ၾကားသိရသမွ်

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် အာဆီယံ အစည်းအဝေးတွင် မိန့်ခွန်းပြော

ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္ အာဆီယံ အစည္းအေဝးတြင္ မိန႔္ခြန္းေျပာ

ကေမာၻဒီယား ႏိုင္ငံျခားေရး ဝန္ႀကီး ပရတ္ ေဟာ့ဆြန္း သည္ မတ္လ အေစာပိုင္းအတြင္း ျမန္မာသို႔ အာဆီယံ အထူး သံတမန္ အျဖစ္ သြားေရာက္သည့္ အခါ အမ်ိဳးသား ညီၫြတ္ေရး အစိုးရႏွင့္ ‌‌ေတြ႕ဆုံႏိုင္ေအာင္ ႀကိဳးပမ္းသြားမည္ဟု အာဆီယံ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝး အၿပီး ေျပာဆိုသြားခဲ့သည္။

ဤသည္ကလည္း အစည္းအေဝး အတြင္း မေလးရွား ႏိူင္ငံျခားေရး ဝန္ႀကီးမွ NUG ႏွင့္ ေတြ႕ဆုံရန္ ေတာင္းဆိုလာခဲ့၍ ျဖစ္သည္။

ထိုသို႔ မျဖစ္မေန ေတြ႕ဆုံရန္ မေလးရွား ဝန္ႀကီးမွ ေတာင္းဆိုခဲ့ရျခင္းမွာ ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္ ၏ အာဆီယံ အစည္းအေဝးတြင္ ေျပာၾကားခဲ့ေသာ ဗီဒီယို မိန႔္ခြန္း ေၾကာင့္ ထိုသို႔ ဖိအားေပးလာျခင္း ျဖစ္သည္။

ေဒၚဇင္မာေအာင္က လက္ရွိျဖစ္ေပၚေနေသာ ျပႆနာမ်ားကို အာဏာသိမ္း အဖြဲ႕ အေနႏွင့္ အျမန္ဆုံး ေျပလည္ေအာင္ ေျဖရွင္းေပးရန္၊ ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ား၊ ဒီမိုကေရစီ အင္အားစုမ်ား ထိန္းခ်ဳပ္ နယ္ေျမမ်ားကို ထိုးစစ္ဆင္ေနမႈမ်ား ရပ္ဆိုင္းရန္၊ အၾကမ္းဖက္ စစ္ေကာင္စီ မွ လူေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးေနမႈမ်ား၊ ျပည္သူ မ်ားကို သတ္ျဖတ္ေနမႈမ်ား ရပ္ဆိုင္းရန္၊ ႏွင့္ ၎တို႔က်ဴးလြန္ေသာ စစ္ရာဇဝတ္မႈမ်ား အတြက္ သီးျခား စုံစမ္းစစ္ေဆးေရးကို ေထာက္ခံေပးရန္ တို႔ကို သူမ၏ မိန႔္ခြန္းတြင္ ထည့္သြင္းေတာင္း ဆိုသြားခဲ့သည္။

ေဒၚဇင္မာေအာင္၏ မိန႔္ခြန္း အဖြင့္တြင္ပင္ “my fellow ASEAN Foreign Ministers” ဟု ေခၚေဝၚသုံးႏႈန္း သြားခဲ့ၿပီ ျဖစ္သည္။ ဝဏၰေမာင္လြင္ ႏွင့္ ဝန္ႀကီးခ်ဳပ္ ၏ အထူး အႀကံေပး ဆိုသူ ရင္ရင္ႏြယ္တို႔ ႏွစ္‌ေယာက္ေပါင္း၍ ထြက္လာေသာ အႀကံဉာဏ္ကား အင္တာပိုကို အကူ အညီေတာင္းမည္ ဆိုေသာ အဆင့္သာ ရွိေနခ်ိန္တြင္ NUG ၏ ေျခလွမ္းမ်ားက ေၾကာက္ ခမန္းလိလိ တိုးျမင့္လာေနေပသည္။

ေဒၚဇင္မာေအာင္သည္ ၁၉၉၈ တြင္ ဗိုလ္သန္းေ႐ႊ စစ္အစိုးရ၏ ေထာင္ဒဏ္ ၂၈ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရၿပီး ၁၁ ႏွစ္အၾကာ ၂၀၀၉ ခုႏွစ္တြင္ လြတ္ေျမာက္လာခဲ့သူလည္း ျဖစ္သည္။ ၂၀၁၂ တြင္ အေမရိကန္ ႏိုင္ငံျခား‌ေရး ဝန္ႀကီးဌာန ၏ သူရသတၱိ ႏွင့္ ျပည့္စုံေသာ အမ်ိဳးသမီး ဆု ကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရသည္။

ပရတ္ ေဆာ့ဟြန္း က မိမိအေနျဖင့္ ပထမဆုံး ခရီးစဥ္ ျဖစ္၍ သက္ဆိုင္သူ အားလုံး ႏွင့္ ေတြ႕ႏိုင္ဦးမည္ မဟုတ္ေသာ္လည္း အခ်ိဳ႕ႏွင့္ ေတြ႕မည္၊ ေလာဘ ႀကီး၍ မရေသးဟုလည္း ေျပာဆိုသြားခဲ့သည္။

စစ္ေကာင္စီ က အမ်ိဳးသား ညီၫြတ္ေရး အစိုးရအား “အၾကမ္းဖက္” အဖြဲ႕အစည္း အျဖစ္ မည္သို႔ပင္ ဝါဒျဖန႔္ ပုံေဖၚေနေသာ္လည္း အာဆီယံ အဖြဲ႕အေနႏွင့္ ၎တို႔၏အေျပာကို လက္ခံျခင္း မရွိဆိုသည္ အထင္အရွား ျပဆိုလိုက္ျခင္း ျဖစ္၍ ျပည္သူတို႔၏ ေအာင္ပြဲ တရပ္ ရရွိသြားခဲ့ၿပီ ျဖစ္သည္။

ဟြန္ဆန္သည္ပင္ ဥကၠဌ အျဖစ္ သူ၏ သက္တမ္းသည္ ဆယ္လ ႏွင့္ ၁၄ ရက္သာ က်န္ေတာ့၍ ျမန္မာ ျပႆနာကို ေနာက္ဥကၠဌ မွ ဆက္၍ လုပ္သြားဖို႔သာ ရွိေၾကာင္း လက္ေလ်ာ့စကား ေျပာသြားခဲ့ၿပီ ျဖစ္သည္။ ေနာက္ဥကၠဌ ဆိုသည္မွာ အင္ဒို ၏ အလွည့္ ျဖစ္ေနျပန္၍ သက္သာစရာ အေၾကာင္းမျမင္။

စစ္‌ ေကာင္စီ၏ ဟြန္ဆန္ အားကိုးေသာ သံတမန္ ထိုးစစ္သည္ အဖက္ဖက္က အေရးနိမ့္ လာေနသည္။အာဏာသိမ္း လာခဲ့သည္မွာ တႏွစ္ေက်ာ္ေနၿပီ ျဖစ္ေသာ္လည္း ျပည္သူတို႔ ၏ တြန္းလွန္ ခုခံစစ္ေၾကာင့္ စစ္ေကာင္စီသည္ တိုင္းျပည္ကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေတာ့သည့္ အျဖစ္ကို အားလုံးက လက္ခံလာၾကရၿပီ ျဖစ္သည္။

ယခုလ အေစာပိုင္းတြင္ အဓိက က်သည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ ေလးဖြဲ႕မွ အာဏာသိမ္း အဖြဲ႕အား ဆန႔္က်င္ တိုက္ခိုက္သြားမည္ဟု ကတိျပဳသည့္ ေၾကညာခ်က္ ထုတ္ျပန္လာခဲ့ျခင္း ေၾကာင့္လည္း မင္းေအာင္လႈိင္၏ ေမွ်ာ္လင့္ခ်က္မ်ား ပ်က္ျပား သြားေစခဲ့ရသည္ဟု Bloomberg စီးပြားေရး ဂ်ာနယ္မွ ေရးသားလာခဲ့သည္။

ႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ျပည္တြင္းစစ္သည္ ယခင္ကလို နယ္စပ္ေဒသမ်ားတြင္ မဟုတ္ ေတာ့ဘဲ တႏိုင္ငံလုံး အႏွံ႔ ကူးစက္ ျပန႔္ပြားလာေနၿပီ ျဖစ္သည္။

ထိုအေနအထား အတိုင္း ဆက္လက္ ခြင့္ျပဳေနမည္ဆိုလွ်င္ ေဒသတြင္း မတည္ၿငိမ္မႈမ်ား ျဖစ္ေပၚလာေတာ့မည့္ အေနအထားကို အာဆီယံ အဖို႔ ထည့္သြင္းစဥ္းစားလာခဲ့ရသည္။

မင္းေအာင္လႈိင္သည္ အာဆီယံ အစည္းအေဝးသို႔ ဝဏၰေမာင္လြင္မွ လြဲ၍ မည္သူမွ် မလႊတ္ ႏိုင္ဟု ဆက္တိုက္ ဆိုသလို တင္းခံေနျခင္းေၾကာင့္လည္း အာဆီယံသည္ NUG ႏွင့္ ဆက္သြယ္ ေဆာင္႐ြက္သြားဖို႔ ဖန္တီးေပးသလို ျဖစ္လာခဲ့ရသည္။

ယခုအခါ ဖိလစ္ပိုင္သည္ နယူးဇီလန္ကဲ့သို႔ပင္ ကမာၻေပၚတြင္ အႀကီးမားဆုံး ျဖစ္မည့္ လြတ္ လပ္စြာ ကုန္သြယ္ေရး သေဘာတူ စာခ်ဳပ္ ထဲသို႔ ကမာၻတဝွမ္းက ဝိုင္းဝန္းဆန႔္က်င္ေနသည့္ ျမန္မာအား ထည့္သြင္းရန္ အျပင္းအထန္ ဆန႔္က်င္ေနသည္။

အဆိုပါ စာခ်ဳပ္သည္ ေဒသတြင္း အလုံးစုံ စီးပြားေရး ပူးေပါင္းမႈ Regional Comprehensive Economic Partnership (RECP) ျဖစ္ၿပီး အာဆီယံ ဆယ္ႏိုင္ငံ ႏွင့္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီယား၊ ဩစေတးလွ်၊ နယူးဇီလန္တို႔ ပါဝင္ေနသည္။ နယူးဇီလန္မွ ျမန္မာ ပါဝင္မည့္ မည္သည့္ အတည္ျပဳ စာ႐ြက္စာတမ္းကိုမွ် လက္ခံ စဥ္းစားမည္ မဟုတ္ဟု က်န္ႏိုင္ငံမ်ားအား အေၾကာင္းၾကားထားၿပီး ျဖစ္သည္။

ယခုအခါ မစ္ဆူဘီရွီ ႏွင့္ ပီထ႐ိုနာစ္ ေရနံကုမၸဏီႀကီးမ်ားလည္း ျမန္မာမွ လုပ္ငန္းမ်ား ရပ္ဆိုင္းေတာ့မည္ဟု အသီးသီး ေၾကညာခဲ့ၾကသည္။

ကမာၻတဝွမ္း ျဖစ္ပ်က္ ေျပာင္းလဲလာေနသည္မ်ားကို တစြန္းတစမွ်ပင္ သင္ခန္းစာ ယူတတ္ပုံ မရေသာ စစ္ဗိုလ္ခ်ဳပ္မ်ားကေတာ့ ေရအိုင္ထဲက ဖါးသူငယ္မ်ား အလား အင္းကြက္ခ်၊ ယၾတာေခ် ၿပီး တိုင္းျပည္ကို အုပ္ခ်ဳပ္ရန္သာ စိတ္ကူးရွိသူမ်ား ျဖစ္ေန၍ အာဆီယံပင္ ၎တို႔အား ႏြား႐ိုင္းမ်ား ကဲ့သို႔ မည္သို႔မည္ပုံ က်ဳံးသြင္းရမည္ကို ေျပာဆိုတိုင္ပင္လာေနၾကၿပီ ျဖစ္သည္။

ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် အာဆီယံ အစည်းအဝေးတွင် မိန့်ခွန်းပြော

ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရတ် ဟော့ဆွန်း သည် မတ်လ အစောပိုင်းအတွင်း မြန်မာသို့ အာဆီယံ အထူး သံတမန် အဖြစ် သွားရောက်သည့် အခါ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ‌‌တွေ့ဆုံနိုင်အောင် ကြိုးပမ်းသွားမည်ဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီး ပြောဆိုသွားခဲ့သည်။

ဤသည်ကလည်း အစည်းအဝေး အတွင်း မလေးရှား နိူင်ငံခြားရေး ဝန်ကြီးမှ NUG နှင့် တွေ့ဆုံရန် တောင်းဆိုလာခဲ့၍ ဖြစ်သည်။

ထိုသို့ မဖြစ်မနေ တွေ့ဆုံရန် မလေးရှား ဝန်ကြီးမှ တောင်းဆိုခဲ့ရခြင်းမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ၏ အာဆီယံ အစည်းအဝေးတွင် ပြောကြားခဲ့သော ဗီဒီယို မိန့်ခွန်း ကြောင့် ထိုသို့ ဖိအားပေးလာခြင်း ဖြစ်သည်။

ဒေါ်ဇင်မာအောင်က လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို အာဏာသိမ်း အဖွဲ့ အနေနှင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန်၊ လေကြောင်းမှ တိုက်ခိုက်မှုများ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ ဒီမိုကရေစီ အင်အားစုများ ထိန်းချုပ် နယ်မြေများကို ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းရန်၊ အကြမ်းဖက် စစ်ကောင်စီ မှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုများ၊ ပြည်သူ များကို သတ်ဖြတ်နေမှုများ ရပ်ဆိုင်းရန်၊ နှင့် ၎င်းတို့ကျူးလွန်သော စစ်ရာဇဝတ်မှုများ အတွက် သီးခြား စုံစမ်းစစ်ဆေးရေးကို ထောက်ခံပေးရန် တို့ကို သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းတောင်း ဆိုသွားခဲ့သည်။

ဒေါ်ဇင်မာအောင်၏ မိန့်ခွန်း အဖွင့်တွင်ပင် “my fellow ASEAN Foreign Ministers” ဟု ခေါ်ဝေါ်သုံးနှုန်း သွားခဲ့ပြီ ဖြစ်သည်။ ဝဏ္ဏမောင်လွင် နှင့် ဝန်ကြီးချုပ် ၏ အထူး အကြံပေး ဆိုသူ ရင်ရင်နွယ်တို့ နှစ်‌ယောက်ပေါင်း၍ ထွက်လာသော အကြံဉာဏ်ကား အင်တာပိုကို အကူ အညီတောင်းမည် ဆိုသော အဆင့်သာ ရှိနေချိန်တွင် NUG ၏ ခြေလှမ်းများက ကြောက် ခမန်းလိလိ တိုးမြင့်လာနေပေသည်။

ဒေါ်ဇင်မာအောင်သည် ၁၉၉၈ တွင် ဗိုလ်သန်းရွှေ စစ်အစိုးရ၏ ထောင်ဒဏ် ၂၈ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြီး ၁၁ နှစ်အကြာ ၂၀၀၉ ခုနှစ်တွင် လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။ ၂၀၁၂ တွင် အမေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန ၏ သူရသတ္တိ နှင့် ပြည့်စုံသော အမျိုးသမီး ဆု ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ပရတ် ဆော့ဟွန်း က မိမိအနေဖြင့် ပထမဆုံး ခရီးစဉ် ဖြစ်၍ သက်ဆိုင်သူ အားလုံး နှင့် တွေ့နိုင်ဦးမည် မဟုတ်သော်လည်း အချို့နှင့် တွေ့မည်၊ လောဘ ကြီး၍ မရသေးဟုလည်း ပြောဆိုသွားခဲ့သည်။

စစ်ကောင်စီ က အမျိုးသား ညီညွတ်ရေး အစိုးရအား “အကြမ်းဖက်” အဖွဲ့အစည်း အဖြစ် မည်သို့ပင် ဝါဒဖြန့် ပုံဖေါ်နေသော်လည်း အာဆီယံ အဖွဲ့အနေနှင့် ၎င်းတို့၏အပြောကို လက်ခံခြင်း မရှိဆိုသည် အထင်အရှား ပြဆိုလိုက်ခြင်း ဖြစ်၍ ပြည်သူတို့၏ အောင်ပွဲ တရပ် ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဟွန်ဆန်သည်ပင် ဥက္ကဌ အဖြစ် သူ၏ သက်တမ်းသည် ဆယ်လ နှင့် ၁၄ ရက်သာ ကျန်တော့၍ မြန်မာ ပြဿနာကို နောက်ဥက္ကဌ မှ ဆက်၍ လုပ်သွားဖို့သာ ရှိကြောင်း လက်လျော့စကား ပြောသွားခဲ့ပြီ ဖြစ်သည်။ နောက်ဥက္ကဌ ဆိုသည်မှာ အင်ဒို ၏ အလှည့် ဖြစ်နေပြန်၍ သက်သာစရာ အကြောင်းမမြင်။

စစ်‌ ကောင်စီ၏ ဟွန်ဆန် အားကိုးသော သံတမန် ထိုးစစ်သည် အဖက်ဖက်က အရေးနိမ့် လာနေသည်။အာဏာသိမ်း လာခဲ့သည်မှာ တနှစ်ကျော်နေပြီ ဖြစ်သော်လည်း ပြည်သူတို့ ၏ တွန်းလှန် ခုခံစစ်ကြောင့် စစ်ကောင်စီသည် တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အဖြစ်ကို အားလုံးက လက်ခံလာကြရပြီ ဖြစ်သည်။

ယခုလ အစောပိုင်းတွင် အဓိက ကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့မှ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု ကတိပြုသည့် ကြေညာချက် ထုတ်ပြန်လာခဲ့ခြင်း ကြောင့်လည်း မင်းအောင်လှိုင်၏ မျှော်လင့်ချက်များ ပျက်ပြား သွားစေခဲ့ရသည်ဟု Bloomberg စီးပွားရေး ဂျာနယ်မှ ရေးသားလာခဲ့သည်။

နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ယခင်ကလို နယ်စပ်ဒေသများတွင် မဟုတ် တော့ဘဲ တနိုင်ငံလုံး အနှံ့ ကူးစက် ပြန့်ပွားလာနေပြီ ဖြစ်သည်။

ထိုအနေအထား အတိုင်း ဆက်လက် ခွင့်ပြုနေမည်ဆိုလျှင် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာတော့မည့် အနေအထားကို အာဆီယံ အဖို့ ထည့်သွင်းစဉ်းစားလာခဲ့ရသည်။

မင်းအောင်လှိုင်သည် အာဆီယံ အစည်းအဝေးသို့ ဝဏ္ဏမောင်လွင်မှ လွဲ၍ မည်သူမျှ မလွှတ် နိုင်ဟု ဆက်တိုက် ဆိုသလို တင်းခံနေခြင်းကြောင့်လည်း အာဆီယံသည် NUG နှင့် ဆက်သွယ် ဆောင်ရွက်သွားဖို့ ဖန်တီးပေးသလို ဖြစ်လာခဲ့ရသည်။

ယခုအခါ ဖိလစ်ပိုင်သည် နယူးဇီလန်ကဲ့သို့ပင် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖြစ်မည့် လွတ် လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ် ထဲသို့ ကမ္ဘာတဝှမ်းက ဝိုင်းဝန်းဆန့်ကျင်နေသည့် မြန်မာအား ထည့်သွင်းရန် အပြင်းအထန် ဆန့်ကျင်နေသည်။

အဆိုပါ စာချုပ်သည် ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းမှု Regional Comprehensive Economic Partnership (RECP) ဖြစ်ပြီး အာဆီယံ ဆယ်နိုင်ငံ နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီယား၊ ဩစတေးလျှ၊ နယူးဇီလန်တို့ ပါဝင်နေသည်။ နယူးဇီလန်မှ မြန်မာ ပါဝင်မည့် မည်သည့် အတည်ပြု စာရွက်စာတမ်းကိုမျှ လက်ခံ စဉ်းစားမည် မဟုတ်ဟု ကျန်နိုင်ငံများအား အကြောင်းကြားထားပြီး ဖြစ်သည်။

ယခုအခါ မစ်ဆူဘီရှီ နှင့် ပီထရိုနာစ် ရေနံကုမ္ပဏီကြီးများလည်း မြန်မာမှ လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဟု အသီးသီး ကြေညာခဲ့ကြသည်။

ကမ္ဘာတဝှမ်း ဖြစ်ပျက် ပြောင်းလဲလာနေသည်များကို တစွန်းတစမျှပင် သင်ခန်းစာ ယူတတ်ပုံ မရသော စစ်ဗိုလ်ချုပ်များကတော့ ရေအိုင်ထဲက ဖါးသူငယ်များ အလား အင်းကွက်ချ၊ ယတြာချေ ပြီး တိုင်းပြည်ကို အုပ်ချုပ်ရန်သာ စိတ်ကူးရှိသူများ ဖြစ်နေ၍ အာဆီယံပင် ၎င်းတို့အား နွားရိုင်းများ ကဲ့သို့ မည်သို့မည်ပုံ ကျုံးသွင်းရမည်ကို ပြောဆိုတိုင်ပင်လာနေကြပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!