ရခိုင်ပြည်နယ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ကြိုးပမ်းနေကြောင်း အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက် မနေ့က ပြောလိုက်ပါတယ်။
အာရက္ခမီဒီယာနဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က အခုလို ပြောဆိုခဲ့တာပါ။“သူတို့ကို ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကဏ္ဍနဲ့ ရဲလုပ်ငန်းကဏ္ဍတွေမှာ ပါဝင်လာဖို့ မှန်းထားပါတယ်။
ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းတွေ၊ စီမံအုပ်ချုပ်ရေး နည်းလမ်းတွေ၊ ပြီးတော့ ဥပဒေဆိုင်ရာ သင်တန်းတွေ ခေါ်ပြီးပေးဖို့ ကျွန်တော်တို့ စီစဉ်နေကြပါတယ်။ ဒီဟာတွေကတော့ တဆင့်ပြီးတဆင့် လုပ်သွားရမှာပါ။ ရဲသင်တွေမှာလည် းသူတို့ကိုခေါ်ပြီးပေးဖို့ ကြိုးစားနေကြပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကိုဗစ်ရောဂါတွေနဲ့ ကျွန်တော်တို့မှာလည်း အခက်အခဲတွေရှိနေတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေတာပါ”
ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝိုင်းကြား အခြေအနေတွေနဲ့ပတ်သက်လို့ ပြည်ပမှာနေထိုင်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒေသမှာရှိနေတဲ့ အခြေအနေမှန်ကို မစူးစမ်းဘဲ ခံစားချက်တွေအပေါ် မူတည်ပြီး လှုံ့ဆော်နေတာတွေဟာ နှစ်ဖက်ယုံကြည်မှုနဲ့ သင့်မြတ်ရေးကို အတားအဆီးတွေဖြစ်စေတယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့တော်လှန်ရေးကဏ္ဍဟာ အခုအချိန်မှာ ၇၅ ရာခိုင်နှုန်းအထိ ခရီးရောက်နေပြီလို့လည်း ဆိုပါတယ်။ရခိုင်ဒေသမှာ လွန်ခဲ့တဲ့ အချိန်ခြောက်လလောက်ကနေစလို့ ဥပဒေအတိုင်ပင်ခံတွေနဲ့ တရားစီရင်ရေးကဏ္ဍကို ဆောင်ရွက်နေသလို အဂတိတရားကင်းစင်ဖို့အတွက် တရားသူကြီးတွေကို မကြာခင်လစာပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
တရားစီရင်ရေးအပိုင်းမှာ ရပ်ကျေးအဆင့်တရားရုံး၊ စစ်ဒေသအဆင့် တရားရုံးနဲ့ ဗဟိုတရားရုံးဆိုပြီး အဆင့်တွေ ခွဲထားပြီးတော့ ရပ်ကျေးအဆင့်အတွက် အုပ်ချုပ်ရေးမှူးတွေကိုလည်း ဥပဒေသင်တန်းတွေ ပေးထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရားစီရင်ရေးအတွက် ဗြိတိသျှဘုံဥပဒေကိုအခြေခံပြီး ဆောင်ရွက်တာလို့လည်း ပြောပါတယ်။ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အလျှော့အတင်းလုပ်တာ မရှိသလို နောင်လည်းရှိမှာ မဟုတ်ကြောင်း၊ အခု စစ်ကောင်စီနဲ့ ယာယီအပစ်အခတ် ရပ်စဲထားတာကလွဲလို့ တစ်စုံတစ်ရာ နိုင်ငံရေးအရ အပေးအယူ၊ ကတိကဝတ် စာချုပ်စာတမ်းတွေ ဒီနေ့အထိ မရှိသေးကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အပြန်အလှန် လွှတ်ပေးတာက အွန်လိုင်းစနစ်နဲ့ အလွတ်သဘော အပြန်အလှန်ဆွေးနွေးရာမှာ ဥပဒေကြောင်းအရ မခိုင်လုံဘဲ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးမယ်ဆိုရင် အခုယုံကြည်မှုတည်ဆောက်ဆဲကာလမှာအလားအလာတွေ ပိုကောင်းနိုင်ကြောင်းပြောလို့ နားလည်မှုနဲ့ လွှတ်ပေးခြင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့လိုလားပေမယ့် တခြားတစ်ဘက်ကတော့ စစ်ရေးအရ ရန်လိုမှုတွေကို ပြတာတွေရှိသလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းတွေကိုလည်း လက်မခံဘဲ ကန့်ကွက်တာတွေကို အခါခါကြုံနေရတယ်လို့ ပြောပါတယ်။
အခုလိုမျိုး ကပ်ဘေးကာလ၊ မိုးတွင်းပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေများတဲ့ ကာလမှာတော့ စစ်ရေးအရ ပြသနာတွေ မတက်လာအောင် ရှောင်ရှားဖို့ တပ်မှူးတွေကိုတော့ ညွှန်ကြားထားပေမယ့် သည်းခံနိုင်တဲ့အတိုင်းအတာက အကန့်အသတ်ရှိကြောင်း၊ တတ်နိုင်သမျှ ရှောင်ရှားမှာဖြစ်ပေမယ့် စစ်ရေးအရ လိုအပ်ရင်လိုအပ်သလို စဉ်းစားသွားမယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
~~~~~~
ရခိုင္ျပည္နယ္မွာ ဒုတိယလူဦးေရအမ်ားဆုံးျဖစ္တဲ့ မြတ္စလင္အသိုင္းအဝိုင္းကို ရကၡိဳင့္တပ္ေတာ္ (AA/ULA) ရဲ႕ အုပ္ခ်ဳပ္ေရးက႑မွာ ပါဝင္လာဖို႔ႀကိဳးပမ္းေနေၾကာင္း ေအေအ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ၾသဂုတ္လ ၁၅ ရက္ မေန႔က ေျပာလိုက္ပါတယ္။
အာရကၡမီဒီယာနဲ႔ သီးသန႔္ဆက္သြယ္ေမးျမန္းခန္းမွာ ရကၡိဳင့္တပ္ေတာ္ (AA/ULA) ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ က အခုလို ေျပာဆိုခဲ့တာပါ။“သူတို႔ကို ကြၽန္ေတာ္တို႔ရဲ႕အုပ္ခ်ဳပ္ေရးက႑နဲ႔ ရဲလုပ္ငန္းက႑ေတြမွာ ပါဝင္လာဖို႔ မွန္းထားပါတယ္။
ၿပီးေတာ့ အုပ္ခ်ဳပ္ေရးဆိုင္ရာ ႐ုံးလုပ္ငန္းေတြ၊ စီမံအုပ္ခ်ဳပ္ေရး နည္းလမ္းေတြ၊ ၿပီးေတာ့ ဥပေဒဆိုင္ရာ သင္တန္းေတြ ေခၚၿပီးေပးဖို႔ ကြၽန္ေတာ္တို႔ စီစဥ္ေနၾကပါတယ္။ ဒီဟာေတြကေတာ့ တဆင့္ၿပီးတဆင့္ လုပ္သြားရမွာပါ။ ရဲသင္ေတြမွာလည္ းသူတို႔ကိုေခၚၿပီးေပးဖို႔ ႀကိဳးစားေနၾကပါတယ္။ ဒီႏွစ္ပိုင္းေတြမွာ ကိုဗစ္ေရာဂါေတြနဲ႔ ကြၽန္ေတာ္တို႔မွာလည္း အခက္အခဲေတြရွိေနတဲ့အတြက္ ၾကန႔္ၾကာမႈေတြ ရွိေနတာပါ”
ရခိုင္နဲ႔ မြတ္စလင္ အသိုင္းအဝိုင္းၾကား အေျခအေနေတြနဲ႔ပတ္သက္လို႔ ျပည္ပမွာေနထိုင္တဲ့ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေဒသမွာရွိေနတဲ့ အေျခအေနမွန္ကို မစူးစမ္းဘဲ ခံစားခ်က္ေတြအေပၚ မူတည္ၿပီး လႈံ႕ေဆာ္ေနတာေတြဟာ ႏွစ္ဖက္ယုံၾကည္မႈနဲ႔ သင့္ျမတ္ေရးကို အတားအဆီးေတြျဖစ္ေစတယ္လို႔လည္း ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကေျပာပါတယ္။
ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ေတာ္လွန္ေရးက႑ဟာ အခုအခ်ိန္မွာ ၇၅ ရာခိုင္ႏႈန္းအထိ ခရီးေရာက္ေနၿပီလို႔လည္း ဆိုပါတယ္။ရခိုင္ေဒသမွာ လြန္ခဲ့တဲ့ အခ်ိန္ေျခာက္လေလာက္ကေနစလို႔ ဥပေဒအတိုင္ပင္ခံေတြနဲ႔ တရားစီရင္ေရးက႑ကို ေဆာင္႐ြက္ေနသလို အဂတိတရားကင္းစင္ဖို႔အတြက္ တရားသူႀကီးေတြကို မၾကာခင္လစာေပးဖို႔ ေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာပါတယ္။
တရားစီရင္ေရးအပိုင္းမွာ ရပ္ေက်းအဆင့္တရား႐ုံး၊ စစ္ေဒသအဆင့္ တရား႐ုံးနဲ႔ ဗဟိုတရား႐ုံးဆိုၿပီး အဆင့္ေတြ ခြဲထားၿပီးေတာ့ ရပ္ေက်းအဆင့္အတြက္ အုပ္ခ်ဳပ္ေရးမႉးေတြကိုလည္း ဥပေဒသင္တန္းေတြ ေပးထားၿပီးျဖစ္တယ္လို႔လည္း ဆိုပါတယ္။
တရားစီရင္ေရးအတြက္ ၿဗိတိသွ်ဘုံဥပေဒကိုအေျခခံၿပီး ေဆာင္႐ြက္တာလို႔လည္း ေျပာပါတယ္။ရကၡိဳင့္တပ္ေတာ္ (AA) အေနနဲ႔ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ရာမွာ အေလွ်ာ့အတင္းလုပ္တာ မရွိသလို ေနာင္လည္းရွိမွာ မဟုတ္ေၾကာင္း၊ အခု စစ္ေကာင္စီနဲ႔ ယာယီအပစ္အခတ္ ရပ္စဲထားတာကလြဲလို႔ တစ္စုံတစ္ရာ ႏိုင္ငံေရးအရ အေပးအယူ၊ ကတိကဝတ္ စာခ်ဳပ္စာတမ္းေတြ ဒီေန႔အထိ မရွိေသးေၾကာင္း ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ေျပာပါတယ္။
ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ တပ္မေတာ္တို႔အၾကား ဖမ္းဆီးထိန္းသိမ္းထားသူေတြကို အျပန္အလွန္ လႊတ္ေပးတာက အြန္လိုင္းစနစ္နဲ႔ အလြတ္သေဘာ အျပန္အလွန္ေဆြးေႏြးရာမွာ ဥပေဒေၾကာင္းအရ မခိုင္လုံဘဲ ေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းထားသူေတြကို လႊတ္ေပးမယ္ဆိုရင္ အခုယုံၾကည္မႈတည္ေဆာက္ဆဲကာလမွာအလားအလာေတြ ပိုေကာင္းႏိုင္ေၾကာင္းေျပာလို႔ နားလည္မႈနဲ႔ လႊတ္ေပးျခင္းသာျဖစ္တယ္လို႔လည္း ဆိုပါတယ္။
ရကၡိဳင့္တပ္ေတာ္ (AA) အေနနဲ႔ ျပသနာေတြကို ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းႏိုင္ဖို႔လိုလားေပမယ့္ တျခားတစ္ဘက္ကေတာ့ စစ္ေရးအရ ရန္လိုမႈေတြကို ျပတာေတြရွိသလို အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးပိုင္းေတြကိုလည္း လက္မခံဘဲ ကန႔္ကြက္တာေတြကို အခါခါႀကဳံေနရတယ္လို႔ ေျပာပါတယ္။
အခုလိုမ်ိဳး ကပ္ေဘးကာလ၊ မိုးတြင္းျပည္သူေတြ စားဝတ္ေနေရး အခက္အခဲေတြမ်ားတဲ့ ကာလမွာေတာ့ စစ္ေရးအရ ျပသနာေတြ မတက္လာေအာင္ ေရွာင္ရွားဖို႔ တပ္မႉးေတြကိုေတာ့ ၫႊန္ၾကားထားေပမယ့္ သည္းခံႏိုင္တဲ့အတိုင္းအတာက အကန႔္အသတ္ရွိေၾကာင္း၊ တတ္ႏိုင္သမွ် ေရွာင္ရွားမွာျဖစ္ေပမယ့္ စစ္ေရးအရ လိုအပ္ရင္လိုအပ္သလို စဥ္းစားသြားမယ္လို႔လည္း ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ေျပာပါတယ္။



