အမှန်တရားအတွက် ပြည်သူတွေအတွက်CDMလုပ်ခဲ့တဲ့ ရဲမလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာ
ကျွန်မ လ ၂၆၅၀၅၄၊ရဲတပ်သား တွာလ်ငိုက်ရှန်းသည်ရဲတပ်ဖွဲ့ကို ချစ်မြတ်နိုးသော စိတ်ဖြင့်(၈.၈. ၂၀၁၆) ခုနှစ်မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပါသည်။ ချင်းပြည်နယ် တီးတိန်မြို့နယ်ရဲတပ်ဖွဲ့တွင်
တာဝန်ထမ်းဆောင်လျက်ရှိရာ ၄.၃.၂၀၂၁ရက်နေ့မှစတင်ပြီး ပြည်သူနဲ့တစ်သားထဲရပ်တည်၍ CDMတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။စစ်ကောင်စီမှ အာဏာသိမ်းသည့်နေ့မှစ၍
နေ့စဉ်ရက်ဆက် နဲနဲမှစိတ်မချမ်းသာပါ ပြည်သူလူထုအလိုမရှိသော စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ပါ ယနေ့မှစ၍ ပြည်သူများနှင့်အတူ
အမှန်တရားဘက်မှ ရပ်တည်သွားမည်ဖြစ်ပြီ ပြည်သူလူထုတရပ်လုံး အားပေးထောက်ခံသော ဒီမိုကရေစီအစိုးရ မတက်မချင်း CDM ပြုလုပ်သွားပါမည်။မည်သူတဦးတယောက်၏
သွေးဆောင် ဖြားယောင်းမှုမပါပဲမိမိစိတ်သဘောရ CDMလုပ်ဆောင်သွားခြင်းဖြစ်ပါသည်။အရေးတော်ပုံအောင်ရမည်။မှတ်ချက်။ ရဲတပ်ဖွဲ့ပိုင်ပစ္စည်းတစ်စုံတစ်ရာမှ
ယူဆောင်မသွားပါ။ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခြင်းမဟုတ်ခွင့်မဲ့ပျက်ကွက်ခြင်းနှင့် ရဲပြေးလဲမဟုတ်ပါဘူးလို့သူဧ။်FB.. စာမျက်နှာပေါ်တွင်ဖော်ပြရှင်းလင်းသွားပါသည်။