောင်းဖြစ်ကာ အနီးနားရှိ ကိတ်မုန့်ဆိုင်တွင် မွေးနေ့ကိတ်တစ်လုံးအား မှာ

ယူပေးခဲ့ပြီး အဖွားအိမ်သို့ သွားရောက်ကာ supriseလုပ်ပေးရင်း ပို့ဆောင်ပေးခဲ့သည်။

Rain (For Ialinks)