ကြားသိရသမျှ

တစ်ခြားမှာ မဟုတ်ပါဘူး ရွှေဘိုနယ်မှာ ဖြစ်ပါတယ်

တစ်ခြားမှာ မဟုတ်ပါဘူး ရွှေဘိုနယ်မှာ ဖြစ်ပါတယ်…

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ စစ်ဘေးရှောင် အဘိုးအဘွားများ အပါအဝင် လူဦးရေ ၃၃၀၀ ကျော် အခက်အခဲတွေ့နေ၊ နေစရာ စားစရာ အခက်အခဲနှင့် ကြုံတွေနေ့ရကြောင်း သိရပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရွှေဘိုမြို့နယ် ဂွေးပင်ကုန်း၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ကံကြီးတော၊ ငပိအိုး၊ ရွှေကျင် ကျေးရွာ ၆ ရွာရှိ ပြည်သူများ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စပြီး စစ်ဘေးရှောင်နေရပြီး

နေစရာ၊ စားစရာ အခက်အခဲများနှင့် တွေ့ကြုံနေရသလို သက်ကြီးရွယ်အိုများနှင့် ကလေးများ ဖျားနာနေကြကြောင်း စစ်ဘေးရှောင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“စစ်ဘေးရှောင် ၃၃၀၀ ကျော် ရှိတယ်။ ၂၅ ရက်နေ့က စပြီး ပြေးကြရတာ။

တောထဲ လေတိုက် အအေးပတ် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဖျားနာနေ၊ အကူအညီလိုအပ်နေတယ်။

ငပိအိုးရွာက လက်နက်ကြီးကျပြီး မီးရှို့ခံရတော့ ပတ်ဝန်းကျင်က ရွာတွေလည်း အကုန်ပြေးကြရှောင်ကြရတာ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ငပိအိုးရွာမှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သော်လည်း

ကျေးရွာများအတွင်း လက်နက်ကြီး ထိမှန်မည်ကို ကြောက်ရွံ့သည့်အတွက် နေအိမ်များသို့ မပြန်နိုင်ဖြစ်နေကြောင်း၊

ပျူစောထီးများ၏ သတင်းမှားများ ဖြန့်ဝေမှုကြောင့် နေရာအတည်တကျ မဟုတ်ဘဲ ဟိုဟိုဒီဒီ ပြောင်းရွှေ့စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

Source – Khit Thit Media

unicode

တစျခွားမှာ မဟုတျပါဘူး ရှှဘေိုနယျမှာ ဖွစျပါတယျ…











Source – Khit Thit Media