ေမာ္လၿမိဳင္ မွ ဆရာေတာ္တပါးေႀကာင့္ ေမြးစားဖို႔ သူမဆီ လာပို႔ၾကေပမယ့္ မုဒုံ႐ြာက ကေလးငယ္ေလးကို လမ္းခရီးတစ္ဝက္ကေန ျပန္လွည့္သြားရတဲ့ အေၾကာင္းစုံကိုေျပာျပလာတဲ့ ခိုင္ႏွင္းေဝ
မိဘမဲ့ေနတဲ့ ကေလးငယ္ေလးေတြကို တရားဝင္ ေခၚယူ ထိန္းသိမ္း ေစာင့္ေရွာက္ေပးေနသူကေတာ့ ပရဟိတ မင္းသမီးႀကီး ခိုင္ႏွင္းေဝပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာ ဆိုရင္ သူမက လူမႈကူညီေရး ပရဟိတေတြကိုလည္း အစြမ္းကုန္ လုပ္ကိုင္ေနသလို မိဘမဲ့ ကေလးေလးေတြ အတြက္လည္း မိခင္အရင္းသဖြယ္ ခ်စ္ျခင္းေမတၱာ အျပည့္နဲ႔ ေႏြးေထြးစြာ ေစာင့္ေရွာက္မႈေတြ ေပးေနခဲ့ပါတယ္။
မေန႔ကဆိုရင္လည္း ေမာ္လၿမိဳင္ၿမိဳ႕ မုဒုံ႐ြာမွာ စိတ္မႏွံ႔တဲ့ ကိုယ္ဝန္ေဆာင္ မိခင္တစ္ေယာက္က မီးဖြားၿပီး ကေလးကို ဇရပ္မွာ ပစ္ထားခဲ့တယ္ဆိုတဲ့သတင္းကို ၾကားသိသိခ်င္း ေမြးစားရန္ လိုအပ္တာမ်ား ခ်က္ခ်င္းစီစဥ္ခဲ့တာကို ေတြ႕ရပါတယ္ ။
တစ္ရက္သားပဲရွိေသးတာေၾကာင့္ ခိုင္ႏွင္းေဝအေနနဲ႔ ကေလးငယ္ေလးကို အေတာ္ေလး စိတ္ပူခဲ့ပါတယ္ ။ ဒီကေန႔မွာေတာ့ ကေလးငယ္ေလးကို ေခၚယူေမြးစားရန္ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက သူမဆီ လာေရာက္ပို႔ေဆာင္ၾကေပမယ့္ ခရီးတစ္ဝက္မွာတင္ ေမာ္လၿမိဳင္ၿမိဳ႕ မွာရွိတဲ့ ဆရာေတာ္တစ္ပါးက
ကေလးကိုေမြးစား ေပးမည္ျဖစ္ေၾကာင္း သူမအား အေၾကာင္းၾကားလာတယ္လို႔ဆိုပါတယ္ ။ ကေလးငယ္ေလးကို မေမြးစားျဖစ္ေတာ့တဲ့ အေၾကာင္းစုံကိုလည္း ” မုဒုံ႐ြာမွ သားေလးကို ဒီေန႔ က်မဆီ လာပို႔ၾကပါတယ္ရွင္…ရပ္႐ြာမွ လူမ်ားမွ ျမန္မာႏိုင္ငံၾကက္ေျခနီ အသင္း သို႔ အပ္ႏွံၿပီး ပို႔ေဆာင္ ကူညီေပးပါတယ္…လမ္း တစ္ဝက္ သို႔ ေရာက္ေသာအခါမွ က်မတို႔ဆီ ဖုန္းဝင္လာပါတယ္
…ၾကက္ေျခနီ အသင္း တာဝန္ရွိသူ တစ္ဦးမွ ကားျပန္လွည့္ခိုင္း ေၾကာင္း ၊ ေမာ္လၿမိဳင္ မွ ဆရာေတာ္တပါး ေမြးစားမည္ ျဖစ္ေၾကာင္း ပါ..႐ြာမွ လူမ်ားမွလဲ ဒီကိုပဲ ပို႔မည္ ျဖစ္ေၾကာင္း ဖုန္းဆက္ၿပီး ေျပာတဲ့ အတြက္ က်မ အေနနဲ႔ ေျပလည္ေအာင္ ေျဖရွင္းဘို႔ ကေလးကို ႐ြာကိုပဲ ျပန္ပို႔ခိုင္းလိုက္ပါတယ္ရွင္….က်မတို႔လဲ အျမန္လမ္းကေန လွည့္ျပန္လာခဲ့ပါၿပီရွင္…”
အေၾကာင္းစုံေရးသား ေဖာ္ျပလာပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ကေလးငယ္ေလး အတြက္ ေစာင့္ေရွာက္မယ့္သူ ရွိၿပီး အဆင္ေျပသြားတာ ဝမ္းသားစရာပါပဲ ။ ပရိသတ္ႀကီးအတြက္ ဒီသတင္းေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။
crd-myanmarload
ယူနီကုတ္
မော်လမြိုင် မှ ဆရာတော်တပါးကြောင့် မွေးစားဖို့ သူမဆီ လာပို့ကြပေမယ့် မုဒုံရွာက ကလေးငယ်လေးကို လမ်းခရီးတစ်ဝက်ကနေ ပြန်လှည့်သွားရတဲ့ အကြောင်းစုံကိုပြောပြလာတဲ့ ခိုင်နှင်းဝေ
မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုရင် သူမက လူမှုကူညီရေး ပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။
မနေ့ကဆိုရင်လည်း မော်လမြိုင်မြို့ မုဒုံရွာမှာ စိတ်မနှံ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်က မီးဖွားပြီး ကလေးကို ဇရပ်မှာ ပစ်ထားခဲ့တယ်ဆိုတဲ့သတင်းကို ကြားသိသိချင်း မွေးစားရန် လိုအပ်တာများ ချက်ချင်းစီစဉ်ခဲ့တာကို တွေ့ရပါတယ် ။
တစ်ရက်သားပဲရှိသေးတာကြောင့် ခိုင်နှင်းဝေအနေနဲ့ ကလေးငယ်လေးကို အတော်လေး စိတ်ပူခဲ့ပါတယ် ။ ဒီကနေ့မှာတော့ ကလေးငယ်လေးကို ခေါ်ယူမွေးစားရန် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သူမဆီ လာရောက်ပို့ဆောင်ကြပေမယ့် ခရီးတစ်ဝက်မှာတင် မော်လမြိုင်မြို့ မှာရှိတဲ့ ဆရာတော်တစ်ပါးက
ကလေးကိုမွေးစား ပေးမည်ဖြစ်ကြောင်း သူမအား အကြောင်းကြားလာတယ်လို့ဆိုပါတယ် ။ ကလေးငယ်လေးကို မမွေးစားဖြစ်တော့တဲ့ အကြောင်းစုံကိုလည်း ” မုဒုံရွာမှ သားလေးကို ဒီနေ့ ကျမဆီ လာပို့ကြပါတယ်ရှင်…ရပ်ရွာမှ လူများမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း သို့ အပ်နှံပြီး ပို့ဆောင် ကူညီပေးပါတယ်…လမ်း တစ်ဝက် သို့ ရောက်သောအခါမှ ကျမတို့ဆီ ဖုန်းဝင်လာပါတယ်
…ကြက်ခြေနီ အသင်း တာဝန်ရှိသူ တစ်ဦးမှ ကားပြန်လှည့်ခိုင်း ကြောင်း ၊ မော်လမြိုင် မှ ဆရာတော်တပါး မွေးစားမည် ဖြစ်ကြောင်း ပါ..ရွာမှ လူများမှလဲ ဒီကိုပဲ ပို့မည် ဖြစ်ကြောင်း ဖုန်းဆက်ပြီး ပြောတဲ့ အတွက် ကျမ အနေနဲ့ ပြေလည်အောင် ဖြေရှင်းဘို့ ကလေးကို ရွာကိုပဲ ပြန်ပို့ခိုင်းလိုက်ပါတယ်ရှင်….ကျမတို့လဲ အမြန်လမ်းကနေ လှည့်ပြန်လာခဲ့ပါပြီရှင်…”
အကြောင်းစုံရေးသား ဖော်ပြလာပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးငယ်လေး အတွက် စောင့်ရှောက်မယ့်သူ ရှိပြီး အဆင်ပြေသွားတာ ဝမ်းသားစရာပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
crd-myanmarload