ၾကားသိရသမွ်

ယနေ့ နွေဦးထီ အစောင်ရေ ၇၀၀၀၀ ကျော် သိန်းပေါင်း ၁၄၀၀ ကျော်ဖိုး ရောင်းချလိုက်ရ

ချစ်ခင်လေးစားရတဲ့ နွေဦးထီ သူရဲကောင်းများ ခင်ဗျား။

ယခုအချိန်အထိ ဝယ်ယူရန်တင်ပြထားသော ထီလက်မှတ်ပေါင်း ၆၇၀၀၀ (ခြောက်သောင်းခုနှစ်ထောင်ကျော်) အော်ဒါ

လက်ခံရရှိပြီးဖြစ်ပါတယ်။

မိမိတို့ ဆားဗစ်စင်တာမှ အေးဂျင့်များ အနေဖြင့် ပြည်သူလူထု၏ တခဲနက်အားပေးမှုကို အချိန်နှင့်တပြေးညီ ဝန်ဆောင်မှု

ပေးနိုင်ရန် အခက်အခဲရှိနေသည့်အတွက် ဒီကနေ့အတွက် ထီထိုးခြင်းလုပ်ငန်းစဉ်ကို ရပ်နားပေးကြပါရန် အနူးအညွှတ်

မေတ္တာရပ်ခံအပ်ပါတယ်။

လက်ရှိ လက်ခံထားသည့် ထီလက်မှတ်အော်ဒါ ၆၇၀၀၀ (ခြောက်သောင်းခုနှစ်ထောင်ကျော်) ကို လိုအပ်သည့်

ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ယနေ့အတွက် ထီရောင်းချခြင်းကို ရပ်နားခွင့်ပြုပါရန် အလေးအနက်‌ တောင်းပန်

အပ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီ ပြုတ်မကျမချင်း နွေဦးထီကို ဆက်လက်ရောင်းချသွားမည်ဖြစ်သည့်အတွက် စိတ်ရှည်သည်း

ခံလျှက် အားပေးကူညီကြပါရန်လည်း အထူး မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။

ပြည်သူ့အားနှင့်အရေးတော်ပုံအောင်ရမည်။

ချစ်ခင်လေးစားဂုဏ်ယူလျှက်

နွေဦးထီမိသားစု

အမျိုးသားညီညွတ်ရေးအစိုးရ

—————–

ခ်စ္ခင္ေလးစားရတဲ့ ေႏြဦးထီ သူရဲေကာင္းမ်ား ခင္ဗ်ား။

ယခုအခ်ိန္အထိ ဝယ္ယူရန္တင္ျပထားေသာ ထီလက္မွတ္ေပါင္း ၆၇၀၀၀ (ေျခာက္ေသာင္းခုႏွစ္ေထာင္ေက်ာ္) ေအာ္ဒါလ

က္ခံရရွိၿပီးျဖစ္ပါတယ္။

မိမိတို႔ ဆားဗစ္စင္တာမွ ေအးဂ်င့္မ်ား အေနျဖင့္ ျပည္သူလူထု၏ တခဲနက္အားေပးမႈကို အခ်ိန္ႏွင့္တေျပးညီ ဝန္ေဆာင္မႈေ

ပးႏိုင္ရန္ အခက္အခဲရွိေနသည့္အတြက္ ဒီကေန႔အတြက္ ထီထိုးျခင္းလုပ္ငန္းစဥ္ကို ရပ္နားေပးၾကပါရန္ အႏူးအၫႊတ္ေမ

တၱာရပ္ခံအပ္ပါတယ္။

လက္ရွိ လက္ခံထားသည့္ ထီလက္မွတ္ေအာ္ဒါ ၆၇၀၀၀ (ေျခာက္ေသာင္းခုႏွစ္ေထာင္ေက်ာ္) ကို လိုအပ္သည့္ဝန္ေဆာင္မႈ

မ်ားေပးႏိုင္ရန္အတြက္ ယေန႔အတြက္ ထီေရာင္းခ်ျခင္းကို ရပ္နားခြင့္ျပဳပါရန္ အေလးအနက္‌ ေတာင္းပန္အပ္ပါသည္။

အၾကမ္းဖက္စစ္ေကာင္စီ ျပဳတ္မက်မခ်င္း ေႏြဦးထီကို ဆက္လက္ေရာင္းခ်သြားမည္ျဖစ္သည့္အတြက္ စိတ္ရွည္သည္းခံ

လွ်က္ အားေပးကူညီၾကပါရန္လည္း အထူး ေမတၱာရပ္ခံတိုက္တြန္းလိုပါသည္။

ျပည္သူ႔အားႏွင့္အေရးေတာ္ပုံေအာင္ရမည္။

ခ်စ္ခင္ေလးစားဂုဏ္ယူလွ်က္

ေႏြဦးထီမိသားစု

အမ်ိဳးသားညီၫြတ္ေရးအစိုးရ