ေဗဒင္

19.8.2021 မှ 25.8.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

19.8.2021 မှ 25.8.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း အခွင့်အရေး နှစ်မျိုးနှစ်ခွ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ မိမိစိတ်က လုပ်ချင်နေတဲ့ ကိစ္စတွေ ကိုတော့ အထူးဦးစားပေးလုပ်ကိုင်ပါ။ ခရီးကိစ္စများလဲ အထူးတိုးတတ်ပါလိမ့်မယ်။ ခရီးသွားလုပ်ငန်းများ အထူးတိုး တတ်ပါလိမ့်မယ်။ သူတစ်ပါးတွေရဲ့ အကူအညီ အထောက်အပံ့တွေ အများကြီး ရလာတတ်ပါတယ်။ စိတ်ချမ်းသာမှု တွေကို ဦးစားပေးနိုင်ပါလိမ့်မယ်။

အိမ်အတွင်း လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူမယ်ဆိုရင်လဲ ဒီကာလမှာ ဆောင်ရွက်လို့ သင့်ပါတယ်။ အိမ်ဆောက်ပစ္စည်းများလဲ ဝယ်ယူလို့ အထူးသင့်ပါတယ်။ သားသမီးကြောင့် စိတ်ချမ်းသာရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ငွေကြေး အဝင်များပါတယ်။ ငွေရှာလို့ အထူးကောင်းပါတယ်။ ငွေစုခြင်းများ အထူးကောင်းပါ တယ်။

တတ်သိထားသော စီးပွားရေးများကို အကောင်အထည် မဖော်ရသေးရင်အကောင်အထည် ဖော်လိုက်ပါ။ လုပ်ငန်းသစ် အကျိုးပေးပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ အချစ်ရေးမှာတော့ ပျော်စရာ တွေကြုံရ တတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေတာတွေကို ပြေလည်အောင် စွမ်းဆောင် နိုင်ပါ လိမ့်မယ်။ ပညာရေးအတွက် အသက်မွေးမှုပညာတွေ စတင်သင်ယူပါ။

အကျိုးပေးဂဏန်း 3 4 6 အထူးဟော စိတ်ချမ်းသာစရာတွေ များနေတတ်ပါတယ်။ယတြာ သံပုရာရည် ဘုရားကပ်လှူ ဆုတောင်းပါ။

တနင်္လာ

ဒီကာလအတွင်း ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ ဘောနပ်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကိုယ်ပိုင် အလုပ်များ ရောင်းမကုန်တဲ့ ပစ္စည်းတွေကိုတော့ အထူးရောင်းထွက်ပါလိမ့်မယ်။ မြုပ်နှံထားတဲ့ငွေကြေးတွေ ပြန်ပေါ် လာတတ်ပါတယ်။ အလုပ်တွေ အဆင်ပြေလာတာမျိုး ကြုံရတတ်ပါတယ်။ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လဲ အညံ့ အဆိုးကင်းနေတတ်ပါတယ်။

မိတ်ဆွေကောင်းတွေဆီမှ အကူအညီကောင်းတွေ ရလာတတ်ပါတယ်။ အလုပ်နဲ့ပတ် သက်ပြီး ဆိုင်သစ်ဖွင့်မယ် ဆိုရင်တော့ ဒီကာလအတွင်း ဖွင့်လှစ်ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ သူတစ်ပါးရဲ့ အကူအညီတွေကိုလဲ ရလာတတ်ပါတယ်။ ပင်ပန်းနေပေမဲ့ အဆင်ပြေတော့ စိတ်ချမ်းသာ ရပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်ပြီး နယ်ခရီးသွားရတတ်ပါတယ်။

အဆင်ပြေတဲ့ ခရီးတွေ ဖြစ်ပါလိမ့်မယ်။ လူမျိုးခြား၊ တစ်စိမ်းတစ်ရံတွေနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းများ ပိုမို တိုးတတ်နေပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာတော့ အလုပ်ကိစ္စတွေကြောင့် ချစ်သူ ကိုအချိန်မပေးနိုင် ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်မှုတွေအတိ ဖြစ်ပါလိမ့်မယ်။ ပညာရေးကံက သင့်ပါတယ်။ ဉာဏ်ဝီရိယထား ကြိုးစားလိုက်ပါ။

အကျိုးပေးဂဏန်း 9 5 7အထူးဟော အလုပ်ကောင်းနေမည်။ယတြာ မွေးနံထောင့်မှာ ထီးဖြူ ၅ လက် လှူဒါန်းပါ။

အင်္ဂါ

ဒီကာလအတွင်း အလုပ်နဲ့ပတ်သက်ပြီး အပြောင်းအလဲ ဖြစ်ရတတ်ပါတယ်။ အလုပ်မှာ ထွက်စာတင်ထားသူများ ဒီကာလမှာ ထွက်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို အားကိုးမရတာမျိုးတွေ ဖြစ် ရတတ်ပါတယ်။ လူငယ်များ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို အယုံမလွယ်ပါနဲ့။ ပစ္စည်းတစ်ခုခု လာငှားပြီး ရောင်းစားလိုက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် အဖိုးတန်ပစ္စည်းများ ဘယ်သူကိုမှ မငှားလိုက်ပါနဲ့။

မိခင်၊ ဖခင်ရှိသူများ မိဘတွေရဲ့ကျန်းမာရေးကို အထူးဂရုစိုက်လိုက်ပါ။ အချစ်ရေးနဲ့ ပတ်သက်ပြီး ချစ်သူနှစ်ဦး ချိန်းဆိုထားရင် ပျက်ရတတ်ပါတယ်။ အချစ်ရေး ကိစ္စတွေ အစီအစဉ်ဆွဲလို့ရမှာ မဟုတ်ပါဘူး။ ကျန်းမာရေးကတော့ မိမိကိုယ်တိုင် ကအားနည်းချက်လေးတွေ ရှိနေတတ်ပါတယ်။ လျှပ်စစ်အန္တရာယ်ကိုလဲသတိထားပါ။ အိမ်တွင်း လျှပ်စစ်ပျက်ရင် တော့ ကျွမ်းကျင်သူတွေကိုပဲ ခိုင်းစေလိုက်တာ ပိုကောင်းပါတယ်။

အိမ်ထောင်ရေးမှာတော့ အဆင်ပြေလိုက်၊ရန်ဖြစ်လိုက် ဆိုတာမျိုးလဲ အလွန်ပဲ ဖြစ်လွယ်ပါတယ်။ ပညာရေးကံ ကောင်းပေမယ့် မိမိကိုယ်တိုင်က စိတ်ပါဝင်စားမှုအား နည်းနေတာကိုတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 5 6 8အထူးဟော မိတ်ဆွေတွေကို သတိထားပြီး ပေါင်းသင်းလိုက်ပါ။ယတြာ မုန့်ဟင်းခါး ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး၊ ရာဟု

ဒီကာလအတွင်း အဘက်ဘက်က တိုးတတ်မှုတွေ ရှိနေတတ်ပါတယ်။ ဒီလို တိုးတတ်ဖို့လဲ စိတ်၏ပင်ပန်းခြင်း ၊ကိုယ်ရဲ့ပင်ပန်းခြင်းတွေ ကြုံရတတ်ပါတယ်။ အလုပ်စီးပွားတွေကလဲ အဝေးမှာ ပိုမိုအကျိုးပေးပါတယ်။ ရပ်ဝေးက အလုပ်အကိုင်တွေ ပိုမိုတိုးတတ်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ဆီး၊ဝမ်း၊ လေမှန်အောင် ပြုလုပ်ပေး ပါ။ အဲဒါဆို နေထိုင်ကောင်းမဲ့ ကာလပါပဲ။

ကိုယ်ပိုင်ဆိုင်များ အလုပ်တွေကျပါလိမ့်မယ်။ ဖောက်သည်တွေ ရလာပါ လိမ့်မယ်။ စေတနာထားပြီး လုပ်တဲ့သူတွေအတွက် ဒီကာလဟာ အသိအမှတ်ပြုခြင်း ခံရနိုင်တာ ကိုတွေ့ရပါတယ်။ မိမိတို့ လိုလားတောင်းတတဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးမဲ့ မိတ်ဆွေကောင်းတွေ ရှိနေတတ်ပါတယ်။ ဝန်ထမ်းများ ခက်ခဲတဲ့ အလုပ်တာဝန်တွေ ယူနေရတတ်ပါတယ်။ မနိုင်ဝန် ထမ်းနေရတာမျိုးတွေလဲဖြစ်တတ်ပါတယ်။

အိမ်တွင်းရေး ကိစ္စတွေမှာတော့ အဆင်မပြေတာ များပါတယ်။ အတူနေတဲ့ အိမ်သားတွေနဲ့ အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ အိမ် ထောင်ဘက်နေရာကနေ အစားဝင်ခံစားပေးတတ်ဖို့ လိုပါတယ်။ ငွေလက်လွယ်နေတာမျိုးရှိရင်တော့ ဆင်ခြင်ဖို့ ပြောချင်ပါတယ်။ ပညာရေးကတော့ ကိစ္စတွေများနေတာကြောင့် သေချာအာရုံစိုက်ဖို့ ခက်ခဲပါတယ်။

အကျိုးပေးဂဏန်း ၃၊ ၆၊ ဝအထူးဟော ငွေအထွက် များနေမည်။ယတြာ နာနတ်သီးမှည့် ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

စိတ်ကူးထားသမျှ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ မိမိအကြံပေးမှုကြောင့် အခြားသူတွေတောင် လမ်းကြောင်းမှန်ကို ရောက်သွားတတ်ပါတယ်။ ကံကြမ္မာရဲ့ဖေးမမှု မိမိရဲ့ကြိုးစားမှုတွေကြောင့် တဆင့်မြင့်သော အနေအထားကို ရရှိနိုင်ပါတယ်။ လူယုံထားတာမျိုးတွေ၊ ဝန်ထမ်းအသစ် ခန့်တာမျိုးတွေအထူးဆောင်ရွက်လို့ ကောင်းပါတယ်။

မိမိလုပ်ငန်းခွင်ထဲ ပျက်စီးနေတဲ့ ဟောင်းနွမ်းနေတဲ့ ပစ္စည်းတွေကို အစားထိုးလဲလှယ် တပ်ဆင်ခြင်းမျိုး ဆောင်ရွက် နိုင်ပါတယ်။ အတိတ်က မိမိကူညီပေးဖူးတဲ့သူတွေက ပြန်လည်ကောင်းကျိုး ပြုတာမျိုးကိုလဲ ခံစားရတတ်ပါတယ်။ အစိဏ္ဏကံ ကုသိုလ်အမြဲလုပ်နေသူများ ဒီကာလမှာ ထီကံစမ်းခြင်းဖြင့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာတတ်ပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆိုး ကင်းနေမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှန်သမျှ အလေးပေးဆောင် ရွက်သင့်ပါတယ်။ ဆေးစစ်တာ၊ ဆေးဝါးမှီဝဲတာတွေ အထူးကောင်းပါတယ်။ အချစ်ရေးမှာတော့ ဝေးကွာနေတဲ့ချစ် သူဆီက အဆက်အသွယ် ပြန်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အညံ့အဆိုး နည်းပါတယ်။ သာယာပါလိမ့် မယ်။ ပညာရေးကံ ကောင်းနေတဲ့ ကာလအပိုင်းအခြားပါပဲ။

အကျိုးပေးဂဏန်း 1 3 7အထူးဟော ကံမြင့်နေမှာပါ။ယတြာ နှင်းဆီပန်း ၇ ပွင့် ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း ဖန်တီးမှုအသစ်၊ စိတ်ကူးမှုအသစ်တွေကို ပိုမိုတိုးတတ်အောင် လုပ်ဆောင်သင့်ပါတယ်။ စိတ်ကူးခံစားချက်နဲ့ လုပ်ရတဲ့အလုပ်တွေက ပိုမိုတိုးတတ်နိုင်ပါတယ်။ အနုပညာအလုပ်များ၊ သရုပ်ဆောင်၊ သီချင်း ၊ ဂီတနှင့်စာပေ၊ ပန်းချီဆွဲခြင်းများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဖန်တီးမှုအသစ်တွေကြောင့် အခြားလုပ်ငန်းပြိုင်တွေထက် နှာတဖျားသာပါလိမ့်မယ်။

ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ လာဘ်ရွှင်နေတာ ကိုတွေ့ရတယ်။ အဘက်ဘက်က ငွေဝင်လာတတ်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေကိုလဲ တောင်းလို့ အလွန် ကောင်းပါတယ်။ ငွေကြေးရင်းနှီမြုပ်နှံခြင်းများ အကျိုးများနိုင်တဲ့ နေ့ရက်တွေပါပဲ။ စိတ်ချမ်းသာစရာတွေ များပါလိမ့် မယ်။ မိသားစု အပျော်ခရီးများသွားမယ်ဆို သင့်တော်တဲ့ ကာလပါပဲ။

အချစ်ရေး ကိစ္စတွေမှာတော့ စန်းအားကောင်း နေတာကြောင့် ချစ်သူသစ်ရလာပါလိမ့်မယ်။ ချစ်သူကို ဖွင့်ပြောမယ်ဆိုလဲ သင့်တော်တဲ့နေ့ရက်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကတော့အညံ့အဆိုး နည်းပါတယ်။ အိမ်ထောင်ရေး သာယာပျော်ရွှင် ရပါလိမ့်မယ်။ ပညာရေးမှာတော့ ပညာအသစ်တစ်ခု စတင်သင်ယူလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း 1 2 8အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။ယတြာ အကြော် ဘုရားကပ်လှူပါ။

စနေ

ငွေကြေးနဲ့ပတ်သက်ပြီး အလွဲလွဲ အမှားမှာတွေ ဖြစ်ရတတ်ပါတယ်။ သူတစ်ပါးရဲ့ဒုက္ခပေးခြင်းကိုခံရနိုင်ပါ တယ်။ ငွေပေးငွေယူ ကိစ္စတွေကိုတော့ သတိနဲ့ယှဉ်ပြီးလုပ်ပါ။ အလုပ်နဲ့ပတ်သက်ပြီး ဆရာသမားတွေရဲ့စကားကို လိုက်နာပါ။ မိမိကိုယ်တိုင် ချွန်ပြီးလုပ်မယ်ဆိုရင်တော့ အမှားအယွင်များတတ်ပါတယ်။ လူလိမ်ခံရတတ်ပါတယ်။ ဒါ ကြောင့် လူယုံသတ်တာမျိုးတွေလဲ ခံစားရတတ်ပါတယ်။

ကုသိုလ်ရေး လုပ်မယ်ဆိုရင်တောင်မှ သဘောထား ကွဲလွဲစ ရာတွေများနေတတ်ပါတယ်။ ပညာရေးနဲ့ ပက်သက်သော လုပ်ငန်းများလဲ အထူးအညံ့များနေတတ်ပါတယ်။ ပညာ ဝန်ဆောင်မှုလုပ်ငန်းများ ထင်သလောက်အကျိုးမဖြစ်ထွန်းတာမျိုးတွေ ဖြစ်ရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တော့လဲ ဒီနေ့မှာ အားနည်းတတ်ပါတယ်။ ကိုယ်ခံအားနည်းနေတဲ့အတွက် အားရှိအောင်နေပါ။ မိမိဖြစ်ချင်တာတွေ ကိုတော့ ဦးစားပေးလို့ မသင့်သေးတာမျိုး တွေ့ရပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ ထင်ထားသည်ထက်ပိုမို အဆင်ပြေနိုင်ပါတယ်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာလဲ အညံ့အဆိုးကင်းနေတာကို တွေ့ရပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့လဲ အညံ့များနေတတ်ပါတယ်။ သေချာကြိုးစားတတ်ဖို့ လိုပါတယ်။

အကျိုးပေးဂဏန်း 2 3 5အထူးဟော ကံအားနည်းနေချိန်ပါ။ယတြာ ပျားရည်နဲ့ လုပ်ထားတဲ့ မုန့်တစ်မျိုးမျိုး ဘုရားကပ်လှူပေးပါ။

၇ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Zawgyi

19.8.2021 မွ 25.8.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း အခြင့္အေရး ႏွစ္မ်ိဳးႏွစ္ခြ ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ မိမိစိတ္က လုပ္ခ်င္ေနတဲ့ ကိစၥေတြ ကိုေတာ့ အထူးဦးစားေပးလုပ္ကိုင္ပါ။ ခရီးကိစၥမ်ားလဲ အထူးတိုးတတ္ပါလိမ့္မယ္။ ခရီးသြားလုပ္ငန္းမ်ား အထူးတိုး တတ္ပါလိမ့္မယ္။ သူတစ္ပါးေတြရဲ႕ အကူအညီ အေထာက္အပံ့ေတြ အမ်ားႀကီး ရလာတတ္ပါတယ္။ စိတ္ခ်မ္းသာမႈ ေတြကို ဦးစားေပးႏိုင္ပါလိမ့္မယ္။

အိမ္အတြင္း လိုအပ္တဲ့ပစၥည္းမ်ား ဝယ္ယူမယ္ဆိုရင္လဲ ဒီကာလမွာ ေဆာင္႐ြက္လို႔ သင့္ပါတယ္။ အိမ္ေဆာက္ပစၥည္းမ်ားလဲ ဝယ္ယူလို႔ အထူးသင့္ပါတယ္။ သားသမီးေၾကာင့္ စိတ္ခ်မ္းသာရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ေငြေၾကး အဝင္မ်ားပါတယ္။ ေငြရွာလို႔ အထူးေကာင္းပါတယ္။ ေငြစုျခင္းမ်ား အထူးေကာင္းပါ တယ္။

တတ္သိထားေသာ စီးပြားေရးမ်ားကို အေကာင္အထည္ မေဖာ္ရေသးရင္အေကာင္အထည္ ေဖာ္လိုက္ပါ။ လုပ္ငန္းသစ္ အက်ိဳးေပးပါတယ္။ က်န္းမာေရးကေတာ့ ေကာင္းပါတယ္။ အခ်စ္ေရးမွာေတာ့ ေပ်ာ္စရာ ေတြႀကဳံရ တတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ အဆင္မေျပတာေတြကို ေျပလည္ေအာင္ စြမ္းေဆာင္ ႏိုင္ပါ လိမ့္မယ္။ ပညာေရးအတြက္ အသက္ေမြးမႈပညာေတြ စတင္သင္ယူပါ။

အက်ိဳးေပးဂဏန္း 3 4 6 အထူးေဟာ စိတ္ခ်မ္းသာစရာေတြ မ်ားေနတတ္ပါတယ္။ယၾတာ သံပုရာရည္ ဘုရားကပ္လႉ ဆုေတာင္းပါ။

တနလၤာ

ဒီကာလအတြင္း ေငြေၾကးနဲ႔ ပတ္သက္ၿပီးေတာ့လဲ ေဘာနပ္ရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ကိုယ္ပိုင္ အလုပ္မ်ား ေရာင္းမကုန္တဲ့ ပစၥည္းေတြကိုေတာ့ အထူးေရာင္းထြက္ပါလိမ့္မယ္။ ျမဳပ္ႏွံထားတဲ့ေငြေၾကးေတြ ျပန္ေပၚ လာတတ္ပါတယ္။ အလုပ္ေတြ အဆင္ေျပလာတာမ်ိဳး ႀကဳံရတတ္ပါတယ္။က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လဲ အညံ့ အဆိုးကင္းေနတတ္ပါတယ္။

မိတ္ေဆြေကာင္းေတြဆီမွ အကူအညီေကာင္းေတြ ရလာတတ္ပါတယ္။ အလုပ္နဲ႔ပတ္ သက္ၿပီး ဆိုင္သစ္ဖြင့္မယ္ ဆိုရင္ေတာ့ ဒီကာလအတြင္း ဖြင့္လွစ္ေဆာင္႐ြက္လို႔ အထူးေကာင္းပါတယ္။ သူတစ္ပါးရဲ႕ အကူအညီေတြကိုလဲ ရလာတတ္ပါတယ္။ ပင္ပန္းေနေပမဲ့ အဆင္ေျပေတာ့ စိတ္ခ်မ္းသာ ရပါလိမ့္မယ္။ အလုပ္နဲ႔ ပတ္သက္ၿပီး နယ္ခရီးသြားရတတ္ပါတယ္။

အဆင္ေျပတဲ့ ခရီးေတြ ျဖစ္ပါလိမ့္မယ္။ လူမ်ိဳးျခား၊ တစ္စိမ္းတစ္ရံေတြနဲ႔ ဆက္စပ္လုပ္ကိုင္ျခင္းမ်ား ပိုမို တိုးတတ္ေနပါလိမ့္မယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ အလုပ္ကိစၥေတြေၾကာင့္ ခ်စ္သူ ကိုအခ်ိန္မေပးႏိုင္ ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ သာယာေပ်ာ္႐ႊင္မႈေတြအတိ ျဖစ္ပါလိမ့္မယ္။ ပညာေရးကံက သင့္ပါတယ္။ ဉာဏ္ဝီရိယထား ႀကိဳးစားလိုက္ပါ။

အက်ိဳးေပးဂဏန္း 9 5 7အထူးေဟာ အလုပ္ေကာင္းေနမည္။ယၾတာ ေမြးနံေထာင့္မွာ ထီးျဖဴ ၅ လက္ လႉဒါန္းပါ။

အဂၤါ

ဒီကာလအတြင္း အလုပ္နဲ႔ပတ္သက္ၿပီး အေျပာင္းအလဲ ျဖစ္ရတတ္ပါတယ္။ အလုပ္မွာ ထြက္စာတင္ထားသူမ်ား ဒီကာလမွာ ထြက္ရတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြကို အားကိုးမရတာမ်ိဳးေတြ ျဖစ္ ရတတ္ပါတယ္။ လူငယ္မ်ား မိတ္ေဆြေတြ၊ သူငယ္ခ်င္းေတြကို အယုံမလြယ္ပါနဲ႔။ ပစၥည္းတစ္ခုခု လာငွားၿပီး ေရာင္းစားလိုက္တာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္ အဖိုးတန္ပစၥည္းမ်ား ဘယ္သူကိုမွ မငွားလိုက္ပါနဲ႔။

မိခင္၊ ဖခင္ရွိသူမ်ား မိဘေတြရဲ႕က်န္းမာေရးကို အထူးဂ႐ုစိုက္လိုက္ပါ။ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ခ်စ္သူႏွစ္ဦး ခ်ိန္းဆိုထားရင္ ပ်က္ရတတ္ပါတယ္။ အခ်စ္ေရး ကိစၥေတြ အစီအစဥ္ဆြဲလို႔ရမွာ မဟုတ္ပါဘူး။ က်န္းမာေရးကေတာ့ မိမိကိုယ္တိုင္ ကအားနည္းခ်က္ေလးေတြ ရွိေနတတ္ပါတယ္။ လွ်ပ္စစ္အႏၲရာယ္ကိုလဲသတိထားပါ။ အိမ္တြင္း လွ်ပ္စစ္ပ်က္ရင္ ေတာ့ ကြၽမ္းက်င္သူေတြကိုပဲ ခိုင္းေစလိုက္တာ ပိုေကာင္းပါတယ္။

အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပလိုက္၊ရန္ျဖစ္လိုက္ ဆိုတာမ်ိဳးလဲ အလြန္ပဲ ျဖစ္လြယ္ပါတယ္။ ပညာေရးကံ ေကာင္းေပမယ့္ မိမိကိုယ္တိုင္က စိတ္ပါဝင္စားမႈအား နည္းေနတာကိုေတြ႕ရပါတယ္။

အက်ိဳးေပးဂဏန္း 5 6 8အထူးေဟာ မိတ္ေဆြေတြကို သတိထားၿပီး ေပါင္းသင္းလိုက္ပါ။ယၾတာ မုန႔္ဟင္းခါး ဘုရားကပ္လႉလိုက္ပါ။

ဗုဒၶဟူး၊ ရာဟု

ဒီကာလအတြင္း အဘက္ဘက္က တိုးတတ္မႈေတြ ရွိေနတတ္ပါတယ္။ ဒီလို တိုးတတ္ဖို႔လဲ စိတ္၏ပင္ပန္းျခင္း ၊ကိုယ္ရဲ႕ပင္ပန္းျခင္းေတြ ႀကဳံရတတ္ပါတယ္။ အလုပ္စီးပြားေတြကလဲ အေဝးမွာ ပိုမိုအက်ိဳးေပးပါတယ္။ ရပ္ေဝးက အလုပ္အကိုင္ေတြ ပိုမိုတိုးတတ္ပါလိမ့္မယ္။ က်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ ဆီး၊ဝမ္း၊ ေလမွန္ေအာင္ ျပဳလုပ္ေပး ပါ။ အဲဒါဆို ေနထိုင္ေကာင္းမဲ့ ကာလပါပဲ။

ကိုယ္ပိုင္ဆိုင္မ်ား အလုပ္ေတြက်ပါလိမ့္မယ္။ ေဖာက္သည္ေတြ ရလာပါ လိမ့္မယ္။ ေစတနာထားၿပီး လုပ္တဲ့သူေတြအတြက္ ဒီကာလဟာ အသိအမွတ္ျပဳျခင္း ခံရႏိုင္တာ ကိုေတြ႕ရပါတယ္။ မိမိတို႔ လိုလားေတာင္းတတဲ့ ကိစၥေတြကို ျဖည့္ဆည္းေပးမဲ့ မိတ္ေဆြေကာင္းေတြ ရွိေနတတ္ပါတယ္။ ဝန္ထမ္းမ်ား ခက္ခဲတဲ့ အလုပ္တာဝန္ေတြ ယူေနရတတ္ပါတယ္။ မႏိုင္ဝန္ ထမ္းေနရတာမ်ိဳးေတြလဲျဖစ္တတ္ပါတယ္။

အိမ္တြင္းေရး ကိစၥေတြမွာေတာ့ အဆင္မေျပတာ မ်ားပါတယ္။ အတူေနတဲ့ အိမ္သားေတြနဲ႔ အဆင္မေျပ ျဖစ္ရတတ္ပါတယ္။ အိမ္ ေထာင္ဘက္ေနရာကေန အစားဝင္ခံစားေပးတတ္ဖို႔ လိုပါတယ္။ ေငြလက္လြယ္ေနတာမ်ိဳးရွိရင္ေတာ့ ဆင္ျခင္ဖို႔ ေျပာခ်င္ပါတယ္။ ပညာေရးကေတာ့ ကိစၥေတြမ်ားေနတာေၾကာင့္ ေသခ်ာအာ႐ုံစိုက္ဖို႔ ခက္ခဲပါတယ္။

အက်ိဳးေပးဂဏန္း ၃၊ ၆၊ ဝအထူးေဟာ ေငြအထြက္ မ်ားေနမည္။ယၾတာ နာနတ္သီးမွည့္ ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

စိတ္ကူးထားသမွ် အေကာင္အထည္ ေဖာ္ႏိုင္ပါလိမ့္မယ္။ မိမိအႀကံေပးမႈေၾကာင့္ အျခားသူေတြေတာင္ လမ္းေၾကာင္းမွန္ကို ေရာက္သြားတတ္ပါတယ္။ ကံၾကမၼာရဲ႕ေဖးမမႈ မိမိရဲ႕ႀကိဳးစားမႈေတြေၾကာင့္ တဆင့္ျမင့္ေသာ အေနအထားကို ရရွိႏိုင္ပါတယ္။ လူယုံထားတာမ်ိဳးေတြ၊ ဝန္ထမ္းအသစ္ ခန႔္တာမ်ိဳးေတြအထူးေဆာင္႐ြက္လို႔ ေကာင္းပါတယ္။

မိမိလုပ္ငန္းခြင္ထဲ ပ်က္စီးေနတဲ့ ေဟာင္းႏြမ္းေနတဲ့ ပစၥည္းေတြကို အစားထိုးလဲလွယ္ တပ္ဆင္ျခင္းမ်ိဳး ေဆာင္႐ြက္ ႏိုင္ပါတယ္။ အတိတ္က မိမိကူညီေပးဖူးတဲ့သူေတြက ျပန္လည္ေကာင္းက်ိဳး ျပဳတာမ်ိဳးကိုလဲ ခံစားရတတ္ပါတယ္။ အစိဏၰကံ ကုသိုလ္အၿမဲလုပ္ေနသူမ်ား ဒီကာလမွာ ထီကံစမ္းျခင္းျဖင့္ ရလဒ္ေကာင္းေတြ ထြက္ေပၚလာတတ္ပါတယ္။

က်န္းမာေရးကေတာ့ အညံ့အဆိုး ကင္းေနမွာပါ။ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ကိစၥေတြမွန္သမွ် အေလးေပးေဆာင္ ႐ြက္သင့္ပါတယ္။ ေဆးစစ္တာ၊ ေဆးဝါးမွီဝဲတာေတြ အထူးေကာင္းပါတယ္။ အခ်စ္ေရးမွာေတာ့ ေဝးကြာေနတဲ့ခ်စ္ သူဆီက အဆက္အသြယ္ ျပန္ရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အညံ့အဆိုး နည္းပါတယ္။ သာယာပါလိမ့္ မယ္။ ပညာေရးကံ ေကာင္းေနတဲ့ ကာလအပိုင္းအျခားပါပဲ။

အက်ိဳးေပးဂဏန္း 1 3 7အထူးေဟာ ကံျမင့္ေနမွာပါ။ယၾတာ ႏွင္းဆီပန္း ၇ ပြင့္ ဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္း ဖန္တီးမႈအသစ္၊ စိတ္ကူးမႈအသစ္ေတြကို ပိုမိုတိုးတတ္ေအာင္ လုပ္ေဆာင္သင့္ပါတယ္။ စိတ္ကူးခံစားခ်က္နဲ႔ လုပ္ရတဲ့အလုပ္ေတြက ပိုမိုတိုးတတ္ႏိုင္ပါတယ္။ အႏုပညာအလုပ္မ်ား၊ သ႐ုပ္ေဆာင္၊ သီခ်င္း ၊ ဂီတႏွင့္စာေပ၊ ပန္းခ်ီဆြဲျခင္းမ်ား အထူးေဆာင္႐ြက္လို႔ ေကာင္းပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး ဖန္တီးမႈအသစ္ေတြေၾကာင့္ အျခားလုပ္ငန္းၿပိဳင္ေတြထက္ ႏွာတဖ်ားသာပါလိမ့္မယ္။

ေငြေၾကးနဲ႔ ပတ္သက္ၿပီးေတာ့လဲ လာဘ္႐ႊင္ေနတာ ကိုေတြ႕ရတယ္။ အဘက္ဘက္က ေငြဝင္လာတတ္ပါတယ္။ ရစရာရွိတဲ့ ေငြေၾကးေတြကိုလဲ ေတာင္းလို႔ အလြန္ ေကာင္းပါတယ္။ ေငြေၾကးရင္းႏွီျမဳပ္ႏွံျခင္းမ်ား အက်ိဳးမ်ားႏိုင္တဲ့ ေန႔ရက္ေတြပါပဲ။ စိတ္ခ်မ္းသာစရာေတြ မ်ားပါလိမ့္ မယ္။ မိသားစု အေပ်ာ္ခရီးမ်ားသြားမယ္ဆို သင့္ေတာ္တဲ့ ကာလပါပဲ။

အခ်စ္ေရး ကိစၥေတြမွာေတာ့ စန္းအားေကာင္း ေနတာေၾကာင့္ ခ်စ္သူသစ္ရလာပါလိမ့္မယ္။ ခ်စ္သူကို ဖြင့္ေျပာမယ္ဆိုလဲ သင့္ေတာ္တဲ့ေန႔ရက္ေတြပဲ ျဖစ္ပါတယ္။ က်န္းမာေရးကေတာ့အညံ့အဆိုး နည္းပါတယ္။ အိမ္ေထာင္ေရး သာယာေပ်ာ္႐ႊင္ ရပါလိမ့္မယ္။ ပညာေရးမွာေတာ့ ပညာအသစ္တစ္ခု စတင္သင္ယူလို႔ေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 1 2 8အထူးေဟာ စိတ္ခ်မ္းသာရပါလိမ့္မယ္။ယၾတာ အေၾကာ္ ဘုရားကပ္လႉပါ။

စေန

ေငြေၾကးနဲ႔ပတ္သက္ၿပီး အလြဲလြဲ အမွားမွာေတြ ျဖစ္ရတတ္ပါတယ္။ သူတစ္ပါးရဲ႕ဒုကၡေပးျခင္းကိုခံရႏိုင္ပါ တယ္။ ေငြေပးေငြယူ ကိစၥေတြကိုေတာ့ သတိနဲ႔ယွဥ္ၿပီးလုပ္ပါ။ အလုပ္နဲ႔ပတ္သက္ၿပီး ဆရာသမားေတြရဲ႕စကားကို လိုက္နာပါ။ မိမိကိုယ္တိုင္ ခြၽန္ၿပီးလုပ္မယ္ဆိုရင္ေတာ့ အမွားအယြင္မ်ားတတ္ပါတယ္။ လူလိမ္ခံရတတ္ပါတယ္။ ဒါ ေၾကာင့္ လူယုံသတ္တာမ်ိဳးေတြလဲ ခံစားရတတ္ပါတယ္။

ကုသိုလ္ေရး လုပ္မယ္ဆိုရင္ေတာင္မွ သေဘာထား ကြဲလြဲစ ရာေတြမ်ားေနတတ္ပါတယ္။ ပညာေရးနဲ႔ ပက္သက္ေသာ လုပ္ငန္းမ်ားလဲ အထူးအညံ့မ်ားေနတတ္ပါတယ္။ ပညာ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ထင္သေလာက္အက်ိဳးမျဖစ္ထြန္းတာမ်ိဳးေတြ ျဖစ္ရပါတယ္။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေတာ့လဲ ဒီေန႔မွာ အားနည္းတတ္ပါတယ္။ ကိုယ္ခံအားနည္းေနတဲ့အတြက္ အားရွိေအာင္ေနပါ။ မိမိျဖစ္ခ်င္တာေတြ ကိုေတာ့ ဦးစားေပးလို႔ မသင့္ေသးတာမ်ိဳး ေတြ႕ရပါတယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့ ထင္ထားသည္ထက္ပိုမို အဆင္ေျပႏိုင္ပါတယ္။ အိမ္တြင္းေရး၊ အိမ္ေထာင္ေရးကိစၥေတြမွာလဲ အညံ့အဆိုးကင္းေနတာကို ေတြ႕ရပါတယ္။ ပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့လဲ အညံ့မ်ားေနတတ္ပါတယ္။ ေသခ်ာႀကိဳးစားတတ္ဖို႔ လိုပါတယ္။

အက်ိဳးေပးဂဏန္း 2 3 5အထူးေဟာ ကံအားနည္းေနခ်ိန္ပါ။ယၾတာ ပ်ားရည္နဲ႔ လုပ္ထားတဲ့ မုန႔္တစ္မ်ိဳးမ်ိဳး ဘုရားကပ္လႉေပးပါ။

၇ရက္ သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)