ၾကားသိရသမွ်

ျပည္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသူမ်ားအား ဆပ္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

ျပည္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသူမ်ားအား ဆပ္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

ျပည္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသူမ်ားအား ဖမ္းဆီး အေရးယူ

ျပည္တန္ဆာ လုပ္ငန္းလုပ္ကိုင္ေနသူမ်ားအား တာဝန္ရွိသူမ်ားမွ ဒီကေန႔ ၾသဂုတ္ ၂၅ ရက္ မနက္ ၁နာရီဝန္းက်င္ အခ်ိန္က ဖမ္းဆီးအေရးယူခဲ့ေၾကာင္းသိရသည္ ။

ေတာင္ငူၿမိဳ႕ ၊ ၂၂ ရပ္ကြက္ ၊ မင္းႀကီးညိဳ ဂါမဏိလမ္းေန ဦးစိုင္းေအာင္ဝင္း( ခ ) ကိုရွမ္း ႏွင့္ ဦးေမေအာင္တို႔၏ ေနအိမ္တြင္ ျပည္တန္ဆာ လုပ္ငန္း လုပ္ကိုင္ေနေၾကာင္း တိုင္တန္းလာေသာေၾကာင့္ ေတာင္ငူခရိုင္မႈခင္းႏွိမ္နင္းေရးတပ္ဖြဲ႕မွ ေခါင္းေဆာင္ကာ သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးခဲ့ၾကတာလည္းျဖစ္သည္ ။

 

ယင္းသို႔ ဖမ္းဆီးရာ ျပည္တန္ဆာ လုပ္ငန္း လာေရာက္လုပ္ကိုင္သူ ေဒသ အသီးသီးမွ အမ်ိဳးသမီး ( ၆ )ဦး ၊ ဧည့္ႀကိဳ အမ်ိဳးသား ( ၂ ) ဦး ႏွင့္ ျပည္တန္ဆာ လုပ္ငန္း လုပ္ကိုင္ရန္ ပါဝင္သည့္ ဆက္စပ္ ပစၥည္းမ်ားအား သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျပည္တန္ဆာ လုပ္ငန္းအား အႀကိမ္ႀကိမ္တိုင္တန္းခံေနရျခင္းျဖစ္ၿပီး ပိုင္ရွင္ ၂ ဦး ၊ ဧည့္ႀကိဳ ( ၂ ) ဦး ၊ ျပည္တန္ဆာအျဖစ္ လုပ္ကိုင္ေနသူ ( ၆ ) ဦး ႏွင့္ ပတ္သက္ ဆက္စပ္ ပစၥည္းအားလုံးကို ဖမ္းဆီး သိမ္းဆည္းခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ ျဖစ္စဥ္ ႏွင့္ ပတ္သက္ၿပီး ျပည္တန္ဆာ လုပ္ငန္း လုပ္ကိုင္ေနသူမ်ားအား ေတာင္ငူၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္ ။

ေနလင္းေအာင္(ေတာင္ငူ)

Credit to AlinnMyay(အလင္းေျမ)

Unicode

ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဆပ်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီး အရေးယူ

ပြည်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသူများအား တာဝန်ရှိသူများမှ ဒီကနေ့ သြဂုတ် ၂၅ ရက် မနက် ၁နာရီဝန်းကျင် အချိန်က ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည် ။

တောင်ငူမြို့ ၊ ၂၂ ရပ်ကွက် ၊ မင်းကြီးညို ဂါမဏိလမ်းနေ ဦးစိုင်းအောင်ဝင်း( ခ ) ကိုရှမ်း နှင့် ဦးမေအောင်တို့၏ နေအိမ်တွင် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း တိုင်တန်းလာသောကြောင့် တောင်ငူခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ ခေါင်းဆောင်ကာ သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ကြတာလည်းဖြစ်သည် ။

ယင်းသို့ ဖမ်းဆီးရာ ပြည်တန်ဆာ လုပ်ငန်း လာရောက်လုပ်ကိုင်သူ ဒေသ အသီးသီးမှ အမျိုးသမီး ( ၆ )ဦး ၊ ဧည့်ကြို အမျိုးသား ( ၂ ) ဦး နှင့် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် ပါဝင်သည့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်တန်ဆာ လုပ်ငန်းအား အကြိမ်ကြိမ်တိုင်တန်းခံနေရခြင်းဖြစ်ပြီး ပိုင်ရှင် ၂ ဦး ၊ ဧည့်ကြို ( ၂ ) ဦး ၊ ပြည်တန်ဆာအဖြစ် လုပ်ကိုင်နေသူ ( ၆ ) ဦး နှင့် ပတ်သက် ဆက်စပ် ပစ္စည်းအားလုံးကို ဖမ်းဆီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသူများအား တောင်ငူမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည် ။

နေလင်းအောင်(တောင်ငူ)

Credit to AlinnMyay(အလင်းမြေ)