ၾကားသိရသမွ်

CDM ဗိုလ်ကြီးတွေ ပြည်သူတွေအတွက် ရင်ဖွင့်တဲ့ စကားများ

တပ်မှာ ဗိုလ်ကြီးဆိုတာထက် ဒီကညီလေးတွေ ကိုကြီးခေါ်တာကို ကျနော်ဟာ နှစ်သက်မှန်းမသိ နှစ်သက်နေပါတယ်။

ကျနော့် အနေနဲ့ CDM ပြုလုပ်လာမည့် ကြည်း ရေ လေ တပ်မတော် အတွင်းမှ နောင်တော်များနှင့် ညီငယ်ဂျူနီယာများကို နွေးထွေးစွာကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။
ပြည်သူချစ်တဲ့တပ်မတော်သားတစ်ဦးဖြစ်အောင် အမြန်ဆုံး CDMမှာ ပူးပေါင်းပါဝင်ပေးကြပါခင်ဗျာ။

ဗကဇာနည်အောင်

ကျနော်တို့ နေ့တိုင်းဆိုနေတဲ့သစ္စာမှာပထမဦးဆုံးဆိုရတာကနိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကိုစောင့်သိရိုသေပါမည်ပေါ့

စောင့်သိရိုသေပါမည်ဆိုတာသေနတ်နဲ့ပစ်တာမှ မဟုတ်တာလက်သင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး

ဗိုလ်ချမ်းမြသူ

ပြည်သူဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ ကျွန်တော်တို့ကို အမြဲဆီးကြိုနေပါတယ်။ ကျွန်တော် တို့တပ်မတော်သားတွေကို ပြည်သူတွေက မမုန်းပါဘူး ၊အာဏာရှင်တွေကို မုန်းတာပါ။ ဒါကြောင့်မို့ အကြောက်တရားနယ်မြေထဲက ထွက်လာခဲ့ပါ။
#တကကအောင်ရဲညွန့်

တပ်ထဲက ကျနော့ညီကိုတွေကိုလဲ ကျနော် ပြောချင်ပါတယ်။ တဦးတယောက်အတွက်မဟုတ်ပဲနဲ့ ပြည်သူအများအတွက် ရုန်းထွက်လာခဲ့ကြည့်လိုက်ပါ ။မင်းတို့ပြည်သူတွေအပေါ်လုပ်မိတဲ့လုပ်ရပ်ကိုကိုပြန်အားနာ မိလိမ့်မယ် ။

တကကဖြိုးဝေဦး

ကျနော်တို့တွေ အခုတော်လှန်နေတယ်ဆိုတာက ကျနော်တို့တွေအတွက်ပဲ တော်လှန်နေတာ မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံးအတွက် တော်လှန်နေတာ ဖြစ်တယ်။

ဗိုလ်မင်းခန့်ကျော်

ခင်ဗျားတို့ ကျွန်တော်တို့ စစ်သားတွေ စစ်သားအလုပ်ပဲ လုပ်ချင်ကြမှာပါ။ရွာတကာ ရပ်ကွက်တကာလှည့်ပြီး သက်သာထမင်းဟင်းဆိုပြီး ရောင်းနေတာမျိုးတွေကစပြီး အခုအာဏာသိမ်းတာအထိ ဘယ်သူမှ မကြိုက်ဘူး ထင်ပါတယ်။

ဗကသုတအောင်

တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ်ရမှာ အခုတပ်မတော်က ပြည်သူကို မကာကွယ်ဘဲ ရန်သူလိုသဘောထားနေတယ်။ အဲဒီတော့ တပ်မတော်သားတစ်ယောက်အနေနဲ့ ပြည်သူကိုကာကွယ်မလား၊ ပြည်သူကို ရန်သူလိုပုံဖော်နေတဲ့သူတွေပေးတဲ့ အမိန့်နာခံမှာလား၊ သူတို့ဆုံးဖြတ်ရမယ့်အချိန်ပဲ။

ဗကမင်းမောင်မောင် / ခွဲစိတ်ပါရဂူ

စစ်သည်တွေရဲ့မိသားစုဝင်တွေတပ်တွင်းနေ မိသားစုဝင်တွေစဉ်းစားဖို့တစ်ခုလိုတာကလက်ရှိအချိန်မှာစစ်တပ်ကအကြမ်းဖက်တပ်ဖွဲ့တစ်ခု ဖြစ်နေပါပြီ။

တစ်နိုင်ငံလုံးက မလိုလားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပြီ။ စစ်တပ်ဖက်က တိုက်ခိုက်နေတဲ့သူဟာစစ်အာဏာရှင်ကို အားပေးနေတဲ့သူပဲ။

ဗမညွန့်နိုင်