ၾကားသိရသမွ်

ဘဏ် သုံးဘဏ် ပိတ်သိမ်းမည့် ကိစ္စနဲ့ပတ်သက်ပြီ ဗဟိုဘဏ်ကြေညာ

ဘဏ် သုံးဘဏ် ပိတ်သိမ်းမည့် ကိစ္စနဲ့ပတ်သက်ပြီ ဗဟိုဘဏ်ကြေညာ

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များ ရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ် သုံးဘဏ် ပိတ်သိမ်းမည် ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်မှ သိရ

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် များရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်များ ပိတ် သိမ်းမည်ဆိုခြင်းမှာ ကောလာဟလသာ ဖြစ် ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက် ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ်မူတည်၍ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် ရုတ်သိမ်းမည်ဆိုပြီး၊ ကောလဟာလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းအမှားများ ထွက်ပေါ်လျက်ရှိကြောင်း ကြားသိရကြောင်း၊ အဆိုပါကော လဟာလသတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး၊ ဘဏ်များတွင်ငွေများ ထုတ်ယူနေခြင်းများကို ကြားသိနေရကြောင်း သြဂုတ် ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင် ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ် များသို့လည်း ညွှန်ကြားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘဏ်သုံးဘဏ်ပိတ်သိမ်းမယ်ဆိုပြီး တော့ဖြစ်နေတဲ့ဟာတွေသည် ကောလာဟလသာဖြစ်တယ်။ နိုင်ငံတော်ရဲ့စီးပွားရေး တည်ငြိမ်အောင်လုပ်နေတာတွေ ဘဏ်တွေ ကနေ စည်းကမ်းနဲ့အညီ စည်းကမ်းဘောင် တွေနဲ့အညီ အလုပ်လုပ်နေတာတွေကို အ နှောက်အယှက်ပေးဖို့သက်သက်လုပ်တာ ဖြစ်သလို ရောဂါကူးစက်မှုတွေ သေကြေမှု တွေနဲ့ စိတ်ဒုက္ခများနေတဲ့ပြည်သူလူထုကို ထပ်ပြီးတော့ ဒုက္ခနှစ်ခုဖြစ်အောင်လုပ်နေတဲ့ သတင်းပဲဖြစ်ပါတယ်။ဗဟိုဘဏ်အနေနဲ့ လက်ရှိအခြေအနေမှာ မည်သည့်ဘဏ်ကို မျှ အရေးယူဖို့လည်း မရှိပါဘူး၊ပိတ်သိမ်းဖို့ လည်း မရှိပါဘူး” ဟု မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌဦးဝင်းသော်က ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး၊ ဘဏ် များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် သြဂုတ် ၁၆ မှ ၂၂ ရက်အထိ ဘဏ်များ၊ ရုံးများ၊ ကျောင်းများ ပိတ်ထား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။

လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း များအက်ဥပဒေအရ ၂၀၂၁ ခုနှစ် သြဂုတ် ၁၆ မှ၂၀ ရက်အထိအများပြည်သူရုံးပိတ် ရက်ဖြစ်သဖြင့် ၎င်းင်းရက်များတွင် ဘဏ်များ အားလုံးပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန် ထားသည်။

“အစိုးရရုံးပိတ်ရက်က တောက် လျှောက်ပိတ်လာတာမှာ ဘဏ်တွေမပါခဲ့ပါ ဘူး။အများပြည်သူ ရုံးပိတ်ရက်ဆိုတာ အ ကုန်ပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်နဲ့ ဘဏ်တွေ ကျန်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ကိုဗစ် -၁၉ ရောဂါခံစားနေရချိန်မှာ လိုအပ်တဲ့ ဆေးဝါးတွေ ပစ္စည်းတွေ တင်သွင်းရလွယ် ကူအောင်ရယ်၊ နဂိုကမှစီးပွားရေးမကောင်း ရတဲ့အထဲမှာ လိုအပ်တာတွေလုပ်လို့ရ အောင်ဆိုပြီး ဘဏ်တွေကတော့ ဖွင့်ပေးပါ ဆိုပြီး ချွင်းချက်အနေနဲ့ ဗဟိုဘဏ်အပါအ ဝင် ဘဏ်တွေ ရုံးတက်ခဲ့ရတာ။ အခုသော ကြာဆိုရင် သုံးပတ်ရှိပြီ။ ကိုဗစ်ရောဂါပြန့် ပွားမှုကို ထိန်းချုပ်ဖို့ ရုံးပိတ်ရက်ကို ဆက် တိုက်ပိတ်ခဲ့တာ။ အဲဒီအတွက်ကြောင့်မို့ ရောဂါပြန့်ပွားမှုက ဆက်တိုက်ကျဆင်းလာ တယ်။

သို့သော် ဗဟိုဘဏ်နဲ့ဘဏ်တွေက မ ပိတ်ရတဲ့အတွက်ကြောင့် ဒီအဖွဲ့တွေထဲမှာ ကူးစက်မှုတွေရှိလာတယ်။ အဲဒီအတွက် အများပြည်သူရုံးပိတ်ရက်မှာ အများပြည် သူ အတိုင်းပဲ နားရက်မှာ ဝင်နားတာဖြစ်ပါ တယ်။ မနားခဲ့တဲ့အကြောင်း ကုန်စည်စီး ဆင်းမှု မပျက်ဖို့ရယ်၊ လိုအပ်တဲ့ပစ္စည်းတွေ သွင်းတဲ့အခါ အခက်အခဲမရှိအောင်ရယ်ဆို ပြီး ဘဏ်တွေက ဖွင့်ပေးထားတာ။ အခုက တော့ သုံးပတ်ဆက်တိုက်မနားဘဲ လုပ်လာ ရတဲ့ဗဟိုဘဏ်အပါအဝင် ဘဏ်တွေကို ဒီ တပတ်တော့ နားမယ်ဆိုပြီး နိုင်ငံတော်က နားခွင့်ပေးတာပါ”ဟု ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

Credit

Zawgyi

ဘဏ္ သုံးဘဏ္ ပိတ္သိမ္းမည့္ ကိစၥနဲ႔ပတ္သက္ၿပီ ဗဟိုဘဏ္ေၾကညာ

က်ပ္ ၅၀၀၀ တန္၊ က်ပ္ ၁၀၀၀၀ တန္မ်ား ႐ုတ္သိမ္းမည္ဆိုျခင္းႏွင့္ ဘဏ္ သုံးဘဏ္ ပိတ္သိမ္းမည္ ဆိုျခင္းမွာ ေကာလာဟလသာျဖစ္ၿပီး ဘဏ္ဝန္ေဆာင္မႈမ်ား ပုံမွန္ေဆာင္႐ြက္ရန္ ၫႊန္ၾကားထားေၾကာင္း ဗဟိုဘဏ္မွ သိရ

က်ပ္ ၅၀၀၀ တန္၊ က်ပ္ ၁၀၀၀၀ တန္ မ်ား႐ုတ္သိမ္းမည္ဆိုျခင္းႏွင့္ ဘဏ္မ်ား ပိတ္ သိမ္းမည္ဆိုျခင္းမွာ ေကာလာဟလသာ ျဖစ္ ၿပီး ဘဏ္ဝန္ေဆာင္မႈမ်ား ပုံမွန္ေဆာင္႐ြက္ ရန္ ၫႊန္ၾကားထားေၾကာင္း ျမန္မာႏိုင္ငံ ေတာ္ဗဟိုဘဏ္မွ သိရသည္။

လက္ရွိျဖစ္ေပၚေနေသာ အေျခအေနမ်ားအေပၚမူတည္၍ က်ပ္ ၅၀၀၀ တန္၊ က်ပ္ ၁၀၀၀၀ တန္ ႐ုတ္သိမ္းမည္ဆိုၿပီး၊ ေကာလဟာလမ်ားႏွင့္ ဘဏ္မ်ားပိတ္သိမ္းမည္ဆိုသည့္ သတင္းအမွားမ်ား ထြက္ေပၚလ်က္ရွိေၾကာင္း ၾကားသိရေၾကာင္း၊ အဆိုပါေကာ လဟာလသတင္းမ်ားေၾကာင့္ ျပည္သူအခ်ိဳ႕ စိုးရိမ္ပူပန္ၿပီး၊ ဘဏ္မ်ားတြင္ေငြမ်ား ထုတ္ယူေနျခင္းမ်ားကို ၾကားသိေနရေၾကာင္း ၾသဂုတ္ ၁၃ ရက္တြင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

ျပည္သူမ်ားအေနျဖင့္ ေငြေၾကးႏွင့္ ဘဏ္လုပ္ငန္းေဆာင္ ႐ြက္မႈမ်ားအေပၚ စိုးရိမ္မႈမ်ားမရွိဘဲ ယုံၾကည္စိတ္ခ်စြာျဖင့္ ဆက္လက္သုံးစြဲႏိုင္ပါေၾကာင္းႏွင့္ ဘဏ္ဝန္ေဆာင္မႈမ်ား ပုံမွန္ေဆာင္႐ြက္ရန္ ဘဏ္ မ်ားသို႔လည္း ၫႊန္ၾကားၿပီးျဖစ္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ဘဏ္သုံးဘဏ္ပိတ္သိမ္းမယ္ဆိုၿပီး ေတာ့ျဖစ္ေနတဲ့ဟာေတြသည္ ေကာလာဟလသာျဖစ္တယ္။ ႏိုင္ငံေတာ္ရဲ႕စီးပြားေရး တည္ၿငိမ္ေအာင္လုပ္ေနတာေတြ ဘဏ္ေတြ ကေန စည္းကမ္းနဲ႔အညီ စည္းကမ္းေဘာင္ ေတြနဲ႔အညီ အလုပ္လုပ္ေနတာေတြကို အ ေႏွာက္အယွက္ေပးဖို႔သက္သက္လုပ္တာ ျဖစ္သလို ေရာဂါကူးစက္မႈေတြ ေသေၾကမႈ ေတြနဲ႔ စိတ္ဒုကၡမ်ားေနတဲ့ျပည္သူလူထုကို ထပ္ၿပီးေတာ့ ဒုကၡႏွစ္ခုျဖစ္ေအာင္လုပ္ေနတဲ့ သတင္းပဲျဖစ္ပါတယ္။ဗဟိုဘဏ္အေနနဲ႔ လက္ရွိအေျခအေနမွာ မည္သည့္ဘဏ္ကို မွ် အေရးယူဖို႔လည္း မရွိပါဘူး၊ပိတ္သိမ္းဖို႔ လည္း မရွိပါဘူး” ဟု ျမန္မာႏိုင္ငံေတာ္ဗဟို ဘဏ္ ဒုတိယဥကၠ႒ဦးဝင္းေသာ္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနျဖင့္ ေငြေရးေၾကးေရးစနစ္တည္ၿငိမ္ေရးအတြက္ အေလးထားေဆာင္႐ြက္လ်က္ရွိၿပီး၊ ဘဏ္ မ်ားအေနျဖင့္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ခိုင္မာစြာ ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ရန္ ၾသဂုတ္ ၁၆ မွ ၂၂ ရက္အထိ ဘဏ္မ်ား၊ ႐ုံးမ်ား၊ ေက်ာင္းမ်ား ပိတ္ထား မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန က ထုတ္ျပန္လိုက္သည္။

လႊဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္း မ်ားအက္ဥပေဒအရ ၂၀၂၁ ခုႏွစ္ ၾသဂုတ္ ၁၆ မွ၂၀ ရက္အထိအမ်ားျပည္သူ႐ုံးပိတ္ ရက္ျဖစ္သျဖင့္ ၎င္းရက္မ်ားတြင္ ဘဏ္မ်ား အားလုံးပိတ္ထားမည္ျဖစ္ေၾကာင္း ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္က သတင္းထုတ္ျပန္ ထားသည္။

“အစိုးရ႐ုံးပိတ္ရက္က ေတာက္ ေလွ်ာက္ပိတ္လာတာမွာ ဘဏ္ေတြမပါခဲ့ပါ ဘူး။အမ်ားျပည္သူ ႐ုံးပိတ္ရက္ဆိုတာ အ ကုန္ပါတယ္။ ဒါေပမဲ့ ဗဟိုဘဏ္နဲ႔ ဘဏ္ေတြ က်န္ခဲ့တယ္။ဘာေၾကာင့္လဲဆိုေတာ့ ကိုဗစ္ -၁၉ ေရာဂါခံစားေနရခ်ိန္မွာ လိုအပ္တဲ့ ေဆးဝါးေတြ ပစၥည္းေတြ တင္သြင္းရလြယ္ ကူေအာင္ရယ္၊ နဂိုကမွစီးပြားေရးမေကာင္း ရတဲ့အထဲမွာ လိုအပ္တာေတြလုပ္လို႔ရ ေအာင္ဆိုၿပီး ဘဏ္ေတြကေတာ့ ဖြင့္ေပးပါ ဆိုၿပီး ခြၽင္းခ်က္အေနနဲ႔ ဗဟိုဘဏ္အပါအ ဝင္ ဘဏ္ေတြ ႐ုံးတက္ခဲ့ရတာ။ အခုေသာ ၾကာဆိုရင္ သုံးပတ္ရွိၿပီ။ ကိုဗစ္ေရာဂါျပန႔္ ပြားမႈကို ထိန္းခ်ဳပ္ဖို႔ ႐ုံးပိတ္ရက္ကို ဆက္ တိုက္ပိတ္ခဲ့တာ။ အဲဒီအတြက္ေၾကာင့္မို႔ ေရာဂါျပန႔္ပြားမႈက ဆက္တိုက္က်ဆင္းလာ တယ္။

သို႔ေသာ္ ဗဟိုဘဏ္နဲ႔ဘဏ္ေတြက မ ပိတ္ရတဲ့အတြက္ေၾကာင့္ ဒီအဖြဲ႕ေတြထဲမွာ ကူးစက္မႈေတြရွိလာတယ္။ အဲဒီအတြက္ အမ်ားျပည္သူ႐ုံးပိတ္ရက္မွာ အမ်ားျပည္ သူ အတိုင္းပဲ နားရက္မွာ ဝင္နားတာျဖစ္ပါ တယ္။ မနားခဲ့တဲ့အေၾကာင္း ကုန္စည္စီး ဆင္းမႈ မပ်က္ဖို႔ရယ္၊ လိုအပ္တဲ့ပစၥည္းေတြ သြင္းတဲ့အခါ အခက္အခဲမရွိေအာင္ရယ္ဆို ၿပီး ဘဏ္ေတြက ဖြင့္ေပးထားတာ။ အခုက ေတာ့ သုံးပတ္ဆက္တိုက္မနားဘဲ လုပ္လာ ရတဲ့ဗဟိုဘဏ္အပါအဝင္ ဘဏ္ေတြကို ဒီ တပတ္ေတာ့ နားမယ္ဆိုၿပီး ႏိုင္ငံေတာ္က နားခြင့္ေပးတာပါ”ဟု ဒုတိယဥကၠ႒ ဦးဝင္းေသာ္က ေျပာၾကားသည္။

Credit