စစ်ကောင်စီက ဖားကန့်တွင် အင်တာနက်လိုင်းများဖြတ်တောက်ထား
ဖားကန့်လုံးခင်းရတနာမြေအတွင်း ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ည ၈ နာရီနောက်ပိုင်း စတင်ထိန်းချုပ်ကန့်သတ်လိုက်တယ်လို့ ဒေသခံများအပြောအရသိရသည်။
ကချင်ပြည်နယ် ဖားကန့်လုံးခင်းရတနာမြေတွင် MPT ၊ Telenor (Myanmar)၊ Shwe War Ohh (အော်ရီဒူး) WiFi လိုင်းများ အားလုံးကို ည ၈ နာရီနောက်ပိုင်းမှစတင်၍ ဖြတ်တောက်ထားသည်မှာ ယခုသတင်းပေးပို့ချိန်အထိလည်း ပြတ်တောက်နေဆဲဖြစ်သည်။
သြဂုတ်လ ၂၁ ရက် (မနက်ဖြန်) မှစတင်၍ စပြီး ဖားကန့်လုံးခင်းရတနာမြေအတွင်း မိုဘိုင်းဒေတာနှင့် အင်တာနက်ဝိုင်ဖိုင်များအားလုံးကို ဖြတ်တောက်သွားမှာဖြစ်ကြောင်းလည်း ကချင်ဆက်သွယ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
သတင်းအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမည်။
Zawgyi
စစ္ေကာင္စီက ဖားကန႔္တြင္ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ထား
ဖားကန႔္လုံးခင္းရတနာေျမအတြင္း ဆက္သြယ္ေရးအင္တာနက္လိုင္းအခ်ိဳ႕ကို အာဏာသိမ္းစစ္ေကာင္စီက ဒီကေန႔ည ၈ နာရီေနာက္ပိုင္း စတင္ထိန္းခ်ဳပ္ကန႔္သတ္လိုက္တယ္လို႔ ေဒသခံမ်ားအေျပာအရသိရသည္။
ကခ်င္ျပည္နယ္ ဖားကန႔္လုံးခင္းရတနာေျမတြင္ MPT ၊ Telenor (Myanmar)၊ Shwe War Ohh (ေအာ္ရီဒူး) WiFi လိုင္းမ်ား အားလုံးကို ည ၈ နာရီေနာက္ပိုင္းမွစတင္၍ ျဖတ္ေတာက္ထားသည္မွာ ယခုသတင္းေပးပို႔ခ်ိန္အထိလည္း ျပတ္ေတာက္ေနဆဲျဖစ္သည္။
ၾသဂုတ္လ ၂၁ ရက္ (မနက္ျဖန္) မွစတင္၍ စၿပီး ဖားကန႔္လုံးခင္းရတနာေျမအတြင္း မိုဘိုင္းေဒတာႏွင့္ အင္တာနက္ဝိုင္ဖိုင္မ်ားအားလုံးကို ျဖတ္ေတာက္သြားမွာျဖစ္ေၾကာင္းလည္း ကခ်င္ဆက္သြယ္ေရးသတင္းရင္းျမစ္မ်ားအရ သိရသည္။
သတင္းအေျခအေနကို ဆက္လက္စုံစမ္းေနဆဲျဖစ္ၿပီး ဆက္လက္ေဖာ္ျပေပးသြားမည္။