ၾကက္ဥ မက်က္တက်က္ က ပိုအားရွိတာလား ?
မဟုတ္ပါဘူး။ ရိုးရိုးၾကက္ဥျပဳတ္ တစ္လုံးနဲ႔ မက်က္တက်က္ ၾကက္ဥျပဳတ္တစ္လုံးနဲ႔ အာဟာရတန္ဖိုးတူတူပါပဲ။ အရပ္ထဲမွာေျပာသလို မက်က္တက်က္ကမွ ပိုအားရွိတယ္ဆိုတာ မဟုတ္ပါဘူး။
က်က္ေအာင္ျပဳတ္လိုက္ရင္ ပရိုတင္းဓါတ္ေတြပ်က္သြားလား?
ပရိုတင္းရဲ့ သေဘာက အပူနဲ႔ေတြရင္ပ်က္ပါတယ္။ အပူနဲ႔ မေတြ႕လည္း အစာအိမ္၊ အူလမ္းေၾကာင္းထဲေရာက္ရင္ ေခ်ဖ်က္ပါတယ္။ ခႏၶာကိုယ္က ပရိုတင္းအလုံးႀကီးကို သုံးတာမဟုတ္ပဲ ေခ်ဖ်က္ထားတဲ့ အမီနိုအက္ဆစ္ေလးေတြကိုပဲ ယူသုံးလို႔ ရတဲ့အာဟာရက အပူနဲ႔ေတြ႕ေတြ႕မေတြ႕ေတြ႕ကြာျခားသြားတာ မရွိပါဘူး။
အစိမ္းစားရင္ေရာ ?
အစိမ္းစားရင္ေတာ့ Salmonella ဝမ္းကိုက္ပိုးပါတတ္ပါတယ္။ က်က္ေအာင္ျပဳတ္/ ေၾကာ္စားတာက်န္းမာေရးနဲ႔ ပိုညီညြတ္ပါတယ္။ၾကက္ဥျပဳတ္တစ္လုံးမွာ အသားဓါတ္ ၆.၅ ဂရမ္ပါၿပီး ေစ်းလည္းသင့္လို႔ ဒီလိုအခ်ိန္မွာ ကိုယ္ခံအားေကာင္းေအာင္ပိုစားသင့္ပါတယ္။ၾကက္ဥတစ္လုံးမွာ ကိုလက္စေရာ ၂၄၀ မီလီဂရမ္ေလာက္ပါတတ္လို႔ ကိုလက္စေရာတက္တဲ့လူေတြက အႏွစ္စားမယ္ဆိုတစ္ေန႔တစ္လုံးထက္ ပိုမစားသင့္ပါဘူး။ အကာကိုေတာ့စားနိုင္ပါတယ္။
ေဒါက္တာအိအိမင္း
Unicode
ကြက်ဥ မကျက်တကျက် က ပိုအားရှိတာလား ?
မဟုတ်ပါဘူး။ ရိုးရိုးကြက်ဥပြုတ် တစ်လုံးနဲ့ မကျက်တကျက် ကြက်ဥပြုတ်တစ်လုံးနဲ့ အာဟာရတန်ဖိုးတူတူပါပဲ။ အရပ်ထဲမှာပြောသလို မကျက်တကျက်ကမှ ပိုအားရှိတယ်ဆိုတာ မဟုတ်ပါဘူး။
ကျက်အောင်ပြုတ်လိုက်ရင် ပရိုတင်းဓါတ်တွေပျက်သွားလား?
ပရိုတင်းရဲ့ သဘောက အပူနဲ့တွေရင်ပျက်ပါတယ်။ အပူနဲ့ မတွေ့လည်း အစာအိမ်၊ အူလမ်းကြောင်းထဲရောက်ရင် ချေဖျက်ပါတယ်။ ခန္ဓာကိုယ်က ပရိုတင်းအလုံးကြီးကို သုံးတာမဟုတ်ပဲ ချေဖျက်ထားတဲ့ အမီနိုအက်ဆစ်လေးတွေကိုပဲ ယူသုံးလို့ ရတဲ့အာဟာရက အပူနဲ့တွေ့တွေ့မတွေ့တွေ့ကွာခြားသွားတာ မရှိပါဘူး။
အစိမ်းစားရင်ရော ?
အစိမ်းစားရင်တော့ Salmonella ဝမ်းကိုက်ပိုးပါတတ်ပါတယ်။ ကျက်အောင်ပြုတ်/ ကြော်စားတာကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ကြက်ဥပြုတ်တစ်လုံးမှာ အသားဓါတ် ၆.၅ ဂရမ်ပါပြီး ဈေးလည်းသင့်လို့ ဒီလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်ပိုစားသင့်ပါတယ်။ကြက်ဥတစ်လုံးမှာ ကိုလက်စရော ၂၄၀ မီလီဂရမ်လောက်ပါတတ်လို့ ကိုလက်စရောတက်တဲ့လူတွေက အနှစ်စားမယ်ဆိုတစ်နေ့တစ်လုံးထက် ပိုမစားသင့်ပါဘူး။ အကာကိုတော့စားနိုင်ပါတယ်။
ဒေါက်တာအိအိမင်း