အခ်စ္ေရး

ခွင့်လွှတ်ပေးရတာတွေ နားလည်ပေးရတာတွေကြားမှာ ပင်ပန်းနေပါပြီ …

အမှားတွေရှိလာတဲ့အခါ လူတိုင်းအမှားနဲ့တော့မကင်းနိုင်ပါဘူးလေဆိုတဲ့ အတွေးနဲ့ ကျွန်မ ခွင့်လွှတ်ပေးခဲ့ဖူးတယ် အဲ့ဒီခွင့်လွတ်ခြင်းတွေအနောက်မှာ နောက်တစ်ကြိမ်တော့ထပ်ပြီး မမှားလောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက်လေးတွေလဲ ထားခဲ့ဖူးတယ်ပေါ့ …

မတူညီတဲ့အမှားတွေကို ခွင့်လွှတ်ပေးရတာဟာ သိပ်တော့မပင်ပန်းပါဘူး ဒါပေမယ့် တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါပြုလုပ်နေတာကျတော့ ကိုယ့်အတွက် ပိုပြီးခံရခက်စေတယ် .. ဂရုစိုက်စရာမလိုတာလား မကြိုက်ဘူးဆိုတဲ့အရာကိုမှ ဘာကြောင့်ထပ်ခါခါလုပ်ချင်ရတာလဲပေါ့ …

နားလည်ပေးပါတဲ့ အမြဲတမ်း ဒီစကားလေးကိုသုံးတယ် ဒါပေမယ့် ဘာကြောင့်နားလည်ပေးနေတာလဲဆိုတဲ့ စိတ်ကိုကျတော့ မမြင်ကြဘူးလေ …ရှင်းရှင်းပြောရရင် သူတို့ကိုပဲ နားလည်ပေးစေချင်ကြတာ ကိုယ့်ကို နားလည်ဖို့ကျ ဘယ်တော့မှ မတွေးကြဘူးလေ …

အရင်ကကျတော့ တစ်နေ့ကျရင် ကိုယ့်ကိုလဲနားလည်ပေးမှာပါဆိုတဲ့ အတွေးရှိခဲ့ဖူးတယ် ခုတော့ ဝေေ၀ဝါးဝါးလေးတောင် မကျန်တော့ဘူးလေ သူဘယ်တော့မှ နားလည်ပေးလာမှာမဟုတ်မှန်းသိလာလို့ပေါ့ … ဒါဆို ကိုယ်ပေးခဲ့တဲ့နားလည်မှုတွေက ဘာအတွက်လည်း အဖြေရှာကြည့်တယ် အဖြေမတွေ့ရဘူး ….

ကိုယ်တွေ့လာရတာ မြင်လာရတာဆိုလို့သူ့ကို ခွင့်လွှတ်ပေးစေချင်တယ် ဒါပေမယ့် ကိုယ်မှားလို့မရဘူးဆိုတဲ့ အတ္တတွေ သူ့ကို နားလည်ပေးရမယ် သူကတော့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူးဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေပဲ တွေ့လာရတယ်

တကယ်ဆို .. ကိုယ်ကချည်း နားလည်ပေးရ ခွင့်လွှတ်ပေးရတဲ့ ရပ်ဝန်းမှာ ကျွန်မနေထိုင်နေရတာ တော်တော်လေးကို ပင်ပန်းလာပါပြီ …

မူရင်းစာရေးသားသူ သျှင်ယွန်းလေးစားစွာဖြင့် အပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

ခွင့်လွှတ်ပေးရတာတွေ နားလည်ပေးရတာတွေကြားမှာ ကျွန်မ ပင်ပန်းနေပါပြီ …

အမှားတွေရှိလာတဲ့အခါ လူတိုင်းအမှားနဲ့တော့မကင်းနိုင်ပါဘူးလေဆိုတဲ့ အတွေးနဲ့ ကျွန်မ ခွင့်လွှတ်ပေးခဲ့ဖူးတယ် အဲ့ဒီခွင့်လွတ်ခြင်းတွေအနောက်မှာ နောက်တစ်ကြိမ်တော့ထပ်ပြီး မမှားလောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက်လေးတွေလဲ ထားခဲ့ဖူးတယ်ပေါ့ …

မတူညီတဲ့အမှားတွေကို ခွင့်လွှတ်ပေးရတာဟာ သိပ်တော့မပင်ပန်းပါဘူး ဒါပေမယ့် တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါပြုလုပ်နေတာကျတော့ ကိုယ့်အတွက် ပိုပြီးခံရခက်စေတယ် .. ဂရုစိုက်စရာမလိုတာလား မကြိုက်ဘူးဆိုတဲ့အရာကိုမှ ဘာကြောင့်ထပ်ခါခါလုပ်ချင်ရတာလဲပေါ့ …

နားလည်ပေးပါတဲ့ အမြဲတမ်း ဒီစကားလေးကိုသုံးတယ် ဒါပေမယ့် ဘာကြောင့်နားလည်ပေးနေတာလဲဆိုတဲ့ စိတ်ကိုကျတော့ မမြင်ကြဘူးလေ …ရှင်းရှင်းပြောရရင် သူတို့ကိုပဲ နားလည်ပေးစေချင်ကြတာ ကိုယ့်ကို နားလည်ဖို့ကျ ဘယ်တော့မှ မတွေးကြဘူးလေ …


ကိုယ်တွေ့လာရတာ မြင်လာရတာဆိုလို့သူ့ကို ခွင့်လွှတ်ပေးစေချင်တယ် ဒါပေမယ့် ကိုယ်မှားလို့မရဘူးဆိုတဲ့ အတ္တတွေ သူ့ကို နားလည်ပေးရမယ် သူကတော့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူးဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေပဲ တွေ့လာရတယ်

တကယ်ဆို .. ကိုယ်ကချည်း နားလည်ပေးရ ခွင့်လွှတ်ပေးရတဲ့ ရပ်၀န်းမှာ ကျွန်မနေထိုင်နေရတာ တော်တော်လေးကို ပင်ပန်းလာပါပြီ …