မြွေပွေးလိုလူ
ဘားအံဘက်မှာ မြွေဖမ်းတာ အလွန် ကျွမ်းကျင်တဲ့ ကရင်ကြီး တစ်ယောက် ရှိတယ် ။ အဲဒီ ကရင်ကြီးက ခြေထောက်
တဖက် မသန်ရှာဘူး ။ ဒါပေမဲ့ မြွေဖမ်းတဲ့ နေရာမှာတော့ အလွန်ကို တော်တယ် ။ တစ်ညကို ၂ ကောင် ၃ ကောင်
လောက် ရတယ် ။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ ။ တကောင်ကို တသောင်းလောက် ရတာကိုး ။
လူငယ်လေး တယောက်က ” ဖထီး မြွေပွေးကို ဘယ်လို ဖမ်းလဲဗျ ” လို့ ကရင်ကြီးကို မေးတယ် ။
” ငါက ခြေထောက်က မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး ၊ အဲဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတာ
ကိုး.. ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ် ”
” မြွေပွေးကျတော့ လူတွေ့ရင် မပြေးဘူး ၊ ငါ့ထိရင် ကိုက်မယ် ဆိုပြီး ငြိမ်နေတာ ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့
။ သူ့ကို မထိသေးရင် ဘာမှမလုပ်ဘူး ။ ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေး ကပ်သွားပြီး ဦးခေါင်းကို မှိန်းနှင့် တ
ခါထဲ ထိုးချလိုက်တယ်၊ ဒီကောင် မလှုပ်နိုင်တော့ဘူး ”
” မြွေထဲမှာ မြွေပွေးက ဖမ်းလို့ အလွယ်ဆုံးပဲ ၊ အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး ” လို့ ပြောပြပါတယ်။
ဒါကတော့ မြွေပွေး ဘာကြောင့် သေရသလဲ ဆိုတာပဲ ၊ အကြောင်းက အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေ လို့ပါ ။ အရပ်
ထဲမှာလည်း မာန်တက်နေတဲ့ လူတွေ အများကြီး ရှိတယ် ။ အဲဒါ မြွေပွေးလို လူပဲ ။
အောင်မြင်မှုတွေ ရလာပြီ ၊ နာမည်တွေ ကျော်ကြားလာပြီ ဆိုရင် မာန်တက် တတ်တယ် ။ အဲဒီလို မာန်တက်လာရင်
မှန်ကင်းကနေ ထင်းဖြစ်သွားနိုင် တယ်လေ ။
မာနဝင်လာပြီ ဆိုရင် ကိုယ့်ရဲ့ ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို သတိရပါ ။ မှိန်းဆိုတာ အခြား
မဟုတ်ဘူး ၊ အကုသိုလ် ကံကြမ္မာပဲ ။
ဒါကြောင့် သတိပေးချင် ပါတယ် ။ မြွေပွေးလို လူ မဖြစ်ပါစေနဲ့ ။
crd
for zawgyi
ေျမြေပြးလိုလူ
ဘားအံဘက္မွာ ေျမြဖမ္းတာ အလြန္ ကြၽမ္းက်င္တဲ့ ကရင္ႀကီး တစ္ေယာက္ ရွိတယ္ ။ အဲဒီ ကရင္ႀကီးက ေျခေထာက္ တဖ
က္ မသန္ရွာဘူး ။ ဒါေပမဲ့ ေႁမြဖမ္းတဲ့ ေနရာမွာေတာ့ အလြန္ကို ေတာ္တယ္ ။ တစ္ညကို ၂ ေကာင္ ၃ ေကာင္ ေလာက္ ရ
တယ္ ။ သူဖမ္းလိုက္ရင္လည္း ေႁမြေပြးပဲ ။ တေကာင္ကို တေသာင္းေလာက္ ရတာကိုး ။
လူငယ္ေလး တေယာက္က ” ဖထီး ေျမြေပြးကို ဘယ္လို ဖမ္းလဲဗ် ” လို႔ ကရင္ႀကီးကို ေမးတယ္ ။
” ငါက ေျခေထာက္က မသန္ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းႏိုင္ဘူး ၊ အဲဒီေကာင္ေတြက လူေတြ႕ရင္ ထြက္ေျပးတာ
ကိုး.. ဒါေၾကာင့္ ငါက ေႁမြေပြးပဲ ဖမ္းတယ္ ”
” ေႁမြေပြးက်ေတာ့ လူေတြ႕ရင္ မေျပးဘူး ၊ ငါ့ထိရင္ ကိုက္မယ္ ဆိုၿပီး ၿငိမ္ေနတာ ၊ လာမထိနဲ႔ ေသသြားမယ္ ဆိုတဲ့ပုံစံမ်ိဳးေပါ့
။ သူ႔ကို မထိေသးရင္ ဘာမွမလုပ္ဘူး ။ ဒီေတာ့ သူ႔ဦးေခါင္းနားကို မွိန္းနဲ႔ အသာေလး ကပ္သြားၿပီး ဦးေခါင္းကို မွိန္းႏွင့္ တခါ
ထဲ ထိုးခ်လိုက္တယ္၊ ဒီေကာင္ မလႈပ္ႏိုင္ေတာ့ဘူး ”
” ေႁမြထဲမွာ ေႁမြေပြးက ဖမ္းလို႔ အလြယ္ဆုံးပဲ ၊ အဆိပ္ျပင္းတယ္ ဆိုၿပီး မာန္တက္ေနတာကိုး ” လို႔ ေျပာျပပါတယ္။
ဒါကေတာ့ ေႁမြေပြး ဘာေၾကာင့္ ေသရသလဲ ဆိုတာပဲ ၊ အေၾကာင္းက အဆိပ္ျပင္းတယ္ ဆိုၿပီး မာန္တက္ေန လို႔ပါ ။ အရပ္
ထဲမွာလည္း မာန္တက္ေနတဲ့ လူေတြ အမ်ားႀကီး ရွိတယ္ ။ အဲဒါ ေႁမြေပြးလို လူပဲ ။
ေအာင္ျမင္မႈေတြ ရလာၿပီ ၊ နာမည္ေတြ ေက်ာ္ၾကားလာၿပီ ဆိုရင္ မာန္တက္ တတ္တယ္ ။ အဲဒီလို မာန္တက္လာရင္ မွန္က
င္းကေန ထင္းျဖစ္သြားႏိုင္ တယ္ေလ ။
မာနဝင္လာၿပီ ဆိုရင္ ကိုယ့္ရဲ႕ ဦးေခါင္းေပၚမွာ မွိန္းႀကီး ေရာက္လာလိမ့္မယ္ ဆိုတာကို သတိရပါ ။ မွိန္းဆိုတာ အျခား မဟု
တ္ဘူး ၊ အကုသိုလ္ ကံၾကမၼာပဲ ။
ဒါေၾကာင့္ သတိေပးခ်င္ပါတယ္ ။ ေႁမြေပြးလို လူ မျဖစ္ပါေစနဲ႔ ။
crd



