ၾကားသိရသမွ်

ရန်သူကို ဉာဏ်နည်းတယ်ဆိုပြီးအပြောင်အပျက်လုပ်နေရုံနဲ့ အနိုင်ရမှာမဟုတ်ကြောင်းကို ချက်ကျလက်ကျရှင်းပြလာတဲ့ နိုဗန်ထူး

လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှ

လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ကြတဲ့အဆိုတော်

တွေထဲမှာဆိုရင် နိုဗန်ထူးတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကိုလည်း နေ့စဉ်ရက်ဆက်လုပ်ခဲ့တဲ့ နိုဗန်ထူးဟာ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရပြီး

လက်ရှိမှာဆိုရင် လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ပညာသင်ယူနေတာဖြစ်ပါတယ်…..။

နွေဦးတော်လှန်ရေးကြီးဟာဆိုရင်လည်း ၇လကျော်ကြာမြင့်နေပြီဖြစ်ပြီး တစ်ဆထက်တစ်ဆအရှိန်တွေကောင်းလာ

နေကာ ပြည်သူ့ကာကွယ်ရေးတပ် PDFတွေကလည်း စစ်ပညာကြိုးစားသင်ယူနေကြပြီး အာဏာရှင်ကိုအမြစ်ဖြတ်ဖို့

အတွက် စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။

မြို့ပေါ်တွေမှာလည်း ပစ်ခတ်မှုတွေမကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး လက်နက်ကိုင်တပ်ဖွဲ့၀င်အချို့နဲ့ အုပ်ချုပ်ရေးမှုးအချို့

သေဆုံးနေတာ ဖြစ်ပါတယ်။

အခုလို နွေဦးတော်လှန်ရေးအရှိန်ကောင်းလာနေပေမယ့်လည်း တစ်ဖက်ကရန်သူကိုဉာဏ်နည်းတယ်ဆိုပြီး အပြောင်

အပျက်လုပ်နေရုံနဲ့ အနိုင်ရမည်မဟုတ်ကြောင်းကို နိုဗန်ထူးကထောက်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ အားသာခြင်းဟာ အာဏာရှင်ကိုတော်လှန်ဖို့အတွက် အကောင်းဆုံးအရာဖြစ်

ပြီး ရရာနေရာကနေ တော်လှန်ရေးမှာမပါလိုက်ရဘူးဆို၍မရှိအောင် ပါ၀င်နေရမည့်အကြောင်းလည်းပြောပြထားပါတယ်။

သူကိုယ်တိုင်လည်း PDFရဲဘော်တွေအတွက် ထောက်ပို့လုပ်ပေးနေကြောင်းလည်း နိုဗန်ကပြောထားပါတယ်။

ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Novem Htoo

လကျရှိဖွဈပေါျနတေဲ့ လူထုလှုပျရှ















