ၾကားသိရသမွ်

ကျားတစ်ကောင်ကိုအမဲလိုက်နေရင်း သမိုင်းစာအုပ်ကိုပြောင်းလဲသွားစေမဲ့ ထူးခြားတဲ့ရှေးဟောင်းယဉ်ကျေးမှုတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့တဲ့ အရာရှိတစ်ဦး

ဗြိတိသျှအရာရှိ John Smith ဟာ ၎င်း၏ အပြင်းထန်ဆုံး အိပ်မက်များမှ တစ်စုံတစ်ခုကို ကြုံလာရတဲ့အခါ ဘဝတစ်ကွေ့ပြောင်းလဲသွားခဲ့ပါတယ်။ 1819 ခုနှစ် ဧပြီလတွင် မွန်ဘိုင်းမြို့အပြင်ဘက်ရှိ အိန္ဒိယတောထဲတွင် တိရိစ္ဆာန်များလိုက်ဖမ်းနေစဉ်မှာ John ရဲ့ရှာဖွေတွေ့ရှိမှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိသောအရာဟာ သမိုင်းစာအုပ်များကို ပြောင်းလဲသွားစေခဲ့ပြီး သူ့ဘဝတွင် အကြီးမားဆုံးသော အောင်မြင်မှုများထဲမှတစ်ခုလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ မွမ်ဘိုင်းမြို့အပြင်ဘက် တောအုပ်မှာ ကျားတစ်ကောင်ကိုအမဲလိုက်ခြင်းဟာ အလွန်ဆိုးရွားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ သို့ပေမဲ့ John အတွက် ဖြစ်ပျက်သွားခဲ့တာတွေက အရမ်းကိုထူးခြားသွားခဲ့ပါတယ်။

အစပိုင်းမှာ ကျားတစ်ကောင်အား အမဲလိုက်နေခဲ့တဲ့ John ဟာ ဘယ်လိုကနေရောက်လာမှန်းမသိဘဲ ဂူပေါက်တစ်ခုဆီသို့ခြေဦးတည်သွားခဲ့ပါတယ်။

ထို့နောက် ၎င်းဂူပေါက်က သဘာဝအတိုင်းဖြစ်နေတာနဲ့ မတူနေတာနဲ့ John ဟာ ၎င်းကို စူးစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူဟာ အထဲသို့ဝင်သွားတဲ့အချိန်မှာ ၎င်းဟာ လုံးဝခြားနားတဲ့ကမ္ဘာတစ်ခုလိုဖြစ်နေခဲ့ပြီး ဘေးနံရံများကလည်း လူရုပ်ထုများဖြင့် ထွင်းထုစီတန်းထားတာကြောင့် ၎င်းနေရာဟာ လူသားတွေဖန်တီးတဲ့နေရာတစ်ခုဖြစ်မှန်းကိုသိသွားခဲ့ပါတယ်။

၎င်းနယ်မြေကို ထပ်မံစူးစမ်းလေ့လာပြီးတဲ့အခါ ဤနေရာဟာ စာအုပ် သို့မဟုတ် ရုပ်ရှင်ထဲမှ တစ်ခုခုနှင့်တူနေခဲ့ပြီး ၎င်းဟာ Ajanta Caves ဟုခေါ်တဲ့နယ်မြေတစ်ခုဖြစ်နေခဲ့ပါတယ်။ ၎င်းနယ်မြေမှာ ပုံထဲကအတိုင်း ကျောက်တုံးမှာ ထွင်းထုထားတဲ့ ရှေးဟောင်းဘုရားကျောင်းတွေနဲ့ ဘုရားကျောင်းတွေရဲ့ ကျယ်ပြောလှတဲ့အကျယ်အဝန်းရှိနေပါတယ်။

၎င်းဂူများကို လေ့လာတဲ့ပညာရှင်များက ၎င်းဟာ ဘီစီ 200 ဝန်းကျင်တွင် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ထားကြပါတယ်။ အခန်းပေါင်း 30 ရှိ တစ်ခုစီဟာ ၎င်း၏ကိုယ်ပိုင်ထူးခြားစွာ ထွင်းထုပြီးအလှဆင်ထားတဲ့ ဝင်ပေါက်တစ်ခုစီရှိပါတယ်။

အလွန်အန္တရာယ်များတဲ့မုတ်သုံရာသီအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးများအတွက် ခိုလှုံရာနေရာအဖြစ် ၎င်းဘုရားကျောင်းများကိုအသုံးပြုခဲ့သည်ဟုလည်းယူဆရပါတယ်။ ဝင်ပေါက်တိုင်းက လုံးဝအံ့ဩစရာကောင်းနေပြီး ၎င်းတို့ကို ရှင်းလင်းစွာ လူဖန်တီးထားတယ်ဆိုပေမဲ့ ၎င်းရဲ့ဖွဲ့စည်းမှုများက သဘာဝရဲ့ခံစားချက်ကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

အတွင်းပိုင်းနံရံပေါ်မှာထွင်းထုထားတဲ့ လက်ရာတွေဟာလည်း တကယ့်ကို တစ်မျိုးထူးခြားပြီး အသေးစိတ်အချက်အလက်များစွာကို အံ့ဩစွာ မြင်တွေ့နိုင်ပါတယ်။ ဘုရားကျောင်းများနှင့် နတ်ကွန်းများကို 7 ရာစုဝန်းကျင်မှာ စွန့်ပစ်ခဲ့ပုံရပေမဲ့လည်း ဒေသခံများအတွက် အထွတ်အမြတ်ထားရာနေရာအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။

ဝတ်ပြုဆုတောင်းမှုများနှင့် အခြားသော စကြ၀ဠာဆိုင်ရာ ဖြစ်ရပ်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဘုရားကျောင်းများကို တည်ဆောက်ခဲ့တယ်လို့လည်း ယူဆရပါတယ်။

အလင်းရောင်က ဗိမာန်များပေါ်သို့ ကျရောက်လာတဲ့အခါ၊ ၎င်းဟာ အတွင်းပိုင်းကို တောက်ပစေပြီး စူးစမ်းလေ့လာသွားချင်မဲ့ စိတ်ခံစားချက်တစ်ခုကို ဖန်တီးဖြစ်ပေါ်စေပါသေးတယ်။

Mia (KB Chimmy One)

Reference : buzznicked