ၾကားသိရသမွ်

ရေခဲခြစ်ကို လှည့်ပတ်ရောင်းနေရင်း မသန်စွမ်းတဲ့သားဖြစ်သူရဲ့မျက်နှာကို သေချာစွာ သုတ်ပေးနေခဲ့တဲ့ဓာတ်ပုံကြောင့် သူသိများလာတဲ့ အမျိုးသားတစ်ဦး

ထိုင်းနိုင်ငံရှိ လမ်းပေါ်စျေးသည်များဟာ ၎င်းတို့ရဲ့ခံတွင်းတွေ့စေမဲ့အစားအစာများအတွက် သာမက ၎င်းတို့ဟာ အလုပ်ကြိုးစားကြတဲ့သူများအဖြစ်လည်း နာမည်ကောင်းရထားကြပါတယ်။သို့ပေမဲ့ ၎င်းတို့ဟာ မိသားစုရဲ့စားဝတ်နေရေးအတွက် နေ့နေ့ညညရုန်းကန်လှုပ်ရှားနေကြရပါတယ်။၂၀၂၁ ခုနှစ် ဩဂုဏ်လ ၈ရက်နေ့မှာ ဘန်ကောက်မြို့ရှိ Bhumibol တံတားပတ်လည်၌ ဈေးရောင်းသူတစ်ဦးရဲ့ပုံကို လူတစ်ဦးက Facebook ပေါ်မှာ မျှဝေပေးခဲ့ပါတယ်။ ပုံတွင်သူ၏တွန်းလှည်းဖြင့်ချည်နှောင်ထားသောကလေးငယ်၏မျက်နှာကိုသုတ်နေသောသူ၏ဈေးဝယ်လှည်းတွင်နေရာသတ်မှတ်ထားသောသူသည်မုတ်ဆိတ်ရိတ်ရေခဲခွက်ကို ၁၀ ဒေါ်လာ (~ USD0.30)/ခွက်ဖြင့်ရောင်းချသည်။၎င်းဓာတ်ပုံမှာ သူ့ရဲ့စျေးရောင်းတဲ့တွန်းလှည်းနှင့်တွဲချည်ထားတဲ့ wheelchair ပေါ်မှာထိုင်နေတဲ့ သားဖြစ်သူရဲ့မျက်နှာကို သုတ်ပေးနေတဲ့ဦးလေးတစ်ဦးဟာ သူ့ရဲ့ရေခဲခြစ်တစ်ခွက်ကို ဘတ် ၁၀ ဖြင့် ရောင်းချနေခဲ့ပါတယ်။

Powerful ဖြစ်စေတဲ့၎င်းဓာတ်ပုံဟာ share ပေါင်း 49k အထိရှိသွားခဲ့ပြီး Line Today သတင်းအရ အဆိုပါဦးလေးမှာ သားနှစ်ယောက်ရှိတယ်လို့ သိရပါတယ်။၎င်းဓာတ်ပုံဟာ မြင်သူတိုင်းရဲ့နှလုံးသားကို ဆွဲငင်နေခဲ့ပြီး ၎င်းပု့ကိုကြည့်ဖို့ ဘယ်သူမဆို ခက်ခဲနေပါလိမ့်မယ်။ထို့နောက် အင်တာနက်သုံးစွဲသူများက အဆိုပါဦးလေးကို အားပေးစကားအချို့အပြင် သူ့မိသားစုအတွက် ငွေကြေးပံ့ပိုးမှုများကိုလည်း အလျင်အမြန် ထောက်ပံ့ပေးခဲ့ကြပါတယ်။“ဦးလေးရဲ့နေ့ရက်တွေပိုကောင်းလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဦးလေးကိုမျှော်လင့်ချက်ပေးဖို့ ကျွန်တော် ဒီမှာ ရှိနေမယ် ၊ဆက်လက်တိုက်ပွဲဝင်လိုက်ပါ ”၊ “ဦးလေးရဲ့သားလေးမကြာခင်ပြန်ကောင်းလာဖို့အတွက် ကျွန်တော်တို့မျှော်လင့်ပါတယ်” ။

“ဦးလေးနဲ့ ဦးလေးရဲ့သားလေးကျန်းမာဖို့ ကျွန်တော်တို့မျှော်လင့်တယ်၊ ကျွန်တော်သာ အဲ့ဒီနေရာတစ်ဝိုက်မှာရှိနေခဲ့ရင် ဦးလေးနှစ်ယောက်စလုံးကို သေချာကူညီပေးနိုင်မှာဘဲ” ဟုစတဲ့မှတ်ချက်များစွာကို ပေးခဲ့ကြပါတယ်။ထို့အပြင် အခြား Facebook user တစ်ဦးက ဦးလေးတို့မိသားစုအား လှူဒါန်းပေးခြင်းကိုစိတ်ဝင်စားသူများအတွက် acc အချက်အလက်များကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။အခက်အခဲများကြားမှ ဦးလေးရဲ့အစွမ်းသတ္တိဟာ လေးစားဖွယ်ရာကောင်းလှပါတယ်။ဦးလေးရဲ့သားဖြစ်သူကို ပြုစုစောင့်ရှောက်ရန်နည်းလမ်းရှာရာမှာဇွဲရှိခြင်းက ကျွန်တော်တို့အားလုံးကို သင်ယူစေမဲ့အရာတစ်ခုဖြစ်လာစေပါတယ်။ဦးလေးလည်း ဒီထပ်မက ပံ့ပိုးပေးမှုများကို လက်ခံရရှိပါစေလို့လည်း ဆုတောင်းမိပါတယ်ဗျာ။

.

.

.

.

.

.

JRose (KBdailynews)

Reference : thesmartlocal

Zawgyi

ထိုင္းႏိုင္ငံရွိ လမ္းေပၚေစ်းသည္မ်ားဟာ ၎တို႔ရဲ႕ခံတြင္းေတြ႕ေစမဲ့အစားအစာမ်ားအတြက္ သာမက ၎တို႔ဟာ အလုပ္ႀကိဳးစားၾကတဲ့သူမ်ားအျဖစ္လည္း နာမည္ေကာင္းရထားၾကပါတယ္။သို႔ေပမဲ့ ၎တို႔ဟာ မိသားစုရဲ႕စားဝတ္ေနေရးအတြက္ ေန႔ေန႔ညည႐ုန္းကန္လႈပ္ရွားေနၾကရပါတယ္။၂၀၂၁ ခုႏွစ္ ဩဂုဏ္လ ၈ရက္ေန႔မွာ ဘန္ေကာက္ၿမိဳ႕ရွိ Bhumibol တံတားပတ္လည္၌ ေဈးေရာင္းသူတစ္ဦးရဲ႕ပုံကို လူတစ္ဦးက Facebook ေပၚမွာ မွ်ေဝေပးခဲ့ပါတယ္။ ပုံတြင္သူ၏တြန္းလွည္းျဖင့္ခ်ည္ေႏွာင္ထားေသာကေလးငယ္၏မ်က္ႏွာကိုသုတ္ေနေသာသူ၏ေဈးဝယ္လွည္းတြင္ေနရာသတ္မွတ္ထားေသာသူသည္မုတ္ဆိတ္ရိတ္ေရခဲခြက္ကို ၁၀ ေဒၚလာ (~ USD0.30)/ခြက္ျဖင့္ေရာင္းခ်သည္။၎ဓာတ္ပုံမွာ သူ႔ရဲ႕ေစ်းေရာင္းတဲ့တြန္းလွည္းႏွင့္တြဲခ်ည္ထားတဲ့ wheelchair ေပၚမွာထိုင္ေနတဲ့ သားျဖစ္သူရဲ႕မ်က္ႏွာကို သုတ္ေပးေနတဲ့ဦးေလးတစ္ဦးဟာ သူ႔ရဲ႕ေရခဲျခစ္တစ္ခြက္ကို ဘတ္ ၁၀ ျဖင့္ ေရာင္းခ်ေနခဲ့ပါတယ္။

Powerful ျဖစ္ေစတဲ့၎ဓာတ္ပုံဟာ share ေပါင္း 49k အထိရွိသြားခဲ့ၿပီး Line Today သတင္းအရ အဆိုပါဦးေလးမွာ သားႏွစ္ေယာက္ရွိတယ္လို႔ သိရပါတယ္။၎ဓာတ္ပုံဟာ ျမင္သူတိုင္းရဲ႕ႏွလုံးသားကို ဆြဲငင္ေနခဲ့ၿပီး ၎ပု႔ကိုၾကည့္ဖို႔ ဘယ္သူမဆို ခက္ခဲေနပါလိမ့္မယ္။ထို႔ေနာက္ အင္တာနက္သုံးစြဲသူမ်ားက အဆိုပါဦးေလးကို အားေပးစကားအခ်ိဳ႕အျပင္ သူ႔မိသားစုအတြက္ ေငြေၾကးပံ့ပိုးမႈမ်ားကိုလည္း အလ်င္အျမန္ ေထာက္ပံ့ေပးခဲ့ၾကပါတယ္။“ဦးေလးရဲ႕ေန႔ရက္ေတြပိုေကာင္းလာမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္၊ ဦးေလးကိုေမွ်ာ္လင့္ခ်က္ေပးဖို႔ ကြၽန္ေတာ္ ဒီမွာ ရွိေနမယ္ ၊ဆက္လက္တိုက္ပြဲဝင္လိုက္ပါ ”၊ “ဦးေလးရဲ႕သားေလးမၾကာခင္ျပန္ေကာင္းလာဖို႔အတြက္ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္” ။

“ဦးေလးနဲ႔ ဦးေလးရဲ႕သားေလးက်န္းမာဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္တယ္၊ ကြၽန္ေတာ္သာ အဲ့ဒီေနရာတစ္ဝိုက္မွာရွိေနခဲ့ရင္ ဦးေလးႏွစ္ေယာက္စလုံးကို ေသခ်ာကူညီေပးႏိုင္မွာဘဲ” ဟုစတဲ့မွတ္ခ်က္မ်ားစြာကို ေပးခဲ့ၾကပါတယ္။ထို႔အျပင္ အျခား Facebook user တစ္ဦးက ဦးေလးတို႔မိသားစုအား လႉဒါန္းေပးျခင္းကိုစိတ္ဝင္စားသူမ်ားအတြက္ acc အခ်က္အလက္မ်ားကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။အခက္အခဲမ်ားၾကားမွ ဦးေလးရဲ႕အစြမ္းသတၱိဟာ ေလးစားဖြယ္ရာေကာင္းလွပါတယ္။ဦးေလးရဲ႕သားျဖစ္သူကို ျပဳစုေစာင့္ေရွာက္ရန္နည္းလမ္းရွာရာမွာဇြဲရွိျခင္းက ကြၽန္ေတာ္တို႔အားလုံးကို သင္ယူေစမဲ့အရာတစ္ခုျဖစ္လာေစပါတယ္။ဦးေလးလည္း ဒီထပ္မက ပံ့ပိုးေပးမႈမ်ားကို လက္ခံရရွိပါေစလို႔လည္း ဆုေတာင္းမိပါတယ္ဗ်ာ။

JRose (KBdailynews)