ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် တကယ်ချစ်မိသူမှာ မျက်ရည်တွေမကင်းပါဘူး …
ယောက်ျားလေးနဲ့မိန်းကလေး ဘယ်သူပိုချစ်တတ်သလဲဆိုတဲ့ မေးခွန်းမျိုးက ဖြေဖို့တောင်မလိုပါဘူး .. အချစ်ဆိုတာ ဖိုမသဘာဝနဲ့မဆိုင်နဲ့ ချစ်တတ်တဲ့ နှလုံးသားနဲ့ပဲ သက်ဆိုင်တာပါ ချစ်တတ်တဲ့ နှလုံးသားသာ ရှိနေမယ်ဆိုရင် ဘဝမှာတစ်ကြိမ်တစ်ခါလောက်တော့ မျက်ရည်တွေ ကျဖူးကြလိမ့်မယ် …
မျက်ရည်လွယ်လိုက်တာတဲ့ .. မျက်ရည်တွေကျစေတဲ့အထိ ချစ်ခဲ့မိတာပါလို့ပြောရင် ပိုတယ်ဖြစ်ဦးမယ် တကယ်ကို ချစ်ခဲ့မိတာ … ကောင်းခြင်းဆိုးခြင်းတွေကို တကယ်မကြည့်ပဲ သူဖြစ်နေလို့ကို ချစ်နေမိတာဆိုတဲ့အထိ ချစ်ဖူးခဲ့တယ်
အချစ်ဆိုတာကလဲခက်တယ် … သိပ်ချစ်မိတဲ့သူကျ ဘယ်တော့မှ သူ့ကို သဲသဲလှုပ်ချစ်မိသူတဲ့ မဆုံရတတ်ဘူး ကိုယ့်ကို ပစ်ထားတဲ့သူ ကိုယ့်အချစ်ကို တန်ဖိုးမထားတဲ့သူကိုမှ ကိုယ်က တမ်းတမ်းစွဲချစ်မိသလိုဖြစ်နေတတ်တာလေ … တစ်ခါတစ်လေဆို ကိုယ့်ကိုမချစ်တဲ့သူကို ချစ်မိနေတဲ့အဖြစ်မျိုးတွေလဲ ရှိပါတယ် …
အချစ်တဲ့ … နှလုံးသားနဲ့နင့်နင့်ကာကာချစ်မိတဲ့သူတိုင်းမှာ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်ပေါ့ မျက်ရည်တွေမကင်းတတ်ကြဘူး ရင်နဲ့ရင်းပြီးချစ်မိပြီဆိုကတည်းက အရာရာကို ရင်ဘတ်နဲ့ရင်းပြီး ခံစားရတာပဲလေ သူ ဂရုမစိုက်တာကအစ သူအလေးမထားတာအဆုံး ကိုယ့်မှာ တစ်စိုက်မတ်မတ်ငေးရင်း နာကျင်ရတာပါပဲ …
ကိုယ်လွမ်းနေတဲ့အခါနဲ့ သူ ပစ်ထားတဲ့အခါ အချိန်ကိုက်ကျသွားတဲ့အခါဆိုရင်တော့ ပိုဆိုးပေါ့…. ကိုယ်က လွမ်းလို့ဖုန်းတွေဆက်ပေမယ့် သူ့အတွက် အနှောင့်အယှက်သက်သက်ပဲလေ .. ဒီအဖြစ်အပျက်တွေကို သိပ်ချစ်တတ်တဲ့ နှလုံးသားတွေက ခံနိုင်ရည်မရှိတတ်ကြဘူး …
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်ပါ တကယ်ချစ်မိတဲ့သူမှာ ဒဏ်ရာဒဏ်ချက်တွေမကင်းတတ်ကြသလို မျက်ရည်တွေလဲ မကင်းကြဘူး …
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ
ေယာက္်ားေလးပဲ ျဖစ္ျဖစ္ မိန္းကေလးပဲ ျဖစ္ျဖစ္ တကယ္ခ်စ္မိသူမွာ မ်က္ရည္ေတြမကင္းပါဘူး …
ေယာက္်ားေလးနဲ႕မိန္းကေလး ဘယ္သူပိုခ်စ္တတ္သလဲဆိုတဲ့ ေမးခြန္းမ်ိဳးက ေျဖဖို့ေတာင္မလုိပါဘူး .. အခ်စ္ဆိုတာ ဖိုမသဘာ၀နဲ႕မဆိုင္နဲ႕ ခ်စ္တတ္တဲ့ ႏွလံုးသားနဲ႕ပဲ သက္ဆိုင္တာပါ ခ်စ္တတ္တဲ့ ႏွလံုးသားသာ ရွိေနမယ္ဆိုရင္ ဘ၀မွာတစ္ၾကိမ္တစ္ခါေလာက္ေတာ့ မ်က္ရည္ေတြ က်ဖူးၾကလိမ့္မယ္ …
မ်က္ရည္လြယ္လုိက္တာတဲ့ .. မ်က္ရည္ေတြက်ေစတဲ့အထိ ခ်စ္ခဲ့မိတာပါလုိ ့ေျပာရင္ ပိုတယ္ျဖစ္ဦးမယ္ တကယ္ကို ခ်စ္ခဲ့မိတာ … ေကာင္းျခင္းဆိုးျခင္းေတြကို တကယ္မၾကည့္ပဲ သူျဖစ္ေနလုိ့ကို ခ်စ္ေနမိတာဆိုတဲ့အထိ ခ်စ္ဖူးခဲ့တယ္
အခ်စ္ဆိုတာကလဲခက္တယ္ … သိပ္ခ်စ္မိတဲ့သူက် ဘယ္ေတာ့မွ သူ့ကို သဲသဲလႈပ္ခ်စ္မိသူတဲ့ မဆံုရတတ္ဘူး ကိုယ့္ကို ပစ္ထားတဲ့သူ ကိုယ့္အခ်စ္ကို တန္ဖိုးမထားတဲ့သူကိုမွ ကိုယ္က တမ္းတမ္းစြဲခ်စ္မိသလုိျဖစ္ေနတတ္တာေလ … တစ္ခါတစ္ေလဆို ကုိယ့္ကိုမခ်စ္တဲ့သူကို ခ်စ္မိေနတဲ့အျဖစ္မ်ိဳးေတြလဲ ရွိပါတယ္ …
အခ်စ္တဲ့ … နွလံုးသားနဲ႕နင့္နင့္ကာကာခ်စ္မိတဲ့သူတုိင္းမွာ ေယာက္်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ေပါ့ မ်က္ရည္ေတြမကင္းတတ္ၾကဘူး ရင္နဲ႕ရင္းျပီးခ်စ္မိျပီဆိုကတည္းက အရာရာကို ရင္ဘတ္နဲ႕ရင္းျပီး ခံစားရတာပဲေလ သူ ဂရုမစိုက္တာကအစ သူအေလးမထားတာအဆံုး ကိုယ့္မွာ တစ္စိုက္မတ္မတ္ေငးရင္း နာက်င္ရတာပါပဲ …
ကိုယ္လြမ္းေနတဲ့အခါနဲ႕ သူ ပစ္ထားတဲ့အခါ အခ်ိန္ကိုက္က်သြားတဲ့အခါဆိုရင္ေတာ့ ပုိဆိုးေပါ ့…. ကိုယ္က လြမ္းလုိ့ဖုန္းေတြဆက္ေပမယ့္ သူ့အတြက္ အေႏွာင့္အယွက္သက္သက္ပဲေလ .. ဒီအျဖစ္အပ်က္ေတြကို သိပ္ခ်စ္တတ္တဲ့ နွလံုးသားေတြက ခံနုိင္ရည္မရွိတတ္ၾကဘူး …
ေယာက္်ားေလးပဲျဖစ္ျဖစ္ မိန္္းကေလးပဲျဖစ္ျဖစ္ပါ တကယ္ခ်စ္မိတဲ့သူမွာ ဒဏ္ရာဒဏ္ခ်က္ေတြမကင္းတတ္ၾကသလို မ်က္ရည္ေတြလဲ မကင္းၾကဘူး …