အိမ်ဘေးက သစ်ပင်ပေါ်မှာတွေ့လိုက်ရတဲ့ ဧရာမ မြွေကြီးနှစ်ကောင်
ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်တိုင်း အလွယ်တကူ မြင်တွေ့နေရတဲ့ ပုံမှန် တိရစ္ဆာန်တွေများစွာ ရှိသလို တစ်ခါမှတောင် မမြင်ဖူး တဲ့ ထူးဆန်းလွန်းတဲ့ အကောင်တွေလည်း များစွာရှိပါတယ် ။
အထူးသဖြင့် ဒီလို ထူးထူးဆန်းဆန်း တိရစ္ဆာန်တွေကို တောတောင်တွေ နယ်ဘက်တွေထဲမှာ အများဆုံးတွေ့ကြရပါတယ် ။
အခုလည်း ကျောက်ဆည်ဘက်မှာ နေတဲ့ ပြည်သူတစ်ဦးက သူရဲ့ အိမ်အနီးနား ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တစ်ပင် အပေါ်မှာ ထူးဆန်းလွန်းတဲ့ မြွေကြီး နှစ်ကောင်ကို တွေ့ခဲ့တာကြောင့် ဗဟုသုတ အနေနဲ့ လူမှုကွန်ရက် စာမျက်နှာ ထက်မှာ ဖော်ပြထားတာ တွေ့ရပါတယ် ။
မြွေ က မြင်နေကျပုံစံမျိုးမဟုတ်ဘဲ အကောင်လည်း အတော်လေးကြီးတာကို ပုံထဲမှာ တွေ့ရမှာပါ ။
မြွေက အစက နှစ်ကောင်လို့ သိရပြီး တစ်ကောင်က သစ်ပင်အပေါ်ကနေ ပြန်ဆင်းပြေးသွားတယ်လို့လည်း သိရပါတယ် ။
မြွေကိုတွေ့ချိန်မှာ သူနဲ့ အကြည့်ချင်း ဆုံခဲ့ရလို့ အတော်လေး ကြက်သီးထကာ ကြောက်မိတယ်လို့လည်း ဖော်ပြထားပါတယ် ။
တတ်သိနားလည်တဲ့ သူတွေ ပြောပြချက်အရ မြွေက တောကြီးမြွေဟောက်၊ ငန်းပုတ် / King Cobra (Ophiophagus hannah) အဆိပ်ပြင်းတယ်လို့လည်း သိရပါတယ် ။
ပရိသတ်ကြီးလည်း ဒီသတင်းကို သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
credit
credit



