ဖေ့စ်ဘုတ်နဲ့ အွန်လိုင်းပေါ်မှာ လက်မထပ်ရသေးဘဲနဲ့ Couple ပုံ တင်ထားတာတွေ ၊ Rs ချိတ် Married တွေပြောင်းထားတာတွေက မိန်းခလေး တစ်ယောက် အတွက် သိပ်ကို နစ်နာပါတယ် ။
ချစ်သူရည်းစားဘဝ ဆိုတာက မျက်စိတမှိတ် အချိန်တစ်ခုအတွင်းမှာ ဖြတ်ကနဲ့ ပျောက်ကွယ်သွားတတ်ပါတယ် ။
စိတ်သဘောထား အနည်းငယ် မတိုက်ဆိုင်တာနဲ့ ရည်းစားဘဝကနေ လမ်းခွဲကြ ပြတ်ဆဲကြမယ် ဖြစ်ကုန်ရော ။
အဲ့ဒီအခါမှာ ချိတ်ထားတဲ့ rs တွေနဲ့ married တွေက ဘာတွေ ဖြစ်သွားမလဲ ။ လူသိကုန်တာပဲ အဖတ်တင်ပါတယ် ။
ယောကျ်ားလေးက ဘာမှ မဖြစ်လောက်ပေမယ့် မိန်းကလေးတွေ အတွက်ကတော့ အရမ်းကို နစ်နာပါလိမ့်မယ် ။
အသည်းကွဲတဲ့အချိန်မှာ ငိုလိုက်ရင် ပျောက်နိုင်ပေမယ့် public ချပြထားတဲ့ rs တစ်ခုက bff တွေ နဲ့ fri တွေ၊ follower တွေ သိမယ် ။
ပတ်ဝန်းကျင်ကလည်း သိမယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာက သူ့တို့ရဲ့ ပါးစပ်ထဲရောက်သွားပီး ကွယ်ရာမှာ ရက်ရက်စက်စက် အတင်းအဖျင်းတွေ ပြောကြလိမ့်မယ် ။
ရည်းစားထားချိန်မှာ အပျော်လွန်ပီး rs တွေချိတ်ကာ သက်သေပြစရာ မလိုအပ်ပါဘူး ။ လက်ထပ်ဖြစ်သွားရင်တော့ ကောင်းတာပေါ့။
ဒါပေမယ့် အဲ့တစ်ယောက်နဲ့ လက်မထပ်ဖြစ်ခဲ့ရင်တော့ သွားပီပဲ ။ ပထမဆုံး နစ်နာမှာက မိန်းကလေး ပါ။
တကယ် လက်တွဲဖော် အချစ်စစ် ဆိုတာကြီးနဲ့လည်း ကြုံရော အတိတ်က အရိပ်က အလိုလို ခြောက်လှန့်လာပါလိမ့်မယ်။ ချစ်တာ ချစ်ပါ ။
အရမ်း ချစ်ပါ ။ ဒါပေမယ့် လက်မထပ်ရ သေးပဲနဲ့တော့ Couple ပုံတွေ တင်တာမျိုးကို သတိထားစေချင်ပါတယ် ။
လက်ထပ်ပီးတဲ့အချိန် ဟန်းနီးမွန်း ခရီးထွက်နေတဲ့ပုံမျိုး ၊ wedding and dinner ပုံ လှလှလေးတွေမျိုး တင်လိုက်စမ်းပါ ။
သားသားမီးမီးလေးတွေနဲ့ ကြည်နူးနေတဲ့ပုံမျိုး ၊ ဘိုးဘိုးဘွားဘွားတွေ ဖြစ်တဲ့အချိန်ထိ selfie ရိုက်တင်လိုက်စမ်းပါ ။
ခဏတဖြုတ် စိတ်ကစားပီးတော့ အယောင်ဆောင် couple ပုံတွေကို သိက္ခာ အပဲ့ခံပီး public ချပြမလား.. ၊
အချစ်စစ်နဲ့ တည်ဆောက်ထားတဲ့ couple ပုံလေးတွေကို တကမ္ဘာလုံး သိအောင် ချပြမလား သင် စဉ်းစားပါလေ..။
zaw gyi

ေဖ့စ္ဘုတ္နဲ႔ အြန္လိုင္းေပၚမွာ လက္မထပ္ရေသးဘဲနဲ႔ Couple ပုံ တင္ထားတာေတြ ၊ Rs ခ်ိတ္ Married ေတြေျပာင္းထားတာေတြက မိန္းခေလး တစ္ေယာက္ အတြက္ သိပ္ကို နစ္နာပါတယ္ ။
ခ်စ္သူရည္းစားဘဝ ဆိုတာက မ်က္စိတမွိတ္ အခ်ိန္တစ္ခုအတြင္းမွာ ျဖတ္ကနဲ႔ ေပ်ာက္ကြယ္သြားတတ္ပါတယ္ ။
စိတ္သေဘာထား အနည္းငယ္ မတိုက္ဆိုင္တာနဲ႔ ရည္းစားဘဝကေန လမ္းခြဲၾက ျပတ္ဆဲၾကမယ္ ျဖစ္ကုန္ေရာ ။
အဲ့ဒီအခါမွာ ခ်ိတ္ထားတဲ့ rs ေတြနဲ႔ married ေတြက ဘာေတြ ျဖစ္သြားမလဲ ။ လူသိကုန္တာပဲ အဖတ္တင္ပါတယ္ ။
ေယာက်္ားေလးက ဘာမွ မျဖစ္ေလာက္ေပမယ့္ မိန္းကေလးေတြ အတြက္ကေတာ့ အရမ္းကို နစ္နာပါလိမ့္မယ္ ။
အသည္းကြဲတဲ့အခ်ိန္မွာ ငိုလိုက္ရင္ ေပ်ာက္နိုင္ေပမယ့္ public ခ်ျပထားတဲ့ rs တစ္ခုက bff ေတြ နဲ႔ fri ေတြ၊ follower ေတြ သိမယ္ ။
ပတ္ဝန္းက်င္ကလည္း သိမယ္။ ကိုယ့္ရဲ့ ဂုဏ္သိကၡာက သူ႔တို႔ရဲ့ ပါးစပ္ထဲေရာက္သြားပီး ကြယ္ရာမွာ ရက္ရက္စက္စက္ အတင္းအဖ်င္းေတြ ေျပာၾကလိမ့္မယ္ ။
ရည္းစားထားခ်ိန္မွာ အေပ်ာ္လြန္ပီး rs ေတြခ်ိတ္ကာ သက္ေသျပစရာ မလိုအပ္ပါဘူး ။ လက္ထပ္ျဖစ္သြားရင္ေတာ့ ေကာင္းတာေပါ့။
ဒါေပမယ့္ အဲ့တစ္ေယာက္နဲ႔ လက္မထပ္ျဖစ္ခဲ့ရင္ေတာ့ သြားပီပဲ ။ ပထမဆုံး နစ္နာမွာက မိန္းကေလး ပါ။
တကယ္ လက္တြဲေဖာ္ အခ်စ္စစ္ ဆိုတာႀကီးနဲ႔လည္း ၾကဳံေရာ အတိတ္က အရိပ္က အလိုလို ေျခာက္လွန႔္လာပါလိမ့္မယ္။ ခ်စ္တာ ခ်စ္ပါ ။
အရမ္း ခ်စ္ပါ ။ ဒါေပမယ့္ လက္မထပ္ရ ေသးပဲနဲ႔ေတာ့ Couple ပုံေတြ တင္တာမ်ိဳးကို သတိထားေစခ်င္ပါတယ္ ။
လက္ထပ္ပီးတဲ့အခ်ိန္ ဟန္းနီးမြန္း ခရီးထြက္ေနတဲ့ပုံမ်ိဳး ၊ wedding and dinner ပုံ လွလွေလးေတြမ်ိဳး တင္လိုက္စမ္းပါ ။
သားသားမီးမီးေလးေတြနဲ႔ ၾကည္ႏူးေနတဲ့ပုံမ်ိဳး ၊ ဘိုးဘိုးဘြားဘြားေတြ ျဖစ္တဲ့အခ်ိန္ထိ selfie ရိုက္တင္လိုက္စမ္းပါ ။
ခဏတျဖဳတ္ စိတ္ကစားပီးေတာ့ အေယာင္ေဆာင္ couple ပုံေတြကို သိကၡာ အပဲ့ခံပီး public ခ်ျပမလား.. ၊
အခ်စ္စစ္နဲ႔ တည္ေဆာက္ထားတဲ့ couple ပုံေလးေတြကို တကမၻာလုံး သိေအာင္ ခ်ျပမလား သင္ စဥ္းစားပါေလ..။



