ၾကားသိရသမွ်

ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ သတ္ထုသိုက်တွေပေါ်ပါ ဖင်ခုထိုင်နိုင်ခဲ့တဲ့ တာလီဘန်များ

ေဒၚလာ ၁ ထရီလီယံတန္ဖိုးရွိတဲ့ သတၳဳသိုက္ေတြေပၚပါ ဖင္ခုထိုင္နိုင္ခဲ့တဲ့ တာလီဘန္မ်ား

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

အာဖဂန္ကို အလုံးစုံထိန္းခ်ဳပ္နိုင္ခဲ့တဲ့ တာလီဘန္ေတြဟာ ထရီလီယံနဲ႕ခ်ီကာ တန္ဖိုးရွိတဲ့ သတၳဳတြင္းေတြကိုပါ သူတို႔လက္ထဲ ဆုပ္ကိုင္ထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ခန႔္မွန္းတန္ဖိုး ေဒၚလာ တစ္ထရီလီယံအထိရွိမယ္လို႔ ယုံၾကည္ရတဲ့ မတူးေဖာ္ရေသးတဲ့ သတၳဳတြင္းအမ်ားအျပားက အာဖဂန္မွာရွိေနတာျဖစ္ၿပီး တာလီဘန္တို႔အတြက္ေတာ့ ရတနာသိုက္ႀကီးတစ္ခုျဖစ္လာခဲ့ပါတယ္။…

ဒါေပမယ့္လည္း ကြၽမ္းက်င္သူေတြကေတာ့ နိုင္ငံေရးအေျခအေနတည္ၿငိမ္ၿပီး ဥပေဒအရလည္း အတည္ တက်ျဖစ္မွသာ တူးေဖာ္နိုင္မွာျဖစ္လို႔ လက္ရွိမွာေတာ့ ဒီသတၳဳတြင္းေတြကို စီမံခန႔္ခြဲဖို႔က မလြယ္ကူလွဘူးလို႔ သုံးသပ္ေနၾကပါတယ္။AFP သတင္းဌာနကေတာ့ အာဖဂန္ကို ေငြေၾကးေထာက္ပံေပးေနတဲ့ အဓိကအဖြဲ႕အစည္းေတြဟာ တာလီဘန္တို႔ အာဏာရခဲ့ၿပီးေနာက္ ကူညီေပးေနမႈေတြကို ရပ္ဆိုင္းလိုက္လို႔ တာလီဘန္တို႔ အခက္ေတြ႕ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။…

US Geological Survey (USGS) ရဲ႕ အစီရင္ခံစာေတြအရဆိုရင္ အာဖဂန္မွာ ဓာတ္သတၳဳအရင္းအျမစ္ေတြအျဖစ္ ေၾကးနီ၊ သံရိုင္း၊ လစ္သီယမ္နဲ႕ ရွားပါးေျမေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။ ဒီႏွစ္မွာဆိုရင္ ေၾကးနီတစ္တန္ရဲ႕ တန္ဖိုးဟာ ေဒၚလာတစ္ေသာင္းအထိ ေစ်းကြက္ေပါက္ေစ်းရွိေနၿပီး လွ်ပ္စစ္ဓာတ္အားႀကိဳးေတြျပဳလုပ္ရာမွာ အဓိကပါဝင္ပစၥည္းအျဖစ္ အသုံးျပဳေနရတာျဖစ္ပါတယ္။…

လစ္သီယမ္ကလည္း ကားဘတၳရီ၊ ဆိုလာျပား၊ ေလ တိုက္စိုက္ခင္းေတြျပဳလုပ္ရာမွာ အေရးပါတဲ့ အစိတ္အ ပိုင္းတစ္ခုအျဖစ္ ရွိေနပါတယ္။ နိုင္ငံတကာစြမ္းအင္ေအ၈်င္စီရဲ႕ ခန႔္မွန္းခ်က္အရ လစ္သီယမ္အတြက္ ကမာၻ႔ဝယ္လိုအားဟာ ၂၀၂၄၀ ျပည့္ႏွစ္မွာ အဆေပါင္း၄၀ အထိ ျမင့္မားလာမယ္လို႔ သိရၿပီး ျပန္လည္ျပည့္ၿဖိဳးၿမဲအရင္းအျမစ္ေတြ လိုအပ္မႈအတြက္ အေရးပါတဲ့အရာလည္းျဖစ္ပါတယ္။….

သန႔္ရွင္းစြမ္းအင္က႑မွာ အေရးပါတဲ့ ရွားပါးေျမေတြ တည္ရွိေနၿပီး Neodymium, praseodymium နဲ႕ dysprosium တို႔ ပါဝင္တဲ့ ေျမအမ်ိဳးအစားျဖစ္ပါတယ္။အလွကုန္ပစၥည္းေတြမွာ အသုံးျပဳေလ့ရွိတဲ့ talc ၊ စက်င္ေက်ာက္၊ မီးေသြး၊ သံတို႔လို သတၳဳေတြရွိရာေနရာလည္း ႂကြယ္ဝၿပိး ျမ၊ ပတၱျမားတို႔လို အဖိုးတန္ေက်ာက္မ်က္ရတနာေတြကို ေကာင္းေကာင္းတူးေဖာ္နိုင္တဲ့ ေျမေနရာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။…

တူးေဖာ္ျခင္းမျပဳရေသးတဲ့ သတၳဳေတြရဲ႕ တန္ဖိုးစုစု ေပါင္းဟာ ေဒၚလာတစ္ထရီလီယံရွိမယ္လို႔ USGS က ခန႔္မွန္းထားၿပီး အာဖဂန္အရာရွိေတြကေတာ့ အဲဒီပမာဏထက္ ၃ ဆအထိရွိလိမ့္မယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။…

ဒါေပမယ့္လည္း ျပင္သစ္ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ Pitron က “ဒီအတြက္ဆိုရင္ အရမ္းတည္ၿငိမ္တဲ့နိုင္ငံေရးအေျခအေန၊ တရားဥပေဒစိုးမိုးဖို႔လိုအပ္ပါလိမ့္မယ္၊ အဲဒီလိုအရာေတြမရွိတဲ့နိုင္ငံမွာ ဘယ္ကုမၸဏီကမွ မရင္းႏွီးပါဘူး” လို႔ AFP ကို ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ သတၳဳသိုက္ရွာေဖြျခင္း နဲ႕ တူးေဖာ္ျခင္းလုပ္ငန္းေတြကို စတင္မယ္ဆိုရင္ေတာင္မွ ႏွစ္ေပါင္း ၂၀ ခန႔္ ၾကာျမင့္နိုင္တယ္လို႔ သူက ခန႔္မွန္းထားပါတယ္။….

The River News

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ သတ္ထုသိုက်တွေပေါ်ပါ ဖင်ခုထိုင်နိုင်ခဲ့တဲ့ တာလီဘန်များ

အာဖဂန်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တဲ့ တာလီဘန်တွေဟာ ထရီလီယံနဲ့ချီကာ တန်ဖိုးရှိတဲ့ သတ္ထုတွင်းတွေကိုပါ သူတို့လက်ထဲ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ခန့်မှန်းတန်ဖိုး ဒေါ်လာ တစ်ထရီလီယံအထိရှိမယ်လို့ ယုံကြည်ရတဲ့ မတူးဖော်ရသေးတဲ့ သတ္ထုတွင်းအများအပြားက အာဖဂန်မှာရှိနေတာဖြစ်ပြီး တာလီဘန်တို့အတွက်တော့ ရတနာသိုက်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။…

ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ နိုင်ငံရေးအခြေအနေတည်ငြိမ်ပြီး ဥပဒေအရလည်း အတည် တကျဖြစ်မှသာ တူးဖော်နိုင်မှာဖြစ်လို့ လက်ရှိမှာတော့ ဒီသတ္ထုတွင်းတွေကို စီမံခန့်ခွဲဖို့က မလွယ်ကူလှဘူးလို့ သုံးသပ်နေကြပါတယ်။AFP သတင်းဌာနကတော့ အာဖဂန်ကို ငွေကြေးထောက်ပံပေးနေတဲ့ အဓိကအဖွဲ့အစည်းတွေဟာ တာလီဘန်တို့ အာဏာရခဲ့ပြီးနောက် ကူညီပေးနေမှုတွေကို ရပ်ဆိုင်းလိုက်လို့ တာလီဘန်တို့ အခက်တွေ့နေတယ်လို့ ဖော်ပြခဲ့ပါတယ်။…

US Geological Survey (USGS) ရဲ့ အစီရင်ခံစာတွေအရဆိုရင် အာဖဂန်မှာ ဓာတ်သတ္ထုအရင်းအမြစ်တွေအဖြစ် ကြေးနီ၊ သံရိုင်း၊ လစ်သီယမ်နဲ့ ရှားပါးမြေတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီနှစ်မှာဆိုရင် ကြေးနီတစ်တန်ရဲ့ တန်ဖိုးဟာ ဒေါ်လာတစ်သောင်းအထိ စျေးကွက်ပေါက်စျေးရှိနေပြီး လျှပ်စစ်ဓာတ်အားကြိုးတွေပြုလုပ်ရာမှာ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေရတာဖြစ်ပါတယ်။…

လစ်သီယမ်ကလည်း ကားဘတ္ထရီ၊ ဆိုလာပြား၊ လေ တိုက်စိုက်ခင်းတွေပြုလုပ်ရာမှာ အရေးပါတဲ့ အစိတ်အ ပိုင်းတစ်ခုအဖြစ် ရှိနေပါတယ်။ နိုင်ငံတကာစွမ်းအင်အေ၈ျင်စီရဲ့ ခန့်မှန်းချက်အရ လစ်သီယမ်အတွက် ကမ္ဘာ့ဝယ်လိုအားဟာ ၂၀၂၄၀ ပြည့်နှစ်မှာ အဆပေါင်း၄၀ အထိ မြင့်မားလာမယ်လို့ သိရပြီး ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်တွေ လိုအပ်မှုအတွက် အရေးပါတဲ့အရာလည်းဖြစ်ပါတယ်။….

သန့်ရှင်းစွမ်းအင်ကဏ္ဍမှာ အရေးပါတဲ့ ရှားပါးမြေတွေ တည်ရှိနေပြီး Neodymium, praseodymium နဲ့ dysprosium တို့ ပါဝင်တဲ့ မြေအမျိုးအစားဖြစ်ပါတယ်။အလှကုန်ပစ္စည်းတွေမှာ အသုံးပြုလေ့ရှိတဲ့ talc ၊ စကျင်ကျောက်၊ မီးသွေး၊ သံတို့လို သတ္ထုတွေရှိရာနေရာလည်း ကြွယ်ဝပြိး မြ၊ ပတ္တမြားတို့လို အဖိုးတန်ကျောက်မျက်ရတနာတွေကို ကောင်းကောင်းတူးဖော်နိုင်တဲ့ မြေနေရာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။…

တူးဖော်ခြင်းမပြုရသေးတဲ့ သတ္ထုတွေရဲ့ တန်ဖိုးစုစု ပေါင်းဟာ ဒေါ်လာတစ်ထရီလီယံရှိမယ်လို့ USGS က ခန့်မှန်းထားပြီး အာဖဂန်အရာရှိတွေကတော့ အဲဒီပမာဏထက် ၃ ဆအထိရှိလိမ့်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။…

ဒါပေမယ့်လည်း ပြင်သစ်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Pitron က “ဒီအတွက်ဆိုရင် အရမ်းတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးဖို့လိုအပ်ပါလိမ့်မယ်၊ အဲဒီလိုအရာတွေမရှိတဲ့နိုင်ငံမှာ ဘယ်ကုမ္ပဏီကမှ မရင်းနှီးပါဘူး” လို့ AFP ကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတ္ထုသိုက်ရှာဖွေခြင်း နဲ့ တူးဖော်ခြင်းလုပ်ငန်းတွေကို စတင်မယ်ဆိုရင်တောင်မှ နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်နိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။….

The River News