ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဆုံး ပိဋကတ္ တစ္ပုံေဆာင္နိုင္ခဲ့တဲ့ အာဂအမ်ိဳးသမီး
၅၂ႀကိမ္ေျမာက္ အဘိဓမၼစာေတာ္ျပန္ပြဲ ဘြဲ႕ႏွင္းသဘင္ဟာ ထူးျခားမႈေတြနဲ႔ ျပည့္နက္ေနပါတယ္။
ႏွစ္ေပါင္း ၅၀ ေက်ာ္ အတြင္း ပထမဦးဆုံး ပိဋကတ္ တစ္ပုံေဆာင္ အမ်ိဳးသမီး တစ္ဦး ထြက္ေပၚလာခဲ့ပါတယ္။
တကယ္ေတာ့ အဘိဓမၼပိဋကတ္ဟာ ပိဋကတ္ ၃ပုံအနက္ အက်ယ္ဆုံးနဲ႔ အခက္ဆုံးလို႔ ေျပာလို႔ရပါတယ္။
အထူးသျဖင့္ အာဂုံထက္ သေဘာေရးေၿဖ စားေမးပြဲေတြဟာ ဉာဏ္ သက္ဝင္ဖို႔ အလြန္ခက္ပါတယ္။
အဘိဓမၼာ အထက္ပိုင္းျဖစ္တဲ့ ယမိုက္ ပ႒ာန္းေတြမွာ သာ၍ ခက္ခဲပါတယ္။
အဘိဓမၼာ ရက်မ္း၊ စာအုပ္ေရ ၁၂အုပ္၊ စာမ်က္ႏွာေပါင္း ၄၉၈ရကို အာဂုံလည္းအလြတ္ရြတ္ဖတ္နိုင္ဖို႔ လိုသလို၊ သေဘာေရးေၿဖ ကိုလ
ည္း ေကာင္းစြာ ေျဖဆိုနိုင္ဖို႔ လိုပါတယ္
လူပုဂၢိဳလ္မ်ားအဖို႔ ဒါကို ေျဖခြင့္မရမီ အေျခခံ အဆင့္ကို အရင္ ျဖတ္ေက်ာ္ရပါတယ္။က်မ္းအစိတ္အပိုင္း ၁၅ပိုင္းကို ဦးစြာ ေျဖဆိုေအာင္ျမ
င္ၿပီးကာမွ အထက္ေဖာ္ျပပါ စာမ်က္ႏွာ ၄၉၈ရကို ေျဖဆိုခြင့္ရွိပါတယ္။
အေျခခံအဆင့္မွာတင္ပဲ ၅ႏွစ္ ၆ႏွစ္ အခ်ိန္ယူရေလ့ရွိတာမို႔ အလြန္ရွည္လ်ားတဲ့ ဓမၼခရီးလို႔ ဆိုရမွာ ျဖစ္ပါတယ္။
အထက္ပါခရီးရွည္ႀကီးကို ဆရာမႀကီး (ေဒၚလွလွဝင္း)ကေတာ့ ပညာသဒၶါ ဝီရိယေတြနဲ႔ အေကာင္းဆုံး ျဖတ္ေက်ာ္နိုင္ခဲ့ပါၿပီ။
ဒီဆရာမႀကီးဟာ ခက္ေပ့ဆိုတဲ့ ပ႒ာန္းက်မ္း ေရးေျဖေတြမွာ ထူးခၽြန္စြာ ေျဖဆိုနိုင္လို႔(အဂၢ ဝီရ ပ႒ာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘြဲ႕ထူးကိုလ
ည္း တိပိဋကဓရ ေယာဆရာေတာ္ဘုရားႀကီးက ထပ္ဆင့္ ဂုဏ္ျပဳခ်ီးက်ဴးခဲ့ရပါတယ္။
ဒါ့အျပင္ အဘိဓမၼာျပန႔္ပြားေရးအ သင္းႀကီးကလည္း ဆရာမႀကီးကို ခ်ီးျမႇင့္ေငြသိန္း(၁၀၀) ခ်ီးျမႇင့္ ေပးအပ္ခဲ့ေၾကာင္း ဝမ္းေျမာက္ဖြယ္ ၾ
ကားသိရပါတယ္
ဒါေၾကာင့္မို႔ လူဝတ္ေၾကာင္ အမ်ိဳးသား အမ်ိဳးသမီးမ်ားအဖို႔ ဆရာမႀကီး ေဒၚလွလွဝင္းကို ဂုဏ္ယူ သာဓုေခၚၿပီး အတုယူ သာသနာျပဳနိုင္
ပါေစေၾကာင္း ဝမ္းေျမာက္စြာ ေဖာ္ျပလိုက္ရပါသည္။
ေဒၚလွလွဝင္း(မဟာအာဘိဓမၼိက ကလ်ာဏဉာဏဓဇ၊ မဟာအာဘိဓမၿမိက အဂျဂဝိသာရဒ ဉာဏိနီ၊အဂၢ ဝီရ ပ႒ာနနယ သာဂရဝိ
ဓူ)အား ဂုဏ္ျပဳ၍ေမတၱာျဖင့္၊ေမာင္ေစာ(ဆရာမႀကီးသည္ ရန္ကုန္တိုင္း အလုံၿမိဳ႕နယ္တြင္ ေနထိုင္လ်က္ရွိၿပီး တရားဓမၼမ်ားျဖန႔္ေဝသင္ၾ
ကားလ်က္ရွိပါသည္၊
credit
unicode
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပိဋကတ် တစ်ပုံဆောင်နိုင်ခဲ့တဲ့ အာဂအမျိုးသမီး
၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်။
နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။
တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရပါတယ်။
အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ် သက်ဝင်ဖို့ အလွန်ခက်ပါတယ်။
အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။
အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်းအလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။
လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို ဦးစွာ ဖြေဆို
အောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈ရကို ဖြေဆိုခွင့်ရှိပါတယ်။
အခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာသဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာ ဖြေဆိုနိုင်လို့(အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘွဲ့ထူးကိုလည်း တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူးခဲ့ရပါတယ်။
ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအ သင်းကြီးကလည်း ဆရာမကြီးကို ချီးမြှင့်ငွေသိန်း(၁၀၀) ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ်
ကြားသိရပါတယ်
ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါစေကြောင်း ဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။
ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊မောင်စော(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများဖြန့်ဝေသင်ကြားလျက်ရှိပါသည်၊
credit