တစ္နာရီ စာဖတ္တိုင္း ေငြတစ္ေထာင္ရမွာျဖစ္ၿပီး ေကာ္ဖီနဲ႔မုန႔္ေတြပါ ေကြၽးတဲ့ေနရာ
သင္က စာဖတ္ဝါသနာပါသူဆိုရင္ စာအုပ္ေတြကို အခမဲ့ဖတ္ရႈခြင့္ရမယ့္အျပင္ မည္သူမဆို တစ္နာရီ စာဖတ္တိုင္း ေငြတစ္ေထာင္ရမွာျဖစ္ၿပီး ေကာ္ဖီနဲ႔မုန႔္ေတြပါ ေကြၽးတဲ့ လွည္းတန္း၊ ကမာ႐ြတ္ၿမိဳ႕နယ္မွာ တည္ရွိတဲ့ Royal Job Agency ဆီ သြားေရာက္ၿပီး စာဖတ္ႏိုင္ပါၿပီေနာ္….
Royal Job Agency မွာ အပတ္စဥ္(ဗုဒၶဟူးေန႔)တိုင္း ညေန(၆)နာရီ မွ ည(၇)နာရီအထိ (စာဖတ္ခ်ိန္တစ္နာရီ) အတြင္း စာလာဖတ္သူေတြကို လမ္းစရိတ္အတြက္ ေငြတစ္ေထာင္(၁၀၀၀)ေပးၿပီး ေကာ္ဖီ နဲ႔ မုန႔္မ်ားလည္းအခမဲ့တိုက္ေကြၽးပါတယ္….
Royal Job Agency မွစီစဥ္ထားတဲ့ စာအုပ္မ်ားကို ဖတ္ရႈခြင့္ရမွာျဖစ္ၿပီး စာဖတ္ေနခ်ိန္ ဖုန္းလုံး၀သုံးစြဲခြင့္မျပဳပါဘူး. ဘ၀တိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစမည့္စာအုပ္မ်ားကို ထားရွိေပးတာျဖစ္လို႔ စီစဥ္ေပးထားတဲ့ စာအုပ္မ်ားမွ (၁၀)အုပ္ျပည့္ေအာင္ဖတ္ၿပီးတာနဲ႔ အေတြးေခၚအယူအဆေတြ တိုးတက္အားေကာင္းလာကာ ဘ၀အေျခအေနလည္း တိုးတက္လာလိမ့္မယ္လို႔ ယုံၾကည္ႏိုင္မွာျဖစ္ပါတယ္…..
လူတိုင္းစာဖတ္လာေစဖို႔ နဲ႔ စာဖတ္ျခင္းကေန မွန္ကန္တဲ့ဘ၀အေတြးအေခၚမ်ားရရွိကာ ဘ၀ကိုတိုးတက္ေအာင္ ပုံေဖာ္ဖန္တီးႏိူင္ၾကဖို႔ စာဖတ္ျခင္းအစီအစဥ္ကို ေဖာ္ေဆာင္လိုက္ျခင္းျဖစ္ပါတယ္….
ဖတ္ရႈၾကရမယ့္ စာအုပ္ေတြကေတာ့
၁။ စုန္ဆင္းသြားေသာ ေမတၱာမ်ား – ခ်မ္းသာထြန္း ၂။ မိတ္တဗလဋီကာ – ဦးႏု ၃။ မဂၤလာရွိေသာမန္ေနဂ်ာ – ၀င္းသိန္းဦး ၄။ ထိပ္ဆုံးမွာေတြ႕ၾကမယ္ ခင္ေမာင္ညိဳ(ေဘာဂေဗဒ) ၅။ သူစိတ္ဓာတ္က်တိုင္းဖတ္ဖို႔ – မိုးရွင္း ၆။ေန႔တိုင္းေပ်ာ္ပါတယ္ – ထက္ထက္ထြန္း(Waterfall) ၇။ ငါ့အတြက္ငါရွိတယ္ – လင္းေရာင္စင္ ၈။ ဦးေႏွာက္တြင္ရင္းႏွီးျမႇဳပ္ႏွံပါ – ေဖျမင့္ ၉။ ၂၁ ရာစုျပည္သူ႔နီတိ – တင္ၫြန႔္ ၁၀။ ေဒၚလာ ၁၀၀ ကိုယ္ပိုင္လုပ္ငန္းတစ္ခု – Du Du ဘာသာျပန္ ၁၁။ ေသွ်ာင္ေပစူး(၀တၳဳတိုမ်ား) – ခင္ခင္ထူး ၁၂။ ခြပ္ေဒါင္းဧကရီ(သို႔)ေဒၚေအာင္ဆန္းစုၾကည္၏ဘ၀ခရီး – ရဲျမလြင္ (ဘာသာျပန္သည္) ၁၃။ၿငိမ္းေအးေသာဘ၀ပိုင္ရွင္ – အရွင္ဆႏၵာဓိက ၁၄။အလင္းေစတမန္ – အရွင္ဆႏၵာဓိက ၁၅။ ေမတၱာေၾကာင့္သာ မဟုတ္ခဲ့လွ်င္ – ခ်မ္းသာထြန္း စတဲ့ စာအုပ္ေကာင္းမ်ားစြာ အျပင္ ဘဝေအာင္ျမင္မႈကိုအေထာက္အကူျဖစ္ေစမယ့္ အျခားသုတ/ရသစာအုပ္မ်ိဳးစုံ (၁၀၀၀)ေက်ာ္ စီစဥ္ေပးထားတာျဖစ္ပါတယ္…..
လိပ္စာအျပည့္အစုံကေတာ့ အမွတ္(၁၈)၊ ၆လႊာ၊ဘီ ဦးထြန္းလင္းၿခံလမ္း၊ လွည္းတန္း၊ကမာ႐ြတ္ၿမိဳ႕နယ္မွာ ျဖစ္ပါတယ္….လာေရာက္စာဖတ္ခ်င္သူေတြအေနနဲ႔ စာရင္းေပးရမယ့္ဖုန္းကေတာ့ -09 400 400 769 ျဖစ္ၿပီး (အပတ္စဥ္ တနလၤာ+အဂၤါ)ႀကိဳတင္စာရင္းေပးႏိုင္ပါတယ္…..
တစ်နာရီ စာဖတ်တိုင်း ငွေတစ်ထောင်ရမှာဖြစ်ပြီး ကော်ဖီနဲ့မုန့်တွေပါ ကျွေးတဲ့နေရာ
သင်က စာဖတ်ဝါသနာပါသူဆိုရင် စာအုပ်တွေကို အခမဲ့ဖတ်ရှုခွင့်ရမယ့်အပြင် မည်သူမဆို တစ်နာရီ စာဖတ်တိုင်း ငွေတစ်ထောင်ရမှာဖြစ်ပြီး ကော်ဖီနဲ့မုန့်တွေပါ ကျွေးတဲ့ လှည်းတန်း၊ ကမာရွတ်မြို့နယ်မှာ တည်ရှိတဲ့ Royal Job Agency ဆီ သွားရောက်ပြီး စာဖတ်နိုင်ပါပြီနော်….
Royal Job Agency မှာ အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း ညနေ(၆)နာရီ မှ ည(၇)နာရီအထိ (စာဖတ်ချိန်တစ်နာရီ) အတွင်း စာလာဖတ်သူတွေကို လမ်းစရိတ်အတွက် ငွေတစ်ထောင်(၁၀၀၀)ပေးပြီး ကော်ဖီ နဲ့ မုန့်များလည်းအခမဲ့တိုက်ကျွေးပါတယ်….
Royal Job Agency မှစီစဉ်ထားတဲ့ စာအုပ်များကို ဖတ်ရှုခွင့်ရမှာဖြစ်ပြီး စာဖတ်နေချိန် ဖုန်းလုံးဝသုံးစွဲခွင့်မပြုပါဘူး. ဘဝတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့်စာအုပ်များကို ထားရှိပေးတာဖြစ်လို့ စီစဉ်ပေးထားတဲ့ စာအုပ်များမှ (၁၀)အုပ်ပြည့်အောင်ဖတ်ပြီးတာနဲ့ အတွေးခေါ်အယူအဆတွေ တိုးတက်အားကောင်းလာကာ ဘဝအခြေအနေလည်း တိုးတက်လာလိမ့်မယ်လို့ ယုံကြည်နိုင်မှာဖြစ်ပါတယ်…..
လူတိုင်းစာဖတ်လာစေဖို့ နဲ့ စာဖတ်ခြင်းကနေ မှန်ကန်တဲ့ဘဝအတွေးအခေါ်များရရှိကာ ဘဝကိုတိုးတက်အောင် ပုံဖော်ဖန်တီးနိူင်ကြဖို့ စာဖတ်ခြင်းအစီအစဉ်ကို ဖော်ဆောင်လိုက်ခြင်းဖြစ်ပါတယ်….
ဖတ်ရှုကြရမယ့် စာအုပ်တွေကတော့
၁။ စုန်ဆင်းသွားသော မေတ္တာများ – ချမ်းသာထွန်း ၂။ မိတ်တဗလဋီကာ – ဦးနု ၃။ မင်္ဂလာရှိသောမန်နေဂျာ – ဝင်းသိန်းဦး ၄။ ထိပ်ဆုံးမှာတွေ့ကြမယ် ခင်မောင်ညို(ဘောဂဗေဒ) ၅။ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ – မိုးရှင်း ၆။နေ့တိုင်းပျော်ပါတယ် – ထက်ထက်ထွန်း(Waterfall) ၇။ ငါ့အတွက်ငါရှိတယ် – လင်းရောင်စင် ၈။ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ – ဖေမြင့် ၉။ ၂၁ ရာစုပြည်သူ့နီတိ – တင်ညွန့် ၁၀။ ဒေါ်လာ ၁၀၀ ကိုယ်ပိုင်လုပ်ငန်းတစ်ခု – Du Du ဘာသာပြန် ၁၁။ သျှောင်ပေစူး(ဝတ္ထုတိုများ) – ခင်ခင်ထူး ၁၂။ ခွပ်ဒေါင်းဧကရီ(သို့)ဒေါ်အောင်ဆန်းစုကြည်၏ဘဝခရီး – ရဲမြလွင် (ဘာသာပြန်သည်) ၁၃။ငြိမ်းအေးသောဘဝပိုင်ရှင် – အရှင်ဆန္ဒာဓိက ၁၄။အလင်းစေတမန် – အရှင်ဆန္ဒာဓိက ၁၅။ မေတ္တာကြောင့်သာ မဟုတ်ခဲ့လျှင် – ချမ်းသာထွန်း စတဲ့ စာအုပ်ကောင်းများစွာ အပြင် ဘဝအောင်မြင်မှုကိုအထောက်အကူဖြစ်စေမယ့် အခြားသုတ/ရသစာအုပ်မျိုးစုံ (၁၀၀၀)ကျော် စီစဉ်ပေးထားတာဖြစ်ပါတယ်…..
လိပ်စာအပြည့်အစုံကတော့ အမှတ်(၁၈)၊ ၆လွှာ၊ဘီ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ်မှာ ဖြစ်ပါတယ်….လာရောက်စာဖတ်ချင်သူတွေအနေနဲ့ စာရင်းပေးရမယ့်ဖုန်းကတော့ -09 400 400 769 ဖြစ်ပြီး (အပတ်စဉ် တနင်္လာ+အင်္ဂါ)ကြိုတင်စာရင်းပေးနိုင်ပါတယ်…..



