သိန်း ၁၀၀ ပေးတောင် ဆံပင်မရောင်းတဲ့ဆရာမလေး ဆံပင်ဖြတ်ပြီးလှူခဲ့ …
သိန်း ၁၀၀ ပေးတောင် ဆံပင်ကိုမရောင်းဘူးဆိုတဲ့ ဆရာမလေးရဲ့ဆံပင်ဖြတ်ပြီးလှူခဲ့တဲ့အလှူလေးကို ဖော်ပြလိုက်ပါတယ်။
သိန်း ၁၀၀ပေးတာတောင် ဆံပင်ကို ဖြတ်မရောင်းဘူးဆိုတဲ့ ဆရာမလေးကို သိကြမှာပါနော်။
တချို့က ဆံပင်ဘာမက်စရာရှိလည်းဆိုပြီး ဝေဖန်ကြပါသေးတယ်….တချို့ကတော့ဆရာမလေးရဲ့ မြန်မာ့ရိုးရာထိန်းသိမ်းပုံကို ချီးကျူးကြပါတယ်။အဲတာကြောင့် ဆရာမလေးက သူဆံပင်ဖြတ်လှူခဲ့ဖူးတဲ့ အကြောင်းကို ခုလိုလူမှုကွန်ရက်ကနေတဆင့် ပြန်ဖြေရှင်းခဲ့ပါတယ်။
“ကိုယ့်ဆံပင်ကို ရောင်းကုန်ကြီးလိုသဘောထားပြီး လာလာမေးနေလို့တမင်ရွဲ့ပြီး ၁ဝဝ ပေးတောင် မရောင်းနိုင်ဘူးလို့ပြောတာလေ။ မလှူနိုင်ဘူးလို့ မပြောဘူး။ 2018 တုန်းက တစ်ခါဖြတ်လှူပြီးပြီ။
လာမယ့်ကိုယ့်မွေးနေ့မှာလည်း အဲ့လောက်ဖြတ်လှူဖို့ ရှိသေးတယ်။ ကျွတ်သမျှဆံပင်လည်းရောင်းလှူခဲ့တာချည်းပဲ။ အရင်းက မဖြတ်နိုင်သေးပေမယ့် အဲ့လောက်ကတော့ ရက်ရောပါသေးတယ်နော်။
ဘာတွေ အကုသိုလ်ပွားနေကြတာလဲ။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ။လေးစားစရာကောင်းတဲ့ လုပ်ရပ်လေးပါပဲနော်။
ပရိသတ်ကြီးတို့ ဆရာမလေးကို ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါအုံးနော်။
Credit to original uploader
———————-